Skip to content

ဝိညာဉ်ရေးရာ စာစုတိုများ

အမှန်တကယ် ပြောင်းလဲဖို့

ပြောင်းလဲမှုကို လူတိုင်းလိုချင်သည် ဝတဲ့သူကပိန်ချင် ပိန်တဲ့သူကဝချင်.. “ခန္ဓာ” အခုနေ ဒီဟာ၊ တော်ကြာနေ တစ်မျိုး .. “စိတ်” ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိ၊ ဘာလုပ်မှငြိမ်းချမ်းမလဲ … “ဝိညာဉ်” သိပ္ပံပညာတိုးတက်လာတယ်၊ ခန္ဓာ နဲ့ စိတ်အတွက်မြင့်တင်ပေးမယ့်အရာတွေ ကျေနပ်စေမယ့်အရာတွေကို ဖန်တီးထားပေးတာကလည်း တပုံတခေါင်းကြီးပဲ  … ဒါပေမဲ့ သေချာစဉ်စားကြည့်တော့.. ကျွန်တော်တို့အထဲမှာ .. “မသေချာတဲ့အရာတစ်ခုက သေချာစွာရှိနေတယ်”… Read More »အမှန်တကယ် ပြောင်းလဲဖို့

ဒုက္ခထဲမှ ဝမ်းမြောက်ခြင်း

သုတ္တံကျမ်း ၁၄:၁၀   “စိတ်နှလုံးသည် မိမိဒုက္ခကိုသိ၏။ စိတ်နှလုံးရွှင်လန်းခြင်းအကြောင်းကိုလည်း သူတစ်ပါး မဆိုင်တတ်။” ကိုယ့်ရဲ့အသက်တာမှာ ဖြစ်ပျက်နေသမျှကို ကိုယ် ကိုယ်တိုင်သာအသိဆုံးပါ ဆိုတာမမှားပါဘူး။ ဘဝလောကဓံရဲ့ခါးသီးမှုတွေ၊ နာကျင်မှုတွေ၊ ဒုက္ခတွေဟာ နှလုံးသားထဲမှာရှိနေတာကို ဘယ်သူမှမြင်ပါဘူး .. မြင်ရင်တောင်မှ အတွင်းကျကျမသိနိုင်ဘူး.. ကာယကံရှင်ကိုယ်တိုင်ပဲ ပိုအသိဆုံးပါ။ ဒါပေမဲ့ အဲ့ဒီအရာတွေရဲ့တဖက်မှာ လူမပေးနိုင်တဲ့ရွှင်လန်းမြောက်ခြင်းအကြောင်းကလည်းရှိတယ်… ကျော်လွန်ပြီးမြင်နိုင်ဖို့ရာကတော့… “ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။… Read More »ဒုက္ခထဲမှ ဝမ်းမြောက်ခြင်း

ဆီးတားကြလော့

စာတန်က “ချို”ကြီး နဲ့မဟုတ်ပါဘူးဆိုတဲ့စကားလေးကိုသဘောကျတယ်…“ချို” တော့မပါဘူး။ ဒါပေမဲ့ ဘယ်သူ့ကိုဝါးမျိုရမလဲဆိုတာကိုတော့ လှည့်လည်ချောင်းမြောင်းနေတယ် (၁ပေ ၅:၈)သခင်ခရစ်တော် ကိုစုံစမ်းနှောင့်ယှက်တဲ့အခါ ဘုရားဖြစ်သော်ငြားလည်း တုန့်ပြန်မှုတွေက အံ့သြဖွယ်ပင်။ကျောက်ကို မုန့်အဖြစ်သို့ပြောင်းပြီး စားပါလို့ သွေးဆောင်တဲ့အခါ မုန့်အားဖြင့်သာမဟုတ်ဘဲနဲ့ ဘုရားရဲ့စကား အားဖြင့်  အသက်ကိုမွေးရမယ် ဆိုပြီးတုန့်ပြန်တယ်။ သူကိုယ်တိုင်က သမ္မာတရား .. မုသာရဲ့အဖ စကားက အကြုံးမဝင် အလကား.. The Blessed… Read More »ဆီးတားကြလော့

သွား၍ တပည့်တော်ဖြစ်စေ

“သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။” သခင်ယေရှုခရစ်တော် ရှင်မဿဲခရစ်ဝင် (၁၈ : ၁၉) ယေရှုခရစ်၏နောက်တော်သို့လိုက်ပါတယ်ဆိုတာကို အကောင်းဆုံးပြနိုင်တဲ့သက်သေဟာ ကျွန်တော်တို့ရဲ့အသက်ရှင်မှုပုံစံအားဖြင့်ပဲဖြစ်ပါတယ်။အထူးသဖြင့် အရေးကြီးဆုံးကတော့ ကိုယ်ကျိုးမကြည့်ဘဲ အခြားသူတွေပေါ်မှာ ချစ်ခြင်းမေတ္တာကိုထင်ရှားပြသခြင်းပဲဖြစ်ပါတယ်။ “ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့… Read More »သွား၍ တပည့်တော်ဖြစ်စေ

စည်းကမ်း

“စည်းကမ်း” လို့ဆိုလိုက်တာနဲ့အာဏာရှိသူကချမှတ်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သတ်မှတ်တာပဲဖြစ်ဖြစ် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် စည်းကမ်းဆိုတာ ဘုရားရဲ့လမ်း၌သွားလာတတ်ဖို့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြေခံအားဖြင့်အသက်ရှင်ခြင်းသို့ဦးတည်ပါတယ်။ “ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို​စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ နှစ်​သက်​တော်​မူ​သော​သူ​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏။”‭‭သုတ္တံကျမ်း ၃:၁၁-၁၂ “ဆုံး​မ​ခြင်း​မည်​သည်​ကား၊ ခံ​ရ​စဉ်​အ​ခါ ဝမ်း​မြောက်​စ​ရာ​မ​ထင်၊ ဝမ်း​နည်း​စ​ရာ ထင်​တတ်၏။ သို့​သော်​လည်း၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည်၊ နောက်​မှ ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​အ​ကျိုး​ကို… Read More »စည်းကမ်း

