Skip to content

ဝိညာဥ်ရေးရာ

မိမိ၏ ဆုတောင်းချက်များအား ဘုရားသခင် နားညောင်းတော် မမူသည့်အခါ – အပိုင်း (၁)

လူတော်တော်များများဟာ “ဘုရား” က မိမိဆုတောင်းတာကို နားညောင်းအောင်၊ ဘုရားဆီကနေ အဖြေရအောင် ဘယ်လိုနေ၊ ဘယ်လိုထိုင်ရမယ်၊ ဘယ်လို ကြွေးကြော်ရမယ်၊ ဘယ်လိုစိတ်ထားရမယ်၊ ဘယ်လိုမျှော်လင့်ရမယ် စတဲ့ သင်ကြားမှုတွေ၊ ကျင့်ဆောင်မှုတွေ၊ လိုက်နာရမယ့် “အဆင့်” တွေ စသဖြင့် များစွာရှိသလို အဲလိုမျိုး ဘုရားဆီကနေ မိမိလိုချင်တာရဖို့ ဖြစ်နိုင်မယ်ထင်တဲ့ နည်းလမ်းတွေကို ပုံသေနည်းလို ပြုစုပြီး သင်ပေးနေကြတာတွေ အများကြီးရှိပါတယ်။… Read More »မိမိ၏ ဆုတောင်းချက်များအား ဘုရားသခင် နားညောင်းတော် မမူသည့်အခါ – အပိုင်း (၁)

အပြစ်ရှိစဉ်ပင်

တမန်တော်ကြီးရှင်ပေါလုက အိမ်ထောင်ရှင်အမျိုးသားတွေ သူတို့ရဲ့ဇနီးမယားတွေကိုချစ်ဖို့သွန်သင်ခဲ့ပါတယ်…“အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။”‭‭ဧ​ဖက်‬ ‭၅:၂၅ အိမ်ထောင်ပေါင်းစည်းခြင်းဆိုတာ ကိုယ်တိုင်အနီးကပ်ဆုံးရရှိနိုင်တဲ့ကျွမ်းဝင်မှုဖြစ်ပြီး၊ ထိုသို့သောကြောင့် ခရစ်တော်၌ကျွန်တော်တို့ရရှိတဲ့ပေါင်းစည်းခြင်းကို ဖော်ပြတဲ့အံ့ဩဖွယ် ပန်းချီကားတစ်ချပ်ပါဘဲ။ ရင်းနှီးသောဆက်ဆံကျွမ်းဝင်မှုတင်သာမကပါဘူး။ ဒါဟာချစ်ခြင်းရဲ့ကျွမ်းဝင်ခြင်းလည်းဖြစ်ပါတယ်။ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာတော်ကို လုံးဝမထိုက်တန်တဲ့အချိန် အပြစ်သားဖြစ်လျက်နေစဉ်မှာပင် သခင်ဘုရားသည်သူ့ရဲ့ချစ်ခြင်းကိုပြသခဲ့တယ်။သူ့ရဲ့ကျေးဇူးတော် အားဖြင့်သာ ကယ်တင်တော်မူခြင်းသို့ရောက်ရပါတယ်။ကျွန်တော်တို့ ချစ်စရာကောင်းနေလို့ သူချစ်တာမဟုတ်ပါ။ သူဟာ “ချစ်ခြင်းမေတ္တာ” ဖြစ်နေသောကြောင့်သာ။ထိုသို့သောအကြောင်းကြောင့် ကျွန်ုပ်တို့သည်လည်း… Read More »အပြစ်ရှိစဉ်ပင်

ဘုန်းတော်အဖို့

“ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။” (၁ ကော‬ ၁၅:၅၈)ဒီနှုတ်ကပတ်တော်လေးကတော့ ပြီးမြောက်ဖို့ထက် ပြောတာက ပိုလွယ်ကူပါတယ်။ကျွန်ုပ်တို့ရဲ့အစေခံမှုကနေ ရလဒ်တွေကိုမတွေ့ရတဲ့အခါ၊ ပြီးတော့လူတွေကကိုယ့်နဲ့ ဆန့်ကျင်ဘက်မျိုးဖြစ်နေတဲ့အခါ သခင့်တွက်ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုတွေဟာ အချည်းအနှီးဖြစ်နေသလိုထင်ရပါတယ်။နှုတ်ကပတ်တော်ကတော့ရှင်းရှင်းလင်းလင်း ပြောပါတယ်။ခက်ခဲမှုတွေကို ပဓာနမထားဘဲ… Read More »ဘုန်းတော်အဖို့

ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ

ရှင်ယောဟန် ၃ : ၁၅ – ၁၈   “အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည့်အကြောင်းတည်း။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။ ထာဝရအသက်ကိုရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း… Read More »ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ

ဩဝါဒ အလွဲများ

“အကြောင်းမူကား၊ နောင်ကာလ၌လူတို့သည် စင်ကြယ်သော ဩဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။”(၂ တိ ၄ : ၃ – ၄) ဩဝါဒ အလွဲများ   သြဝါဒ မကောင်းဘူး ဆိုတဲ့ သြဝါဒတွေနဲ့ ငါတို့တွေ ကောင်းကောင်း… Read More »ဩဝါဒ အလွဲများ

