ပျင်း၍မရသောဝိညာဉ်ရေး
ဝိညာဉ်ရေးလို့ဆိုလိုက်တာနဲ့ ဒီစကားလုံးကြီးက ဝန်တာကြီးပြီး၊ ခက်ခဲနက်နဲစွာလုပ်ဆောင်ရတဲ့ ဝတ္တရားတခုလိုမျိုးမြင်တတ်ကြသည်။ ဒီလိုမြင်တတ်ကျတာ အရွယ်တခုမှ မဟုတ်ပါဘူး။ အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေးပါပဲ။ များသောအားဖြင့် အဲဒီလိုမျိုးမြင်တတ်တဲ့သူတွေဟာ လောကီရေးရာမှာစိတ်အားထက်သန်ပြင်းပြကြသူများဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ငွေရှာ၊ ပညာရှာ၊ စီးပွါးရှာဖို့အရေးတွေမှာ မပျင်းရိကြသူတွေပါ။ ဒီလိုနေရာတွေမှာ ပျင်းရိနေရင် နောက်ကျကျန်ခဲ့မယ်၊ အောင်မြင်မှုတွေနှောင့်နှေးမယ်၊ အသက်ကြီးလာရင် ဒုက္ခရောက်မယ်ဆိုတဲ့ အသိတွေ၊ အတွေးတွေကြောင့် လူ့ဘဝခဏတာအချိန်မှာ အပတ်တကုတ်ကြိုးစားရှာဖွေနေကြရတဲ့ လောကရဲ့ပုံစံပါပဲ။… Read More »ပျင်း၍မရသောဝိညာဉ်ရေး