Skip to content

ဝိညာဥ်ရေးရာ

ပဋိပက္ခ – ၁၆

စကားပြောရာတွင် စကားပြောနှေးသောသူ၊ မြန်သောသူ၊ ကြမ်းစွာ ပြောတတ်သောသူ၊ သူတပါး နားဝင်အောင် ပြောတတ်သောသူ စသဖြင့် အမျိုးမျိုးရှိတတ်ကြသည်။ ဤနည်းတူ ကျွန်ုပ်တို့သည်လည်း စကားပြောဆိုရာ၌ ပုံစံအမျိုးမျိုး ရှိတတ်ကြပေသည်။ မိမိတို့၏ မိသားစု၊ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်နှင့် အသင်းတော်တွင်လည်း ထိုသို့သောသူ အမြောက်အများ ရှိတတ်ကြပေလိမ့်မည်။ အချို့သော အခြေအတင် ကိစ္စရပ်များသည် စကားပြောခြင်းမှတဆင့် ဖြစ်ပေါ်လာတတ်သော ကိစ္စရပ်များဖြစ်ကြသဖြင့် စကားပြောခြင်းဆိုင်ရာ… Read More »ပဋိပက္ခ – ၁၆

ပညတ်တရား (သို့) ကျေးဇူးတရား အောက်၌အသက်ရှင်နေသလော?

ခရစ်ယာန်တွေကြား ပြောပြောနေတဲ့ လူတယောက် ကယ်တင်ခြင်းရခြင်း ဟာ ဘုရားသခင်ရဲ့ပညတ်တရားတွေကို စောင့်ရှောက်လို့ရတာ (သို့) ဘုရားသခင်ရဲ့ကျေးဇူးပြုပေးခြင်း/လုပ်ပေးခြင်း အပေါ်မှာယုံကြည်ဝန်ခံခြင်း သက်သက်သာဖြစ်တယ် ကိုယ်က ကောင်းမှု ကုသိုလ်ပြုလို့မဟုတ် ဆိုတာ မကြာခဏ အပြန််အလှန်ဆွေးနွေးတာ ကြားရလေ့ရှိပါတယ်။ တမန်တော်ကြီးရှင်ပေါလုကဤကဲ့သို့ ဆိုပါသည် ကျွန်ုပ်တို့ဟာ  “ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရား လက်၌ ရှိသည်” ဟု ရောမသြဝါဒစာ ၆း၁၅ မှာ အတည်အလင်းဖော်ပြထားပါတယ်။… Read More »ပညတ်တရား (သို့) ကျေးဇူးတရား အောက်၌အသက်ရှင်နေသလော?

I CHARGE YOU

“သခင်ယေရှုခရစ် ရှေ့မှာ၎င်း၊ ဘုရားသခင်ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊” … “I charge you” ဟူ၍ တိမောသေအား အင်မတန်ကြီးလေးသော တာဝန်ပေးအပ်ခြင်းကို တိမောသေဩဝါဒစာဒုတိယစောင်တွင် အခန်းကြီး ၄ တွင် တွေ့ရသည်။   Preach “နှုတ်ကပတ်တရားတော်ကို ပြောလော့” … preach the word ဟူသည့် word ကို… Read More »I CHARGE YOU

ပဋိပက္ခ – ၁၅

“Conflict” ပဋိပက္ခတစ်ခု ဖြစ်စေတတ်သော အဓိကတရားခံများထဲတွင် စိတ်မရှည်ခြင်းသည်လည်း တစ်ခု အပါအဝင်ပင်ဖြစ်သည်။ စကားပြောရာမှ စိတ်မရှည်ခြင်းကြေင့် ရန်ဖြစ်ကြသည့်အဖြစ်၊ ဆွေးနွေးပြောဆိုရာမှ စိတ်မရှည်ခြင်းကြောင့် ပွဲပျက်ရသည့်အဖြစ်၊ ညှိနှိုင်းရာ၌ စိတ်မရှည်ခြင်းကြောင့် အဆင်မပြေဖြစ်ကြရသည့် ကာလတို့နှင့် ထိုစိတ်မရှည်ခြင်းကြောင့်ပင်လျှင် အိမ်ထောင်ရေး၊ လူမှုရေးတွင်ဖြစ်စေ မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း၊ အသင်းတော်အတွင်းပါမကျန် ပဋိပက္ခတစ်ခုဖြစ်တည်လာတတ်ခြင်းသည် ငြင်းဆိုနိုင်ဖွယ်ရာ မရှိပါ … ထို မရှည်တတ်သော မိမိတို့၏… Read More »ပဋိပက္ခ – ၁၅

SHALL SUFFER

နောင်ကာလသည် ခဲယဥ်းသောကာလဖြစ်မည် “in the last days perilous times shall come.” ဟု ရှင်ပေါလု၏ စာစောင်ထဲတွင် တိမောသေအား သတိပေးထားသည်ကို တွေ့ရပေသည်။ လူတို့သည် ဘုရားသခင်အား ချစ်ရမည့်အစား မိမိကိုယ်ကိုသာ ချစ်သောသူ၊ ကိုယ်နှင့် စပ်ဆိုင်သောသူဆိုလျှင် ဝေလာဝေး … ငွေကိုသာ တပ်မက်တတ်သောလူများ … ဝါကြွားခြင်း၊ ထောင်လွှားစော်ကားခြင်းတို့၌သာ… Read More »SHALL SUFFER

ခရစ်ယာန်များ ပုဂ္ဂလိက အောင်မြင်မှုအား လိုက်လံဖမ်းဆုပ်သင့်ပါသလား?

