Skip to content

ဝိညာဥ်ရေးရာ

သခင်ဘုရားသည် သင်အဖို့ ရန်သူ သို့မဟုတ် ပြိုင်ဖက်ဖြစ်လာပြီလေ

အရှက်တကွဲဖြစ်ရခြင်းဆိုသည်မှာ သခင်ဘုရားသည် မာနထောင်လွှားသောသူအားနှိမ့်ကျစေသောဖြစ်စဉ်ဖြစ်သည်။ မာနထောင်လွှားခြင်းအား သခင်ဘုရားသည်ရွှံမုန်းပါသည်။ ထိုအရာနှင့်ပက်သက်ပြီး သခင်ဘုရားသည်သူ၏လူတွေအား သည်းညည်းခံမည်မဟုတ်ပါ။ ရှောလမုန်မင်းကြီးက “မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။” ‭‭(သုတ္တံ ၂၉:၂၃) ရှင်ယာကုပ်ကလည်း “ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။” ‭‭(ယာကုပ်‬ ‭၄:၆)… Read More »သခင်ဘုရားသည် သင်အဖို့ ရန်သူ သို့မဟုတ် ပြိုင်ဖက်ဖြစ်လာပြီလေ

ထိုသခင်သည် တိုးပွားခြင်းရှိရမည်၊ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်

“နှိမ့်ချခြင်း”သည် ကိုယ့်အဖို့ငှါ လျောက်ပတ်သော တန်ဖိုးဖြတ်ခြင်းဖြစ်သည်။ထိုသို့ပြုခြင်းသည် သင့်အသက်တာကိုအချိန်တိုင်းနှိမ့်ကျထားစေခြင်းမျိုးမဟုတ်ဘဲ တကယ်တမ်းကျတော့ သင့်ကိုယ်သင်မေ့လျော့ထားခြင်းမျိုးဖြစ်ပါတယ်။နှိမ့်ချခြင်းသည် သင်ဖြစ်သမျှ ပိုင်ဆိုင်သမျှ ဒါမှဟုတ် ဝမ်းမြောက်စရာ ရှိသမျှတို့သည် ဘုရားသခင်ထံမှဖြစ်ကြောင်းကို သဘောပေါက်နားလည်လာခြင်းမှ အစပြုသည်။သင်ရဲ့ ပါရမီ၊ နောက်ခံ၊ စွမ်းရည် နှင့် ရူပကာ တွေဟာဘုရားကသတ်မှတ်ပေးထားခြင်းဖြစ်သည်။ (၁ကော၄:၇)သခင်ဘုရားသည်သာလျင် ချီးမြောက်ခြင်းအားလုံးရဲ့ အရင်းအမြစ်နှင့် အောင်မြင်ခြင်းတိုင်းရဲ့အကြောင်းအရင်းခံဘဲဖြစ်ပါတယ်။အရာရာသင်ပြုသမျှတို့၌ သခင်တပါးတည်းသာဘုန်းကိုခံထိုက်ပါတယ်။ #λόγος #thylogos #theblesseddesk #နှိမ့်ချခြင်း #ချီးမြောက်ခြင်း

ခရစ်တော်၌ရှိသော သင့်အတွက်ခွင့်လွှတ်ခြင်းအား ကိုယ်တိုင်ရယူပါ

1 John 2:12 “I write to you, little children, because your sin are forgiven you for His name’s sake.” “ချစ်သားတို့ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့် ကင်းလွတ်သောကြောင့်” ၁ ယော ၂ : ၁၂… Read More »ခရစ်တော်၌ရှိသော သင့်အတွက်ခွင့်လွှတ်ခြင်းအား ကိုယ်တိုင်ရယူပါ

သင့်ရဲ့ သခင်ဟာ ဘုရားလော၊ ငွေလော။

ငွေကြေး၌လောဘရှိခြင်းသည် အများသောသူတို့ကို ဘုရားဝတ်၌မွှေ့လျော်ခြင်းလမ်းမှ လွဲစေသည်။ သခင်ယေရှုကပြောပါတယ် “အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။” (မဿဲ‬ ၆:၂၄) ပိုက်ဆံမရှာရဘူး အလုပ်မလုပ်ရဘူးလို့ ပြောနေခြင်းမဟုတ်ပါ။ ဒါပေမယ့် သခင့်ကိုအစေခံနေပါလျက် ပိုက်ဆံ၏ကျေးကျွန်မဖြစ်စေချင်ခြင်းသာ။ ငွေရဲ့ကျေးကျွန်ဟာ ငွေကိုချစ်ခြင်းရဲ့ အုပ်စိုးမှုကို ခံနေရသူပါပဲ။… Read More »သင့်ရဲ့ သခင်ဟာ ဘုရားလော၊ ငွေလော။

