Skip to content

ခရစ္စမတ်စ်နှင့် နှစ်သစ်ကူး အခါသမယဆိုင်ရာ

လက်ဆောင်

“လက်ဆောင်” ဟု ဆိုလိုက်လျှင် ကောင်းမွန်သော အငွေ့အသက်တစ်ခုအား ခံစားမိတတ်ကြမည်။ မျက်လုံးထဲတွင်လည်း ပါဆယ်ထုတ်ထားသော ပစ္စည်းတစ်ခုခုအား ပြေးမြင်မိလေ့ရှိကြပါလိမ့်မည်။ ထို့အတူ လက်ဆောင်ရလျှင် ပျော်တတ်ကြသူများရှိသကဲ့သို့ လက်ဆောင်ပေးခြင်းအား နှစ်သက်သူများလည်းရှိကြသည်။ လက်ဆောင်ပေးခြင်းသည် ထိုသူအပေါ်၌ ဂရုစိုက်ခြင်း သို့တည်းမဟုတ် စေတနာရှိခြင်းများကြောင့်ဟု ဆိုနိုင်သကဲ့သို့ ထိုလက်ဆောင်အားလက်ခံရရှိသူသည်လည်း ပေးသူ၏ စိတ်အား ခံစားရနိုင်သကဲ့သို့ ဝမ်းမြောက်ဝမ်းသာစိတ်နှင့်လည်း ပျော်ရွှင်ခံစားရလေ့ရှိပါသည်။ ယခုကာလသည် လက်ဆောင်များ ပေးလေ့… Read More »လက်ဆောင်

၂၀၂၃

၂၀၂၃ ခုနှစ် နှစ်သစ်အခါသမယထဲသို့ အသက်ရှင်ခွင့်ကိုပေးသော ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ စာဖတ်သူ ချစ်သောညီကိုမောင်နှမများအသက်တာ၌လည်း ဘုရားရှင်ထံမှ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ကျေးဇူးတော်ရှိပါစေ။ ဒီကနေ့မှာတော့ အတိတ်ကာလနဲ့အနာဂတ်ကာလ အရာကိုပြန်လည်ရေတွက်ကာ ချီးမွမ်းပြင်ဆင်နိုင်ကြဖို့ အားပေးတိုက်တွန်းလိုပါတယ်။  ပထမဦးဆုံး အတိတ်ကာလကို ဆင်ခြင်ကြရအောင်။  သခင်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးသည့်နောက်ဖြတ်သန်းခဲ့ရတဲ့ ကာလတွေကိုပြန်လည်ဆင်ခြင်တဲ့အခါ၊ ဘုရားရှင်ကျွန်ုပ်တို့အပေါ်မှာ ပျက်ကွက်သွားဖူးခဲ့တဲ့အရာတွေရှိပါသလား။ အိမ်ခြံတိုက်တာကားတွေ တောင်းထားတာ ခုထိမပေးလို့ဆိုပြီး ကိုယ်တော်ပျက်ကွက်တယ်လို့တော့ မလုပ်လိုက်ပါနဲ့။  သခင့်ရဲ့ကျေးဇူးတော်နှင့်ကရုဏာတော်ဟာ ဒီကနေ့အသက်ရှင်နေချိန်ထိ ကြွယ်ဝစွာရှိပြီး၊ အသက်တာမှာစိတ်ချရသောတခုတည်းသော… Read More »၂၀၂၃

ချိုမြိန်ခြင်းအကြောင်း

အခြေအနေကို ကြည့်ရင်တော့ စိတ်ပျက်စရာ ဘေးဘယ်ညာ ကြည့်ပြန်လည်း အားငယ်စရာ စီးပွားရေးလား အဆင်မပြေသလိုလို ပညာရေးလား တန့်နေတုန်းပေါ့ အို … နိုင်ငံရေးလား ပြောမနေပါနဲ့တော့ … ချိုမြိန်ခြင်းဆိုတာ မေ့တေ့တေ့ ပျော်ရွှင်ခြင်းဆိုတာ ကြောက်ရွံ့ခြင်းများလား အနာဂတ်လည်း ပျောက်တောက်တောက်ရယ်ပေါ့။ နားလည်မိတယ် အတူတူခံစားမိတယ် နာကျင်မှုရယ် နာကျည်းမှုရယ်နဲ့ မပျော်တဲ့ နေ့များရယ် မပျော်နိုင်တဲ့ ညများရယ်နဲ့ မချိုမြိန်နိုင်ခဲ့ကြဘူး။… Read More »ချိုမြိန်ခြင်းအကြောင်း