မြော်လင့်ရာ

“သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။” ‭‭(၁ ပေ‬ ၁:၁၃)ဒီစကားဟာ ရှင်ပေတရုက ယုံကြည်ခြင်းကြောင့်ဖိနှိပ်ညှင်းဆဲခြင်းကိုကြုံနေရသောသူတို့အား အားပေးထားသောစကားဖြစ်ပါတယ်။(၁ပေ ၁:၆-၇)ခေတ်အဆက်ဆက်တိုင်းမှာရှိဦးမယ့် ယုံကြည်သူတွေတွက် ယခုလက်ရှိဘဝဟာ အရာခပ်သိမ်းရဲ့ အဆုံးမဟုတ်ဘူးဆိုတာ အမှတ်ရနေဖို့လိုအပ်ပါတယ်။ဒီဘဝရဲ့အခြေအနေတွေက သင့်ကိုစိတ်ဖိစီးမောပန်းစေတဲ့အခါ ဘုရားသခင်နှင့်သူရဲ့သမ္မာစကားအပေါ်မှာ မြော်လင့်တတ်ခြင်းငှါ သင်ယူပါ။သခင်ဘုရား၌‌‌ မြော်လင့်ခြင်းဆိုသည်မှာ ယုံမှားဖွယ်မရှိ စိတ်ချနိုင်သောအရာ၌ မြော်လင့်ခြင်းဖြစ်သည်။ဘဝရဲ့ မသေချာမရေရာခြင်းတွေက… Read More »မြော်လင့်ရာ

ခွင့်လွှတ်ပါ

တခါတရံကျွန်ုပ်တို့ဟာ လူတချို့ရဲဆိုးဆိုးရွားရွားဆက်ဆံ ပြုမူခြင်းကိုခံရတတ်ပါတယ်။သင့်ကိုမုန်းတဲ့သူအပေါ်မှာ ခါးသီးမှုတွေနဲ့တုန့်ပြန်လက်စားချေလိုက်ဖို့ဆိုတာကလည်းအရမ်းကိုလွယ်ကူပါတယ်။သို့သော် သင်ခွင့်လွတ်ခြင်းခံရသကဲ့သို့ အခြားသူတွေကိုခွင့်လွတ်ဖို့ရာ သခင်ဘုရားကတောင်းဆိုပါတယ် (ဧဖက် ၄:၃၂)။စစ်မှန်တဲ့ခွင့်လွတ်ခြင်းဟာ နဂိုမူလအခြေအနေကိုဖြစ်စေတတ်သော ရလဒ်ရှိပါတယ်။သင်သည် အမှန်တကယ်ခွင့်လွတ်တယ်ဆိုရင် သင့်ကိုထိပါးစော်ကားတဲ့သူတွေထံ ကောင်းသောအမှုကိုပြုနိုင်ပါလိမ့်မယ်။ #λόγος #thylogos #theblesseddesk #ခွင့်လွတ်ခြင်း #ညီအစ်ကိုခြင်း #ယောသပ်ကဲ့သို့ #ခရစ်တော်ကဲ့သို့

လူ

      လူ   ယာယီကို ထာဝရမှတ်လို့ရှင်သန်ရာ ခေတ္တစခန်းထဲယစ်မူးနေခဲ့ အနတ္တတွေ…။ အဖြူကို ဖြူမှန်းသိလည်းမလွန်ဆန်နိုင် ဇာတိတရားအောက်ငါတို့တွေ ဆက်ပြီးတော့ မည်း…။ ထူးမလာ ဒီဘဝထဲရှင်လျှက်နဲ့ အသက်မဲ့နေခဲ့ကုသိုလ်တစ်ပဲ ငရဲကတစ်ပိဿာ…။ ဟန်ဆောင်ကာ ဘာသာတရားထဲအရောင်ခြယ် ခုတုံးလုပ်လည်းသေချာတယ်မိတ်ဆွေလူဆိုတာမျိုးက ငရဲ…။ ရော​မဩဝါဒစာ 3:10‭-‬16‭, ‬18 BJB ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။ နားလည်သောသူမရှိ၊… Read More »လူ

Salvation Package

Package(ပက်ကေ့ချ်) ဟူသည့်စကားလုံးနှင့် ကျွန်တော်တို့ နေ့ဓဒူဝရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါသည်။ သတင်းအချက်အလက်နှင့်နည်းပညာတိုးတက်နှုန်း အလွန်မြန်ဆန်သောခေတ်တွင် နေထိုင်နေသော ကျွန်တော်တို့ ယုံကြည်သူများသည် အင်တာနက်ပက်ကေ့ချ်များ၊ ဖုန်းခေါ်ဆိုမှုပက်ကေ့ချ်များအား အပတ်စဉ်၊ လစဉ် ငွေကုန်ကြေးကျခံကာ ကျွန်တော်တို့နေ့စဉ်လိုအပ်ချက်အတွက်သော်လည်းကောင်း၊ အပန်းဖြေမှုအတွက်သော်လည်းကောင်း ဝယ်ယူသုံးစွဲနေကြသည်။ Package(ပက်ကေ့ချ်) ဟူသည့် အင်္ဂလိပ်စကားလုံးကို မြန်မာလိုတိုက်ရိုက်ဘာသာပြန်ဆိုပါက “အထုပ်” ဟူ၍ အဓိပ္ပါယ်ရပါသည်။ ဆိုလိုသည်မှာ ပစ္စည်းအမျိုးအစုံအလင်ကို တစ်ခုတည်းဖြစ်အောင် သပ်ရပ်စွာထုပ်ပိုးထားသည့် အထုပ်ဖြစ်သည်။ ဥပမာ… Read More »Salvation Package