Skip to content

ဝိညာဉ်ရေးရာ စာစုတိုများ

အသက်ကိုအသက်ထက်ပို၍

တလောကရုပ်ရှင်တစ်ခုရဲ့နာမည်ကိုတော်တော်သဘောခွေ့သွားတယ်.. ကြည့်သာ မကြည့်တယ်နာမည်ကတော့ ဆင်ခြင်စရာလေးပေါ့… ကျွန်တော်တို့အသက်တာမှာ သတိမမူမိတာလေးတစ်ခုရှိတယ်ရှင်မသဲ ၁၀:၃၉မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။ ကိုယ့်ရဲ့အသက်အတွက်ရှာနေရင် အရှုံးဘဲရှိတယ်ခရစ်တော်ကြောင့် အသက်ရှုံးတဲ့သူကတော့ အသက်ကိုတွေ့လိမ့်မယ်..ခရစ်ယာန်တစ်ယောက်ဖြစ်နေရုံနဲ့တော့ ဘာမှမထူးခြားဘူး…ခရစ်တော်၌ရှင်နေရင်တော့ထူးခြားတယ်. ရှင်မသဲ ၁၆:၂၅အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို… Read More »အသက်ကိုအသက်ထက်ပို၍

ခပ်သိမ်းသောအမှုတို့ကို

Interview ပဲဖြစ်ဖြစ် စာမေးပွဲပဲဖြစ်ဖြစ် တစ်ခုခုဆို ကျွန်တော်တို့ကြွေးကျော်လိုက်တာက “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောယေရှုခရစ်တော်အားဖြင့်ခပ်သိမ်းသောအမှုတို့ကိုငါတတ်စွမ်းနိုင်သည်” ပေါ့…. အဲဒီ “ငါ” ကဘယ်လောက်ဆိုးလဲဆိုရင် ကိုယ်လုပ်ချင်တာကိုပဲ တတ်စွမ်းနိုင်နေတယ် ခွန်အားရဲ့အရင်းအမြစ်ဖြစ်တဲ့ သခင်ေယရှု က ခပ်သိမ်းသောအမှုအတွက် ခွန်အားနှင့် ကျွန်ုပ်တို့ကိုပြည့်စုံစေတာ… “အခြေအနေတစ်ခုအတွက်” မဟုတ်ပါဘူး .. “အခြေအနေတိုင်းအတွက်”ပါ.. ဥပမာတစ်ခုအားဖြင့်ဆိုရမယ်ဆိုရင်…လူတစ်ဦးတစ်ယောက်က ကိုယ့်ကိုနာကျင်အောင်လုပ်တယ်.. ကိုယ့်ဘက်ကခွင့်မလွတ်နိုင်ဘူးဖြစ်နေတယ်…ပြောရမယ်ဆိုရင်..မတတ်စွမ်းနိုင်တဲ့အခြေအနေတစ်ခုပေါ့..ဒီမတတ်စွမ်းနိုင်တဲ့အရာမှာ ကျတော့ “ဘုရားအလိုရှိတဲ့ ခွင့်လွတ်ခြင်းမင်္ဂလာ” ကိုခွန်အားနဲ့ပြည့်စုံစေတဲ့ သခင်ယေရှုအားဖြင့်… Read More »ခပ်သိမ်းသောအမှုတို့ကို

ဗေရိမြို့သားများကဲ့သို့

တမန်တော် ၁၇း၁၁ ဘုရားရှေ့ ထူးမြတ်တယ်ဆိုတာက ဒီကျမ်းပိုဒ်မှာ ဗေရိမြို့သားတွေဟာ သက်သာလောနိတ် မြို့သားတွေထက် ထူးမြတ်တယ်လို့ ပြောထားတယ်။ ဘာတွေထူးမြတ်နေလို့လဲ။ “အလွန်ကြည်ညိုသော” ဆိုတာက နှုတ်ကပတ်တော်အပေါ်မှာ ထားရှိတဲ့ သူတို့ရဲ့ “လေးစားတန်ဖိုးထားမှု” ကို တွေ့နိုင်တယ်။ “စေတနာစိတ်” ဆိုတာက နှုတ်ကပတ်တော်အပေါ် ထားရှိတဲ့ သူတို့ရဲ့ “လိုချင်သော … ဆန္ဒကြီးသော … စာငတ်‌သော သဘော”… Read More »ဗေရိမြို့သားများကဲ့သို့

ပျင်းရိခြင်းက အပြစ်တစ်မျိုးလေလား

အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊ ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။ သုတ္တံကျမ်း။ 6:9‭-‬11 BJB ငပျင်း ဆိုတာ နာမည်ကသာ ကြားမကောင်းတာ ဇိမ်တော့ ရှိသားဆိုပြီး အပြောတွေ… Read More »ပျင်းရိခြင်းက အပြစ်တစ်မျိုးလေလား

