ကောင်းမြတ်သောအကြံအစည်
“ဘုရားသခင်ရဲ့အကြံအစည်ဟာကောင်းမြတ်ပါတယ်”လို့ ကျွန်ုပ်တို့တတွေ အကြိမ်ကြိမ်ရေရွတ်ဖူးမှာပါ။ အခုအချိန်ထိလည်း ရေရွတ်နေဆဲဖြစ်မှာပါ။ ဘုရားရဲ့အကြံအစည်ကကောင်းတယ်ဆိုသော်လည်း တခါတရံကျွန်ုပ်တို့တတွေ ဆုတောင်းကြတဲ့အခါမှာ ကိုယ်လိုချင်တဲ့အရာ၊ ဖြစ်ချင်တဲ့အရာကို ဖြည့်ဆည်းပေးဖို့သာ တောင်းလျှောက်တတ်ကြသည်မဟုတ်လား။ ထိုသို့တောင်းလျှောက်ခြင်းက မှားလားဆိုတော့ မမှားပါဘူး။ မှန်လားဆိုတော့လည်း အပြည့်အဝတော့ မဟုတ်ပြန်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားရဲ့အကြံအစည်က ကောင်းမြတ်သောကြောင့်ပင်။ ကောင်းမြတ်သောအကြံအစည်ဖြစ်သောကြောင့် မစုံလင်တဲ့ကျွန်ုပ်တို့ရဲ့သွေးသားဆန္ဒဖြင့်တောင်းလျှောက်သမျှသောအရာတွေဟာ ဘယ်လိုမှမယှဉ်သာပါဘူး။ ကိုယ့်အတွက်တော့ ကောင်းတယ်ထင်ရပေမယ့် ကျွန်ုပ်တို့ရဲ့အစမှအဆုံးကိုသိနေတဲ့သခင်ရဲ့ရှေ့မှာတော့ ကောင်းချင်မှကောင်းပါလိမ့်မယ်။ သခင် မနှစ်သက်၊… Read More »ကောင်းမြတ်သောအကြံအစည်