
(ကမ္ဘာဦးကျမ်း ၁:၁ ၊ ယော ၁:၁ ၊ ကမ္ဘာဦးကျမ်း ၁:၂၇)
အစဦး၌ဘာမျှမရှိ သို့သော် ထာဝရဘုရားရှိတော်မူ၏။ တစ်ဆူတည်းသော ၊ မှန်သော ၊ အသက်ရှင်သော ဘုရားဖြစ်သည်။ ထိုဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကိုဖန်းဆင်းတော်မူ၏။ ကျွန်ုပ်တို့မြင်နိုင်သောအရာ ၊ မမြင်နိုင်သောအရာရှိသမျှကို ဖန်ဆင်းတော်မူခဲ့သည်။ လူသားမျိုးနွယ်၏ပထမဦးဆုံး လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းခဲ့သည်။ ဖန်ဆင်းတော်မူခဲ့သမျှ သော အရာတို့သည် ကောင်း၍ပြည့်စုံခဲ့သည်။
(ကမ္ဘာဦးကျမ်း ၁:၈–၁၄)
လူယောက်ျားနှင့်လူမိန်းမ နှစ်ဦးသည် “ဧဒင်” ဟူသော ပြည့်စုံကောင်းမွန်သော ဥယျာဉ်၌နေထိုင်ခဲ့သည်။ ထာဝရဘုရားနှင့် ထိုသူ နှစ်ဦးတို့၌ ရင်းနှီးနွေးထွေးသော အကျွမ်းဝင်မိသဟာရရှိခဲ့သည်။
(ကမ္ဘာဦးကျမ်း ၃:၁–၇)
သို့သော် ထိုသူနှစ်ဦးတို့သည် ထာဝရဘုရားစကားကို မနာခံ ၊ ငြင်းပယ်၍ဂုဏ်သရေကို ညိုးနွမ်းစေခဲ့သည်။ ဤအရာမှာ “အပြစ်” ဖြစ်သည်။
(ကမ္ဘာဦးကျမ်း ၃:၂၃)
ထို “အပြစ်” သည်သူတို့အား ဘုရားနှင့်ဝေးကွာအဆက်ပြတ်စေပြီး ၊ ကောင်းမြတ်စုံလင်သော ဥယျာဉ်မှ နှင်ထုတ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ဤလောက ကမ္ဘာမြေပေါ် သို့ရှက်ကြောက်ခြင်း ၊ ဒုက္ခဆင်းရဲနှင့် သေခြင်း ဝင်ရောက်လာခဲ့သည်။
(ရောမ ၁:၁၈–၃၂ ၊ ဆာလံ ၅၁:၄ ၊ ရောမ ၃:၄ ၊ ရောမ ၃:၁၀–၂၀ ၊ ရောမ ၃:၂၃)
ယနေ့ မျက်မှောက် ကျွန်ုပ်တို့နေထိုင်သည့် ကမ္ဘာကြီးသည် မကောင်းမူများနှင့်ပြည့်လျက်ကျိုးပဲ့ကြေကွဲနေသည်။ အပြစ်နှင့် ဒုက္ခဆင်းရဲများမှ လွတ်မြောက်ဖို့ရာ “နည်းလမ်း”များ ကျွန်ုပ်တို့ရှာဖွေကြသည်။ သို့သော်တစ်ခုမျှ အလုပ်မဖြစ်ပါ။ ကျွန်ုပ်တို့၏ “အကုသိုလ်အပြစ်” တွေအတွက် အပြစ်ဒဏ်ကတော့ သေခြင်း ၊ ထာဝရဘုရားသခင်နှင့် ထာဝရအဆက်ပြတ် ဝေးကွာခြင်း ဘဲဖြစ်ပါတယ်။ ဤပြဿနာကို ဖြေရှင်းဖို့ရာ ကျွန်ုပ်တို့ ကိုယ်တိုင် ကြိုးစားလုပ်ဆောင်၍မရပေ။
သို့သော်လည်း “မြော်လင့်ခြင်း” ရှိပါ၏။ (ယော ၃:၁၆ ၊ ၁ ယော ၃:၅)
သခင်ဘုရား၌ “အကြံအစည်” ရှိပါတယ်။ (၁ ပေ၂:၂၄)
ဖန်ဆင်းရှင်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်မေတ္တာထား လျက်ရှိပါတယ်။ တပါးတည်းသောသားတော် ယေရှုခရစ်ကို ဤလောက သို့စေလွတ်လျက် ကျွန်ုပါတို့ကို ကယ်တင်တော်မူပါတယ်။ (၂ ကော ၅:၁၉)