“ငါတို့” ဆိုတဲ့ ဘုရားများ

“ငါတို့” ဆိုတဲ့ ဘုရားများ သခင့်အလိုတော်ထက် သခင့်တန်ခိုးတော်ကို လိုချင်နေတဲ့ ငါတို့ သခင်အတူပါရှိခြင်းထက် သခင့် ကောင်းကြီးတွေကို လောဘ‌ဇောကပ်နေတဲ့ ငါတို့ သခင့်ထံသစ္စာရှိခြင်းထက် သခင့်ကို ကြွယ်၀ခြင်းဆိုတဲ့ အသပြာနဲ့ လှည့်စားလိုတဲ့ ငါတို့ သခင့်စကားနားထောင်ခြင်းထက် ကိုယ့်စကားကို သခင်နားထောင်ပါစေ ဆိုတဲ့ ငါတို့ သခင်စေရာ နာခံခြင်းထက် ကိုယ်စေရာ သခင် နာခံဖို့ အတ္တကြီးနေကြတဲ့ ငါတို့… Read More »“ငါတို့” ဆိုတဲ့ ဘုရားများ

ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ

ကျမ်းစာနဲ့ပတ်သက်လို့ လူအများစုက ဘုရားတရားနဲ့ပဲ ဆိုင်တယ်လို့ ထင်ကြတယ်။ ကျမ်းစာက ဘာသာရေးကျမ်းသက်သက်ဆိုပြီး ခေါက်ထားတဲ့သူတွေက မနည်းဘူး။ ကျမ်းစာက ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီး ပိုင်သတော်မူတဲ့ ဘုရားသခင်ရဲ့ ကျမ်းစာ (သမ္မာတရား) ဆိုတာကို ဘာမှမထင်ကြဘူး.. ကျမ်းစာက အရာခပ်သိမ်းတို့ရဲ့ အဖြေဖြစ်တယ်ဆိုတာ အရာခပ်သိမ်းကိုယ်၌ သက်သေဖြစ်နေပေမယ့် ယနေ့ ကျွန်တော်တို့ လူသားတွေက သတိမမူတော့ ဂူမမြင်ဆိုလိုပဲ ပညာမဲ့နေကြတယ် …အခုဒီကျမ်းပိုဒ်လေးထဲမှာလည်း… Read More »ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ

မခြားမလပ် ဆုတောင်းပဌနာပြုကြလော့

ဆုတောင်းခြင်းနဲ့ ပက်သက်လို့ အထူးပြောနေစရာ လိုတော့မယ် မထင်ဘူး။ဒါပေမယ့် ဆုတောင်းရမယ်ဆိုတာကိုတော့ အထူးတလည် ပြောချင်ပါတယ်။ ယုံကြည်သူတစ်ယောက် ဆုတောင်းတယ်ဆိုတာက လိုချင်တဲ့ တောင်းဆုတစ်ခုခုကို ဆန္ဒပြုလိုက်တာ မဟုတ်ပါဘူး။ ဆုတောင်းတယ်ဆိုတာ အသက်ရှင်တော်မူ၍ သူ၏သားသမီးများ ဆုတောင်းသံကို နားညောင်းပေးတော်မူသော ဘုရားသခင်နှင့် မိတ်ဿဟာရဖွဲ့ခြင်း ဖြစ်ပေသည်။ တောင်းလျှောက်ရုံသက်သက်မဟုတ်၊ စကားပြောဆိုခြင်း ဖြစ်သည်။ စကားပြောဆိုရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်း၊ အပြစ်ဝန်ချတောင်းပန်ခြင်း နှင့် တောင်းလျှောက်လိုချင်သော… Read More »မခြားမလပ် ဆုတောင်းပဌနာပြုကြလော့

သောက်လေသောက်လေ ငတ်မပြေ

သုတ္တံကျမ်း ၂၇:၂၀ ဒီကျမ်းချက်ထဲမှာ လူတွေရဲ့ စိတ်သဘောဟာ အတော မသတ်နိုင်တဲ့အရာ ဖြစ်တယ်ဆိုတာ ရှင်းလင်းစွာ တွေ့မြင်နိုင်ပါတယ်။ လောကမှာ ရှိရှိသမျှအရာတွေကို ပိုင်ဆိုင်ခွင့်ရှိတယ်ပဲထားဦး။ သောက်လေသောက်လေ ငတ်မပြေဆိုတဲ့အတိုင်း …. ကျေနပ်နိုင်မှာ မဟုတ်ပါဘူး …. မယုံမရှိပါနဲ့ …. တစ်ထောင်ရှိသူက နောက်ထပ် တစ်ထောင်ထပ်လိုချင်ကြတယ် .. တစ်သောင်းရှိသူက နောက်ထပ် တစ်သိန်းလောက်လိုချင်ကြတယ်.. သိန်းရာချီရှိတဲ့သူက သိန်းထောင်ချီ… Read More »သောက်လေသောက်လေ ငတ်မပြေ