Mutation ဆိုသည်မှာ အဘယ်နည်း။
Mutation ဆိုသည်မှာ DNA အမျှင်တွင် ဖြစ်ပေါ်သော ချို့ယွင်းပြောင်းလဲမှုဖြစ်သည်။ ၎င်းသည် DNA ပုံတူကူးပွားသည့်အခါ အမှားအယွင်းဖြစ်သွားခြင်းကြောင့်သော်လည်းကောင်း၊ ခရမ်းလွန်ရောင်ခြည်၊ ဆေးလိပ်ငွေ့ကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေများကြောင့်သော်လည်းကောင်း ဖြစ်လာနိုင်သည်။ ကျွန်ုပ်တို့ဘဝသက်တမ်းတလျှောက်လုံး၌ DNA အမျှင်ရှိ A, T, G, C ဘေ့စ်များတွင် mutation များဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်၍ ၎င်းတို့မှ ဖွဲ့စည်းဖြစ်ပေါ်လာသော protein သည်လည်း ပြောင်းလဲမှုများဖြစ်ပေါ်လာမည်ဖြစ်သည်။… Read More »Mutation ဆိုသည်မှာ အဘယ်နည်း။