အကောင်းဆုံးမိတ်ဆွေ ယေရှု

မိတ်ဆွေသူငယ်ချင်းမရှိတဲ့ ဘဝကို အဘယ်သူမျှကျေနပ်ရောင့်ရဲလိမ့်မည်မဟုတ်ပါ။ တစ်ယောက်တည်းသီးခြားနေခြင်းက ဘဝကိုအကောင်းဆုံးဖြတ်သန်းခြင်းလို့မဆိုနိုင်ပါ။ ဒါဆိုဘယ်အရာက စစ်မှန်တဲ့ခင်မင်ရင်းနှီးမှုလဲ? အဲ့ဒါကတော့ ချစ်ခြင်း၊ ကတိပြုခြင်း၊ သစ္စာရှိခြင်း လက္ခဏာတွေရှိတဲ့ ဆက်ဆံမှုမျိုးပဲဖြစ်ပါတယ်။ သင့်ရဲ့ ဘဝခရီးကိုဖြတ်သန်းတဲ့အခါ မိတ်ဆွေသူငယ်ချင်းကောင်းတွေကိုရှာဖွေပါ။ သေချာတာကတော့ ဘုရားသခင်ရဲ့စကားတော်၌အသက်ရှင်တဲ့ မိတ်ဆွေတွေကိုသင်အလိုရှိမှာပါ။ သင့်ကိုအပြစ်သို့သွေးဆောင်သွားမည့်သူတွေနဲ့ သင့်ကိုယ်တိုင်ကိုဝန်းရံစေပြီး အသက်ရှင်မည့် အမှားကိုတော့မလုပ်မိပါစေနှင့်။ သို့သော် ဘုရားဝတ်၌မွှေ့လျော်သည့် မိတ်ဆွေရရှိခဲ့လျင် အပြန်အလှန်အားဖြင့် သင်လည်းကောင်းသောမိတ်ဆွေ အဖြစ်ရှိပေးပါ။ တစ်ကိုယ်ကောင်းမဆန်ဘဲ… Read More »အကောင်းဆုံးမိတ်ဆွေ ယေရှု

ကယ်တင်ခြင်းသည် အပြစ်သားအတွက် ဘုရားပေးသော လက်ဆောင်

ကယ်တင်ခြင်းသည် အပြစ်သားအတွက် ဘုရားပေးသော လက်ဆောင်ဖြစ်သည်။ လူသားတိုင်းအတွက်ဖြစ်သည် (ယော ၃:၁၆)။ သို့သော် ယေရှုခရစ်တော်တစ်ပါးတည်းအားဖြင့်သာ ရရှိနိုင်သည်။သခင်ယေရှုက “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ရှင်ယောဟန်‬ ၁၄:၆)။တမန်တော်ကြီးရှင်ယောဟန်က “သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။”(၁ ယော‬ ၅:၁၂)။ သခင်ဘုရား၏ကယ်တင်ခြင်းကိုရရှိဖို့ရာ ကိုယ့်အပြစ်တွေကို နောင်တရခြင်းရှိရပါမယ် (တမန်… Read More »ကယ်တင်ခြင်းသည် အပြစ်သားအတွက် ဘုရားပေးသော လက်ဆောင်

