Skip to content

ချစ်သော လူငယ်သို့ ပေးစာ (ဆောင်းပါးတွဲ)

ချစ်သော လူငယ်သို့ – အပိုင်း(၁၁)

ခရစ်ယာန်လူငယ်လေးတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားတဲ့စကားလုံးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ခက်ခဲတဲ့အခါ၊ တခုခုကိုကြုံတွေ့ရတဲ့အခါ အားရပါးရကိုပြောတတ်တဲ့ “ဘုရားသား/သမီးကွ” ဆိုတဲ့စကားလေးပါပဲ။ ဘုရားရဲ့သားသမီး ဆိုတာကမမှားပါဘူး။ ဒါပေမယ့် ဘာမှားနေလဲဆိုတော့ အသက်ရှင်နေထိုင်မှုကမှားနေတာပါ။ ဘုရားဝတ်၌မွေ့လျော်ခြင်းမရှိတဲ့ ဘုရားသားသမီးဆိုတာကြီးက မဖြစ်သင့်တော့ပါဘူး။ မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​သော​သူ မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​နပ်​စာ​အ​ဖိုး​နှင့် သား​ဦး​အ​ရာ​ကို ရောင်း​သော ဧ​သော​ကဲ့​သို့ ဘု​ရား​တ​ရား​ကို မ​ရို မ​သေ​ပြု​သော​သူ မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။- သင်​တို့​သိ​သည်​အ​တိုင်း၊… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၁၁)

ချစ်သော လူငယ်သို့ – အပိုင်း(၁၀)

“ကြိုက်တာလာ၊ လာချင်တာလာ ဒါပေမယ့်စုံစမ်းသွေးဆောင်ခြင်း ကတော့မရဘူးကွာ” ဆိုတဲ့အဖြစ်မျိုးကျွန်ုပ်တို့ ကြုံတွေ့ဖူးမှာပါ။ စုံစမ်းသွေးဆောင်ခြင်းဆိိုတာကလည်း ယောကျာ်း၊ မိန်းမ အရွယ်မရွေးပါဘူး။ လူတိုင်းဆီလာတတ်ပါတယ်။ ဒါပေမယ့် ပုံစံမျိုးစုံနှင့်အခြေအနေမျိုးစုံမှာ လာတတ်တဲ့ စုံစမ်းသွေးဆောင်ခြင်းကို ဆီးတား၊ တွန်းလှန်နိုင်ဖို့ကိုတော့ သခင်အလိုရှိပါတယ်။  “ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။” ဟေဗြဲဩဝါဒစာ… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၁၀)

ချစ်သော လူငယ်သို့ – အပိုင်း(၉)

၂၁ရာစုမှာ ကလေး၊ လူငယ်၊ လူကြီးများအကြား ရေပန်းစားနေရာယူလာတာကတော့ ရသမျိုးစုံ၊ ပုံစံမျိုးစုံပေးတဲ့ ဗွီဒီယိုဂိမ်း တွေပဲဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းကနေစတင်ပြီး နည်းပညာမြင့်မား၊ အဆင့်မြင့်မားတဲ့ ဗွီဒီယိုဂိမ်းတွေကလည်း ဒုနဲ့ဒေးအပြိုင်အဆိုင်ပေါ်ထွက်လာခဲ့ကြတာ ယနေ့ထိပါပဲ။ ဒီကနေ့ ခရစ်ယာန်အသိုင်းအဝိုင်း လူငယ်များကြားထဲမှာလည်း ဂိမ်းကစားခြင်းက နေရာယူလွှမ်းမိုးမှုရှိနေပါတယ်။ဒီလိုပြောလို့ ဂိမ်းကစားခြင်းက အပြစ် လို့ဆိုနေခြင်း မဟုတ်ပါဘူး။ ဒါပေမယ့် ဂိမ်းကို အတိုင်းထက်လွန်စွဲလမ်းခြင်းက အပြစ်ရဲ့သွေးဆောင်ရာများသို့… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၉)