သခင်ယေရှုထံ၌ သဘာဝ ၊ ဖျားနာခြင်း ၊ နတ်ဆိုး ၊ သေခြင်း တို့ကိုကျော်လွန်သာလွန်သော တန်ခိုးရှိ၏။ သခင်ယေရှုသည် မည်သည့်အပြစ် ဒုစရိုက်ကိုမျှမပြုဘဲ ၊ ပြည့်စုံ ၊ စုံလင်သောအသက်တာဖြင့် လောကတွင် အသက်ရှင်ခဲ့သည်။ (၁ ပေ ၁:၁၉)
(၁ ကော ၁၅:၃–၄ ၊ လုကာ ၂၄:၄၆–၄၇)
သခင်ယေရှုလောက၌ အသက်ရှင်ခဲ့အခါက လူအများက နောက်တော်သို့လိုက်ကြသည်။ ဤအကြောင်းကြောင့် ထိုအချိန်ကာလ ၌ရှိသော ဘာသာရေးခေါင်းဆောင်များက မနာလိုမုန်းတီးကာ သခင်ယေရှုကို ကားတိုင်၌တင်သတ်ခဲ့ကြသည်။ သေသွားပြီးနောက် သခင်ယေရှုကို ဂူတစ်ခုတွင် မြုပ်နှံခဲ့ကြသည်။ သုံးရက်မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်လျက် ဒုက္ခဆင်းရဲနှင့် သေခြင်း ကိုနောက်တဖန် မခံရတော့ပေ။ ဤအမူအရာမှာလည်း သခင်ဘုရား၏ “အကြံအစည်” ပင်ဖြစ်သည်။
သခင်ယေရှု ကောင်းကင်ပြန်လည်မတက်ကြွသွားခင် လူသက်သေ ငါးရာကျော်အား အထင်အရှားပြခဲ့သည်။ နောက်တော်လိုက် တပည့်တော်များနှင့် အတူထိုင်လျက်စားသောက်ခဲ့သည်။ အဘယ်ကြောင့် “အသေခံ” ခဲ့သည်ကိုလည်း ပြောပြခဲ့သည်။ “အပြစ်” ကြောင့် လူသားတွေအားလုံးဟာ ငရဲသို့ထာဝရသွားဖို့ရန် ထိုက်တန်သည်။ သို့သော်ယေရှုခရစ်၏ ကားတိုင်၌အသေခံခြင်းသည် ကျွန်ုပ်တို့ အပြစ်ဒုစရိုက်အတွက် ပေးချေရမည့် “အခ”ကို ချေလျက် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေသည်။
(၁ ပေ ၁:၈ ၊ ဧဖက် ၂:၈–၉)
တနေ့တွင် ယေရှုသည် လူသားအားလုံးကိုစီရင် ခြင်းငှါပြန်လည် ကြွလာဦးမည်ဖြစ်သည်။ ယေရှုကိုငြင်းပယ် ၊ မကိုးစားသော သူများမှာ လွတ်ခြင်းမရှိဘဲငရဲ၌ထာဝရ ဒုက္ခကိုခံစားရမည်။ ယုံကြည် ၊ ကိုးစားသူများကတော့ သခင်ဘုရားနှင့်အတူ ဒုက္ခဆင်းရဲ မရှိ ၊ ရှက်ကြောက်ခြင်းမရှိ ၊ အပြစ်မရှိ ၊ သေခြင်းမရှိသေနေရာ၌ ထာဝရနေရမည်ဖြစ်သည်။ ထိုနေရာသည် “ထာဝရပျော်ရွင် ချမ်းမြေ့သော” အရပ်ဖြစ်သည်။
(ယောဟန် ၃:၁၅)
ယခုသင်ဆုံးဖြတ်ချက် ချဖို့ရန်ဖြစ်သည်။ ဘုရားသခင်သင့်ကို ချစ်တော်မူတယ်။ သူ့ထံသို့လှည့်ပြန်လာစေချင်ပါတယ်။ သင် နောင်တရလျက် သင့်အတွက် သခင်ယေရှုကားတိုင်ပေါ်မှာ သင့်အပြစ်အတွက် အသေခံပြီး ၊ သေခြင်းမှရှင်ပြန်ထမြောက်တော်မူ သည်ကိုယုံကြည်လျင် ကယ်တင်ခြင်းကို ခံရပါလိမ့်မည်။
(ယောဟန် ၁:၁၂)
သင့်ကိုအပြစ်နှင့်ကင်းစေလျက် ထာဝရဘုရား၏မိသားစုထဲသို့ ခေါ်ဆောင်ပါလိမ့်မယ်။