စစ်မှန်တဲ့နောင်တရခြင်း၌ အဆင့်သုံးဆင့် ပါရှိပါတယ်

စစ်မှန်တဲ့နောင်တရခြင်း၌ အဆင့်သုံးဆင့် ပါရှိပါတယ်။ပထမတစ်ချက်က သင်ဟာအပြစ်သားတစ်ယောက်ဖြစ်တယ်ဆိုတာကို သိမြင်ဖို့လိုအပ်ပါတယ်။နောက်ပြီး သင့်ကိုယ်တိုင်ရဲ့အပြစ်တွေအတွက်လည်း ပူဆွေးရပါမယ်။နောက်ဆုံးမှာတော့ ထိုအပြစ်တွေကနေ လှည့်ပြန်လာရမှာဘဲဖြစ်ပါတယ်။ အပြစ်တရားအတွက် တခုတည်းသောအဖြေဟာ နောင်တတရားဘဲဖြစ်ပါတယ်။သင့်ရဲ့အပြစ်တွေဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်ထက်မကြီးပါဘူး။ သူသင့်ကိုခွင့်လွတ်ပါလိမ့်မယ်။သို့သော် တခါတရံမှာ သင့်ကိုပြင်းထန်တဲ့ဆုံးမခြင်းအားဖြင့် နောင်တတရားလမ်းထဲသို့ ပို့ဆောင်ပါလိမ့်မယ်။ဆုံးမတော်မူခြင်းကိုခံရတဲ့အခါ နာကျင်ရပါတယ်။အပြစ်ရဲ့အကျိုးသက်ရောက်မှုဟာ ရေရှည်ဖြစ်တယ်။အဘယ့်ကြောင့် ဘုရားသခင်အဖို့ အသက်မရှင်ဘဲနေကြမလဲ? #λόγος #thyLogos #အပြစ် #ကျေးဇူးတော် ဟေရှာယအနာဂတ္တိကျမ်း ၁ : ၁၈… Read More »စစ်မှန်တဲ့နောင်တရခြင်း၌ အဆင့်သုံးဆင့် ပါရှိပါတယ်

ဆူးဟုထင်ရသော ကျေးဇူးတော်တရား

သခင်မပါပဲ လူ့ဘဝကြီးဟာအသက်ရှင်ဖို့ မဖြစ်နိုင်ဘူး၊ အဓိပ္ပာယ် မရှိဘူး ဆိုတာကို သိပြီးသခင့်ကိုပဲ အစဉ်အားကိုးကာ အသက်ရှင်တတ်ဖို့ဘဝမှာ ကြုံတွေ့ရင်ဆိုင်ရတဲ့သခင်ပြင်ဆင်ရာ ဆူးလေးတွေကနှလုံးသားမှာ ဒဏ်ရာတွေဖြစ်စေပါသော်လည်းဝိညာဉ်အသက်တာကိုတော့သခင်နဲ့ နီးသည်ထက်နီးအောင် သွန်သင်ပေးနေတော့… ရှင်ပေါလုကို သခင် မိန့်တော်မူတဲ့“ငါ့ကျေးဇူးသည် သင့်အတွက် လုံလောက်ပေ၏” ဆိုတဲ့ စကားတော်ကို ကျွန်တော် နားလည်ပါပြီ။ #λόγος #thyLogos #in_grace_i_found_my_strength #ဆူးဟုထင်ရသော_ကျေးဇူးတော်တရား ၂ ကော ၁၂… Read More »ဆူးဟုထင်ရသော ကျေးဇူးတော်တရား

ခရစ်တော်၌ရှိသော မိမိ၏သရုပ်အမှန်ကို ဖွင့်လှစ်ခြင်း

ချစ်သောယုံကြည်သူ ညီအစ်ကိုမောင်နှမများသို့ ခရစ်တော်ထဲမှာရှိနေတဲ့ ကျွန်တော်တို့ ယုံကြည်သူ ဘုရားသားသမီး အယောက်စီတိုင်းရဲ့ “သရုပ်အမှန်” နဲ့ အဖဘုရားဟာ သူချစ်တဲ့ သားသမီးတွေကို ဘယ်လို ရွေးနှုတ်ခဲ့သလဲ၊ ဘယ်လိုရပ်တည်နေစေသလဲ၊ ဘယ်လိုကာကွယ်ထားသလဲ၊ ဘယ်လိုတန်ဖိုးရှိစေသလဲ၊ အချင်းချင်းတစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမျိုး တွဲဆက်ပေးထားသလဲ ဆိုတဲ့ ကြီးမြတ်အံ့သြဖွယ် အကြံအစည်တော်ကို ပညတ်တရား ကာလ တဲတော်ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံအားဖြင့် ပြန်လည်ဝေမျှလိုပါတယ်။… Read More »ခရစ်တော်၌ရှိသော မိမိ၏သရုပ်အမှန်ကို ဖွင့်လှစ်ခြင်း