ချစ်သော လူငယ်သို့ – အပိုင်း(၈)

“ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။”ရှင်မဿဲခရစ်ဝင် ၁၆း၂၄“Then Jesus said to His disciples, “If anyone wants to come with Me, he must deny himself, take up his… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၈)

ချစ်သော လူငယ်သို့ – အပိုင်း (၇)

ဆယ်ကျော်သက်လူငယ်ဘဝမှာ ရည်းစားထားခြင်းဆိုတာ ထူးဆန်းတဲ့အရာတခုတော့မဟုတ်ပါဘူး။ လူငယ်သဘာဝ ဆန့်ကျင်ဖက်လိင်အပေါ် စိတ်ဝင်စား ရင်ခုန်ခြင်းက ဖြစ်ရိိုးဖြစ်စဥ်ပါပဲ။ သို့သော်လည်း ခေတ်ရဲ့ဆိုးယုတ်ခြင်းနဲ့အတူ ဖြစ်ရိုးဖြစ်စဥ်မဟုတ်တဲ့ သမီးရည်းစားထားခြင်းတွေဟာ လူမှုအသိုင်းအဝိုင်းမှာ နေရာယူလာနေပါတယ်။“မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။”ရှင်ယာကုပ်ဩဝါဒစာ ၄း၄ ယနေ့ ခရစ်ယာန်လူငယ်တွေကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ရည်စားထားခြင်းအရာကို အပျော်သဘောအနေနဲ့ ခုံမင်လာကြပါတယ်။… Read More »ချစ်သော လူငယ်သို့ – အပိုင်း (၇)

ချစ်သော လူငယ်သို့ – အပိုင်း(၆)

“ကျွန်တော့်မှာ ဘာဆုကျေးဇူးမှမရှိဘူးထင်တယ်”“ကျွန်မကတော့ ဆုကျေးဇူးမခံစားရဘူးထင်တယ်”ဆိုပြီး လူငယ်တွေရဲ့ ဆုကျေးဇူးနဲ့ပက်သက်လို့ ပြောလာတဲ့စကားတွေကြားဖူးပါတယ်။ဝိညာဥ်ဆုကျေးဇူး (spiritual gifts) မရှိတာ၊ မခံစားရတာထက်၊ ဆုကျေးဇူးဟာ ဘာအတွက်ဖြစ်တယ် ဆိုတာကို မသိခြင်းက ပိုမှန်ပါလိမ့်မယ်။ တချို့ဆို မွေးရာပါစွမ်းရည်တွေကို ဝိညာဥ်ဆုကျေးဇူးနဲ့အမှတ်မှားတတ်ကြပါသေးတယ်။မိဘက ခရစ်ယာန်ဖြစ်လို့ ခရစ်ယာန်အသိုင်းအဝိုင်းကနေ ကြီးပြင်းလာသောကြောင့် အသင်းတော်မှာ musicနဲ့ပက်သက်တာတွေ၊ တူရိယာတွေ၊ အသံကိုကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုတီးမှုတ်နိုင်ခြင်းတွေက ဆုကျေးဇူးလို့ ထင်ယောင်ထင်မှားဖြစ်တတ်ပါတယ်။နောက်ပြီး လောကီပညာရပ်တွေမှာကျွမ်းကျင်သူအသင်းသူ အသင်းသားတွေကို(ဥပဒေပညာ၊… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၆)

ချစ်သော လူငယ်သို့ – အပိုင်း(၅)

