Skip to content

ကဗျာ

ယေရှုသခင်

ယေရှုသခင်   အမြင့်ဆုံးမှ အနိမ့်ဆုံးသို့ဘုန်းစည်းစိမ်တွေ ချန်ကာရစ်လို့လူဇာတိကို ခံယူခဲ့တဲ့ သခင်…။ အရာခပ်သိမ်း အစိုးရလျှက်တိတ်တိတ်တဆိတ် ကားတိုင်ထက်သို့နိမ့်ချစွာနဲ့ လျှောက်လှမ်းသွားတဲ့သခင်…။ လူတကာရဲ့သခင်ဖြစ်လည်လူအပေါင်းရဲ့ပြစ်တင်မှုခံဖခမည်းတော့်အလိုတော်ကိုနှိမ့်ချစွာနဲ့ပြည့်စုံစေခဲ့တဲ့ သခင်…။ ဘုရားနဲ့လူကြား ကြွေးကျန်အပြစ်အသက်ကိုနှင်း ပေးဆပ်ခဲ့ကာသခင်သည်သာ လူတိုင်းအတွက်တခုတည်းသော အာမခံ…။ တစ်လောကလုံး စီရင်ပိုင်ခွင့်ရှိနေနှင့်လည်း နောင်တတရားနဲ့သင့်အပြန်လမ်းကို စောင့်နေတာလည်းမေတ္တာပိုင်ရှင် ထိုသခင်ပင်…။ အစိုးရခြင်းအလုံးစုံနဲ့ကောင်းကင်တမန် ဝိုင်းကာရံလို့ဒုတိယမ္ပိ ကြွမည်ဧကန်သခင်ယေရှုကြွတော်မူပါ…။

“ငါတို့” ဆိုတဲ့ ဘုရားများ

“ငါတို့” ဆိုတဲ့ ဘုရားများ သခင့်အလိုတော်ထက် သခင့်တန်ခိုးတော်ကို လိုချင်နေတဲ့ ငါတို့ သခင်အတူပါရှိခြင်းထက် သခင့် ကောင်းကြီးတွေကို လောဘ‌ဇောကပ်နေတဲ့ ငါတို့ သခင့်ထံသစ္စာရှိခြင်းထက် သခင့်ကို ကြွယ်၀ခြင်းဆိုတဲ့ အသပြာနဲ့ လှည့်စားလိုတဲ့ ငါတို့ သခင့်စကားနားထောင်ခြင်းထက် ကိုယ့်စကားကို သခင်နားထောင်ပါစေ ဆိုတဲ့ ငါတို့ သခင်စေရာ နာခံခြင်းထက် ကိုယ်စေရာ သခင် နာခံဖို့ အတ္တကြီးနေကြတဲ့ ငါတို့… Read More »“ငါတို့” ဆိုတဲ့ ဘုရားများ

သခင်ရယ်

“သခင်ရယ်” သခင်ရယ်လူတွေရဲ့ပေါ်တင်ခနဲ့ကွယ်ရာရှုတ်ချငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ဇာတိအတ္တ… သခင်ရယ်လူတွေရဲ့ ‌မြေနိမ့်ရာလှံစိုက်နောက်ကျော ဓားထိုးစာတန်လိုမျိုး… သခင်ရယ်လူတွေရဲ့ မိိမိကိုယ်ဘောင်ခတ်ကျဉ်းမြောင်းမာနထိုးနှက်ဆက်ဆံ… သခင်ရယ်လူတွေရဲ့ လက်ညိုးထိုး ဆဲဆိုတံတွေးခွက်ထဲ‌မျောခဲ့ပေမဲ့… သခင်ရဲ့ကားတိုင်ထက်မှာ သွေးများစက်စက်သက်သေထူခဲ့ဖြူစင်မေတ္တာအနှိုင်းမဲ့ပုံကတော့… ကျွန်ုပ်ကိုရှေ့သို့ဆက်တိုးကိုယ်တော့် အပြုံးနဲ့ထိုလူတွေတွက် ကျွန်ုပ်ကိုသုံးပါကိုယ်တော့် နှလုံးသားနဲ့ ရဲရင့်ဦးမယ်နိုင်ငံတော်အတွက်။ သခင်ခရစ်တော်၌A Word

အမှုတော်မြတ်မှာ

    အမှုတော်မြတ်မှာ   • ပျော်လွန်းလို့တော့ မဟုတ်ဘူးဒါပေမယ့်…ဒါတွေကသူ့အတွက် ဘာနဲ့မှ နှိုင်းမရလို့ …။ • တော်သိလွန်းလို့တော့မဟုတ်ဘူးဒါပေမယ့်…ဒါတွေကသူ့အတွက် မပြောမဖြစ် ဖြစ်နေလို့…။ • စံစားရလို့တော့ မဟုတ်ဘူးဒါပေမယ့်…ဒါတွေကသူ့အတွက် ခံစားရလွန်းလို့…။ • ခွန်အားကြီးလွန်းလို့တော့ မဟုတ်ဘူးဒါပေမယ့်…ဒါတွေကသူ့အတွက် အဓိပ္ပါယ် ရှိလွန်းလို့ …။ • ဒါတွေအားလုံးဟာသူ့ဟာသူ ဖြစ်တည်နေတာမဟုတ်ဘူးဒါပေမယ့်… သူဟာခရစ်တော်၌ ဖြစ်တည်ခွင့်ရှိလို့ဆိုတာ …။… Read More »အမှုတော်မြတ်မှာ