အနှစ်သာရရှိသော Christmas

တစ်ရက်၌ ထမင်းဝိုင်းတွင်စကားပြောနေကြသည့်အကြောင်းမှာ ရေခွက်သည် မည်သူ့ခွက်ဖြစ်ကြောင်းပင် … သို့နှင့် တစ်ယောက်မှ အနီးဆုံးသည် သူ၏ခွက်ဟုဆိုလေသည်နှင့်တပြိုင်နက် ကျွန်ုပ်မှလည်း ရေခဲပါသောခွက်သည် ကျွန်ုပ်၏ခွက်ဟုပင် ဆိုလိုက်သေး၏။ သို့နှင့် ရေသာမြင်ကာ ရေခဲမမြင်ကြောင်းပြောဆို၍ တစ်ခန်းရပ်ကာ ဝါတီးဆက်ဆွဲခဲ့ကြပေတော့သည်။ လက်ရှိ ဤအချိန်ကာလသည် ဒီဇင်ဘာလလည်းဖြစ်သည့်နည်းတူ ကမ္ဘာတစ်ခုလုံးမှ အသိအမှတ်ပြုထားသော ခရစ္စမတ်ရာသီဟု ဆိုရလျှင်လည်း မမှားပါချေ။  ဤပွဲတော်၌ ဈေးရောင်းကြသည်။ဤပွဲတော်၌ ပျော်ကြသည်။ဤပွဲတော်၌ ခရီးထွက်ကြသည်။ဤပွဲတော်၌… Read More »အနှစ်သာရရှိသော Christmas

INTENTIONALLY

ရှင်ပေါလုသည် အာသင်မြို့၌ရှိစဥ်အခါ “ယေရှု၏တရားနှင့် ထမြောက်ခြင်းတည်းဟူသော ဧဝံဂေလိတရာကို ဟောသတည်း” ဟုကျမ်းစာတွင် တွေ့ရပေသည်။ သို့နှင့် ဆက်ဖတ်ကြည့်လျှင် ရှင်ပေါလုအား အာရေတောင်သို့ခေါ်သွားကာ သူတို့မသိသော ထိုအကြောင်းအရာအား သိချင်ပါသည်ဟု ဆိုကြသည်ကိုတွေ့ရသည်။ အာသင်မြို့သည် အတွေးအခေါ်ပညာရှင်များရှိရာမြို့၊ ရုပ်တုဆင်းတုပေါများရာမြို့လည်း ဖြစ်သည့်နည်းတူ နတ်ဘုရားများအား ကိုးကွယ်ဆည်းကပ်ကြရာမြို့လည်းဖြစ်သည်ကို ရှင်ပေါလုသိနားလည်သည်။ ထိုတည်းတူ ကျမ်းစာဖတ်သူ ကျွန်ုပ်တို့လည်း သိထားခဲ့ပြီးဖြစ်သည်။ အာသင်တို့၏ ပုံစံအခင်းအကျင်းနှင့် နတ်ဘုရားတို့အား… Read More »INTENTIONALLY

ခရစ္စမတ်သည် သင့်အတွက်ပါ

ဒီဇင်ဘာဆိုသည့် ချမ်းအေးလှသောရာသီတွင် “Christmas” ကိုကျင်းပကြသည်။ ထိုလတွင်လည်း ပြင်ဆင်မှုများပြုလုပ်ကြပေသည်။ လမ်းများတွင်လည်း မီးရောင်စုံများချိတ်ဆွဲကာ သစ်ပင်များ၌ဖြစ်စေ၊ ခြံစည်းရိုးများတွင်ဖြစ်စေ၊ အိမ်ခေါင်မိုးပေါ်၌ ကြယ်နီကြီးကို ချိတ်ဆွဲ၍ပင်ဖြစ်စေ အမျိုးမျိုးသော အလှဆင်ခြင်းများကို လုပ်ဆောင်လေ့ရှိသော လတစ်လဟုခေါ်ဆိုရမည်ဆိုလျှင်လည်း မှားမည်မထင်ပါ။ စီးပွားရေးလုပ်ငန်းရှင်များသည်လည်း သူတို့၏ စားသောက်ဆိုင်၊ ကုန်တိုက်၊ ဟော်တယ် စသဖြင့်တို့တွင် အလှဆင်ခြင်းများကို ဆွဲဆောင်မှုတစ်ခုအနေဖြင့် လုပ်ကြသကဲ့သို့ စီးပွားရေးချဲ့ထွင်နိုင်ရန် “Economic Boosting”… Read More »ခရစ္စမတ်သည် သင့်အတွက်ပါ