ခရစ်စမတ် ပါတီတခုမှာပေါ့ မတွေ့တာကြာပြီဖြစ်တဲ့ ရင်းနှီးတဲ့အစ်ကိုတယောက်က ကျွန်တော်ကိုတွေ့တော့ သူ့လက်ထဲက ဝီစကီခွက်ကို မြောက်ရင်း “ညီလေး ရော့ ချ” ဆိုပြီးပြောလာတဲ့အခါ ကျွန်တော်ကလည်း မဆိုင်းမတွ ငြင်းလိုက်ပါတယ်။ ဒါနဲ့သူကလည်း ဇွဲမလျော့ဘဲ “ဒါဆိုလည်း အပျော့ချကွာ” ဆိုပြီး ဘီယာတစ်ဗူး ကမ်းပေးပါတယ်။ ကျွန်တော်ကလည်း မဆိုင်းမတွထပ်ငြင်းတဲ့အခါ သူက “မင်းကထူးဆန်းလိုက်တာ”လို့ပြောပါတယ်။ ကျွန်တော်လည်း သူ့ကိုနှုတ်ဆက်ရင်း အဲ့နေရာကနေ ထွက်လာခဲ့ပါတော့တယ်။… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၅)

ချစ်သော လူငယ်သို့ – အပိုင်း(၄)

မိဘတွေက သားသမီီးတွေကို အဲ့ဒါတွေမလုပ်နဲ့နော်၊ အဲ့ဒီလူတွေနဲ့မပေါင်းနဲ့နော် စသည်ဖြင့်သတိပေးဆုံးမရင် ဟုတ်ကဲ့လို့ပြောပြီး နားမထောင်တဲ့ သားသမီးတွေကပိုများပါတယ်။စန်းဒေးစကူးမှာ၊ လူငယ်အစီစဥ်မှာဆိုရင်တော့ လူ့အမြင်မှာ ပါဝင်ဆပ်ကပ်သလိုရှိပေမယ့်၊ ဆရာသမား ဆရာ ဆရာမတွေရှေ့မှာတော့ သဘောကျအားထားစရာဖြစ်နေပေမယ့် တကယ့်လက်တွေ့လောကထဲနဲ့ ကိုယ့်ရဲ့မိသားစုအိမ်ထောင်မှာတော့ ဘုရားနဲ့မိဘကို ပုန်ကန်တဲ့နေရာမှာ ဗိုလ်စွဲပါတယ်။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်​သည် အ​သက်​တာ​ရှည်၍ ကောင်း​စား​ရ​မည်​အ​ကြောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​မိ​ဘ​ကို… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၄)

ချစ်သော လူငယ်သို့ – အပိုင်း(၃)

တခါက ဖူဆယ်ကစားကွင်းမှာ ဘောလုံးကစားရင်း ဘေးကပ်ရပ်ကွင်းမှာ ဆယ်ကျော်သက်လူငယ်လေးတွေလည်း ကစားနေကြတာကိုသတိထားမိပါတယ်။ဒါနဲ့ကစားလို့ပြီးတော့ ဖိနပ်တွေချွတ် အင်္ကျီလဲနေချိန် ဘာကိုမြင်လိုက်ရလဲဆိုတော့ အဲ့ဒီလူငယ်လေးတွေ ဘောလုံးမကစားကြဘဲ ကွင်းထောင့်မှာ စုပြုံပြီး ဖုန်းကြည့်ကာ စကားတွေလည်း တတွတ်တွတ်ပြောဆိုနေကြပါသေးတယ်။အဲ့အချိန်မှာ စကားသံတခုထွက်လာပါတယ် “ဖုန်းထဲကို ဝင်ချင်လိုက်တာကွာ” ဆိုတဲ့စကားပဲဖြစ်ပါတယ်။သဘောပေါက်လိုက်ပါတယ် သူတို့ဘာကိုကြည့်ပြီး ဒီလိုစကားသံထွက်လာသလဲဆိုတာကိုပေါ့။ “ငါ​သည်​အ​ပျို​ကို​မျှ မ​ကြည့်​ရှု​မည်​အ​ကြောင်း၊ ကိုယ်​မျက်​စိ​နှင့် ပ​ဋိ​ညာဉ်​ဝန်​ခံ​ခြင်း​ကို ပြု​ပြီ။”ယောဘဝတ္တု ၃၁း၁“I have made… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၃)