ဆိုရှယ်မီဒီယာတွေပေါ်က အခြားတယောက်ယောက်ရဲ့  ဘဝကိုကြည့်မိတဲ့အခါ ဘယ်လိုကြောင့်များသူတို့က သူတို့ လုပ်တဲ့ဟာတွေအားလုံးကို လုပ်နိုင်တာလဲဆိုပြီး အံ့အားသင့်နေတဲ့ သင့်ကိုယ်သင် တွေ့ဖူးပါသလား? ကျွန်တော်တို့ အင်စတာဂရမ်ပေါ်မှာ သူတို့မာစတာဘွဲ့ ပြီးသွားကြောင်းပြောနေသူတွေ၊  ကလေးတွေ အဆက်မပြတ်မွေးနေရင်းနဲ့  တောင်အခြားစိတ်ဝင်စားတပ်မက်ဖွယ်အရာတွေကို လုပ်နေတဲ့သူတွေ၊ အလုပ်ကထွက်ပြီး ကိုယ်ပိုင်စီးပွားရေးစလုပ် နေတဲ့သူတွေ၊ ကားဝယ်တဲ့သူတွေ၊  ပိတ်ရက်အပန်းဖြေသွားနေတဲ့သူတွေ တွေ့မြင်ရပါတယ်။ တကယ်မှန် မမှန်ခနထား၊ အနည်းဆုံးတော့ ဒီလို မျိုးမြင်နေရတယ်ပေါ့။ ကျွန်တော်တို့က… Read More »ခရစ်ယာန်များ ပုဂ္ဂလိက အောင်မြင်မှုအား လိုက်လံဖမ်းဆုပ်သင့်ပါသလား?

ပဋိပက္ခ – ၁၄

ပြဿနာတစ်ခုခုဆိုလျှင် သူတပါးအား လက်ညှိုးထိုးချင်သည့် စိတ်သည် လူ့သဘာဝတစ်ခုပင် … တစ်ခုခုဖြစ်သည်နှင့် “ဘာဖြစ်သွားလဲ” အစား “ဘယ်သူလုပ်တာလဲ” ဆိုသည်က အရင်၊ “ဘယ်လိုလုပ်ရင်ကောင်းမလဲ” ဆိုသည်ထက် “ဘယ်သူလုပ်သလဲ” သည်သာ … ဒါသည်လည်း ကမ္ဘာဦး အစထဲကပင် ရှိခဲ့သည်ကိုး … အာဒံသည်လည်း မိမိအမှားကို ဆင်ခြင်၍ ဝန်ခံရမည့်အစား ကိုယ်တော်ပေးသည့် မိန်းမကြောင့် ဟုသာ “လက်ညှိုးထိုး”… Read More »ပဋိပက္ခ – ၁၄

ဖြည့်စွက်ဝါဒ နှင့် သာတူညီမျှဝါဒ

ဖြည့်စွက်ဝါဒကို “Complementarism” ဟုခေါ်ဆို၍ သာတူညီမျှဝါဒကိုတော့ “Egalitarianism” ဟုခေါ်ဆိုသည်။ ၎င်းဝါဒနှစ်ခုလုံးသည် ကျမ်းစာအခြေခံ၊ ကျမ်းညွှန်းထောက်ခံချက်များ ကိုယ်စီရှိကြသည်။ ထို့အတူ ၎င်းအကြောင်းအရာများမှာ စကားရည်လုပွဲများနှင့် အငြင်းပွားဖွယ်အကြောင်းအရာများဖြစ်လေ့ရှိသော အမြင်နှစ်မျိုး သို့တည်းမဟုတ် ရှုထောင့်နှစ်မျိုးနှင့် ခံယူချက်နှစ်မျိုးပင် ….. သမ္မာကျမ်းစာထဲတွင်တော့ ထိုအယူဝါဒနှစ်မျိုး၏ စကားလုံးကို ရှာတွေ့လိမ့်မည် မဟုတ်ပါ။ ဤအမြင်နှစ်မျိုးသည် “Theological View” ဟုဆိုရပေလိမ့်မည်။ ယခုဆောင်းပါးသည် ထိုအယူဝါဒနှစ်မျိုး၏… Read More »ဖြည့်စွက်ဝါဒ နှင့် သာတူညီမျှဝါဒ

သမ္မာကျမ်းစာမှ ဓမ္မဘက်တော်သားများ

အဲဂုတ္တုပြည် သက်ဦးစံပိုင် အာဏာရှင် ဘုရင်၏ လက်အောက်၌ ကျွန်ခံနေရသည့် ဖိနှိပ်ခံလူတန်းစားများ၏ ငိုကြွေးသံ အော်ဟစ်သံများနှင့် ခံစားချက်များအား ဘုရားသခင် ကြားသကဲ့သို့ သိလည်း သိသည်၊ နားလည်းလည်သကဲ့သို့ အရေးတယူလုပ်သည်ကိုလည်း မြင်တွေ့ရသည်မှာ ထွက်မြောက်ရာကျမ်းသည် သက်သေပင် … ဘုရားသခင်သည် မတရားသောသူတို့၏ တဖက်၌ ရပ်တည်ခြင်း၊ ထိုအမှုအရာများနှင့် ဆန့်ကျင်ခြင်းကို သမ္မာကျမ်းစာတွင် မြင်တွေ့ရသကဲ့သို့ ဖိနှိပ်ခံ နာကျင်နေရသူများ၊… Read More »သမ္မာကျမ်းစာမှ ဓမ္မဘက်တော်သားများ