၂၀၂၁ ခရစ္စမတ်စ်

ငယ်စဉ်ကဆို နှစ်တနှစ်ရဲ့အဆုံးပိုင်းလ ဒီဇင်ဘာလရောက်တာနဲ့ ပျော်စရာအကောင်းဆုံးအချိန်ဆိုပြီးသတ်မှတ်ထားခဲ့ဖူးပါတယ်။ ဘာလို့ဆို ချမ်းအေးတဲ့ရာသီဥတုကိုခံစားရတယ်၊ ဝိုင်းဖွဲ့ကာခရစ္စမတ်စ်သီချင်းတွေဆိုရတယ်၊ ဟိုကနေဒီကနေအစားသောက်တွေစားရတယ်၊ ပျော်ပွဲရွှင်ပွဲတွေကျင်းပကြတယ်။ ဒီလိုအရာမျိုးတွေနဲ့ပဲ ဒီဇင်ဘာကို နှစ်တိုင်းပျော်ရွှင််စွာဖြတ်သန်းခဲ့ပါတယ်။  ဆယ်ကျော်သက်လူငယ်အရွယ်ရောက်လာပြန်တော့လည်း အသင်းတော်မှာပါဝင်ကာ Carol singing တွေထွက်၊ ချက်ပြုတ်စားသောက်၊ midnight service တွေမှာအိပ်ငိုက်ပြီးပါဝင်ခဲ့တာတွေနဲ့ ဒီဇင်ဘာကို ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ပါသေးတယ်။  တနှစ်သောဒီဇင်ဘာကတော့ စာရေးသူကိုအကြီးအကျယ်တုန်လှုပ်စေခဲ့ပါတယ်။ အိမ်တအိမ်မှာ carol ဆိုရင်း အိမ်ရှင်ကကိုယ့်လက်ထဲလာထည့်ပေးတဲ့ စာအိတ်ကိုကြည့်ပြီးတွေဝေသွားပါတယ်။… Read More »၂၀၂၁ ခရစ္စမတ်စ်

Christmas ရဲ့ အနှစ်သာရ

Merry Christmas to you all … “မိတ်ဆွေများအားလုံး ဝမ်းမြောက်ဖွယ် ခရစ္စမတ်စ် ပါ” လို့ရှေးဦးစွာ နှုတ်ခွန်းဆက်ပါရစေ။ Christmas ဟာ ဘာကြောင့်ဝမ်းမြောက်စေတာလဲဆိုရင် ဒီ Christmas ရဲ့ အဓိကဖြစ်တဲ့ သခင် “ယေရှု” ရဲ့ လူ့ဇာတိအဖြစ် ဆင်းကြွလာရတဲ့ အကြောင်းရင်းကြောင့်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချို့က သမိုင်းအထောက်အထားတွေနဲ့ သခင် “ယေရှု” ဟာ… Read More »Christmas ရဲ့ အနှစ်သာရ

“ပထမဦးဆုံး” ဆိုတဲ့ ဂုဏ်ပုဒ်များဖြင့် သမိုင်းဝင်ခဲ့သော အပိုလို – ၈ မစ်ရှင်နှင့် လကမ္ဘာမှ ခရစ္စမတ်စ်

ခရစ္စမတ်စ်ကာလရောက်တဲ့အခါတိုင်းမှာ “ပထမဦးဆုံး” ဆိုတဲ့ ဂုဏ်ပုဒ်များနဲ့ သမိုင်းဝင်ခဲ့တဲ့ အပိုလို – ၈ မစ်ရှင်ကို ပြန်လည်အောက်မေ့တမ်းတမိပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ဟာဆိုရင် (၅၁) နှစ်မြောက် အပိုလို – ၈ မစ်ရှင်နေ့ဖြစ်ပါတယ်။ ဒီ မစ်ရှင်က ကျွန်တော်တို့လူသားတွေကို အာကာသသိပ္ပံနဲ့ပတ်သက်ပြီး အချက်အလက်အသစ်၊ အတွေ့အကြုံအသစ်၊ ဗဟုသုတအသစ်၊ စိတ်ခွန်အားအသစ်၊ ကမ္ဘာဂြိုလ်ကို ရှုမြင်တဲ့ အတွေးအမြင်အသစ်တွေပေးခဲ့သလို… Read More »“ပထမဦးဆုံး” ဆိုတဲ့ ဂုဏ်ပုဒ်များဖြင့် သမိုင်းဝင်ခဲ့သော အပိုလို – ၈ မစ်ရှင်နှင့် လကမ္ဘာမှ ခရစ္စမတ်စ်