အစွမ်းသတ္တိ

ယုံကြည်သူတိုင်းရဲ့နေ့စဉ်အသက်ရှင်မှုမှာ ”အစွမ်းသတ္တိ”လိုအပ်ပါတယ်။ ဒါကြောင့်သခင်ဘုရားသည်ယုံကြည်သူများအား သူ့အဖို့အသက်ရှင်စေရန် လိုအပ်သော အစွမ်းသတ္တိခွန်အားများပေးခြင်းငှါ ကတိတော်ရှိပါတယ်။ “ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊ သံတမန်အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာကို ဖော်ပြခြင်းငှာ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်းအခွင့် ရှိမည်အကြောင်းကိုလည်းကောင်း၊ ထိုတရားကို ဟောပြောအပ်သည်နှင့်အညီ၊ ရဲရင့်စွာဟော ပြောမည်အကြောင်းကိုလည်းကောင်း၊ ငါ့အဖို့လည်း ဆုတောင်းကြလော့။ ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပတ္ထနာပြုခြင်းအမျိုးမျိုးတို့ဖြင့်… Read More »အစွမ်းသတ္တိ

အတင်းအဖျင်း

“အတင်းပြောခြင်း”ဟာ ဆွဲဆောင်တတ်ပါတယ်။ဒါပေမယ့်ထိုအရာဟာ ရင်းနှီးကျွမ်းဝင်မှုတွေ အသိုင်းအဝန်းတွေထဲမှာ တကယ့်ကိုဖျက်အားကြီးတဲ့ စွမ်းပကားဖြစ်ပါတယ်။ဒါကြောင့် ပါဝင်ပက်သက်မမိစေဖို့ အထူးသတိထားသင့်ပါတယ်။ “ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက်သောသူမရှိလျှင် ရန်ငြိမ်းတတ်၏။”‭‭သုတ္တံကျမ်း ၂၆:၂၀ အတင်းပြောခြင်းဟာ လူနှစ်ဦးကြားကတင်းမာမှုကို ရှည်ကြာစေပါတယ်။ အဲ့ဒီ့အတွက် ကိုယ့်ကိုကိုယ် “လောင်စာ” မဖြစ်စေပါနဲ့။ “လည်၍ စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သစ္စာစောင့်သောသူမူကား၊ ဝှက်ထားတတ်၏။”‭‭သုတ္တံကျမ်း ၁၁:၁၃ အတင်းပြောခြင်းဟာ တစ်ဦးပေါ်တစ်ဦးထားရှိတဲ့ ယုံကြည်မှုကို… Read More »အတင်းအဖျင်း

နှလုံးသားအသံနှင့် ပေးကမ်းပါ

ပေးကမ်းခြင်းကို မပြုချင်သောသူမရှိပါပေးကမ်းခြင်းဟာ မကောင်းသောအမှုလို့မည်သူကမှပညတ်မထားပါသို့သော် ပေးကမ်းခြင်းသည်စစ်မှန်ပါ၏လော?တနည်းဆိုသော် သခင့်အလိုထက် ကိုယ်အလိုရှိသည့်ပေးကမ်းခြင်းမျိုးသင်ပေးနေသလော? ဒါမှမဟုတ် သခင့်ကိုနှစ်သက်စေသည်ထက် ကိုယ်နှစ်သက်သည့်ပေးကမ်းခြင်းမျိုးနှင့် သင်ပေးနေသလော? “သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။-”‭‭ရှင်မဿဲခရစ်ဝင် ‭၆:၃-၄ သခင်ပြောခဲ့တဲ့ဒီစကားလေးကိုဖတ်မိလိုက်တိုင်းမှာ ဆင်ခြင်မိသည့်အရာတခုရှိပါတယ်။ သဘောလည်းအင်မတန်ကျပါတယ်။ ကျွန်တော့်ရဲ့တစ်ဦးတည်းအမြင်၊ သွန်သင်ခြင်းခံရသည်အတိုင်းဆိုရလျင် “ညာဘက်လက်ပြုလိုက်သည်ကို… Read More »နှလုံးသားအသံနှင့် ပေးကမ်းပါ

ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပြီး ပြိုင်ပွဲထဲမှာမရှိ

ခေါင်းစဉ်ကိုယ်၌က ရှင်းပါတယ် … အထူးအထွေ ရှင်းပြပြောဆိုနေစရာ လိုမယ်လို့ မထင်။သမ္မာကျမ်းစာထဲမှာ အမှုတော်ဆောင်ခြင်းကို ပြိုင်ပွဲတစ်ခု သို့မဟုတ် အပြေးပြိုင်ပွဲတစ်ခုပမာ နှိုင်းယှဉ်တင်ပြထားတာမျိုးကို အကြိမ်ကြိမ် တွေ့ရပါတယ်။ ဒီနေရာမှာ သတိထားရ မယ့်အရာကတော့ ကိုယ်ပြေးရမယ့်လမ်းကြောင်းကို သိဖို့လိုတယ် (ဖိလိ ၂း၁၆၊ ၃း၁၄) Philippians 2:16 – သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုး… Read More »ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပြီး ပြိုင်ပွဲထဲမှာမရှိ