Skip to content

ဆင်ခြင်တုံတရားဆိုင်ရာ

ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပြီး ပြိုင်ပွဲထဲမှာမရှိ

ခေါင်းစဉ်ကိုယ်၌က ရှင်းပါတယ် … အထူးအထွေ ရှင်းပြပြောဆိုနေစရာ လိုမယ်လို့ မထင်။သမ္မာကျမ်းစာထဲမှာ အမှုတော်ဆောင်ခြင်းကို ပြိုင်ပွဲတစ်ခု သို့မဟုတ် အပြေးပြိုင်ပွဲတစ်ခုပမာ နှိုင်းယှဉ်တင်ပြထားတာမျိုးကို အကြိမ်ကြိမ် တွေ့ရပါတယ်။ ဒီနေရာမှာ သတိထားရ မယ့်အရာကတော့ ကိုယ်ပြေးရမယ့်လမ်းကြောင်းကို သိဖို့လိုတယ် (ဖိလိ ၂း၁၆၊ ၃း၁၄) Philippians 2:16 – သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုး… Read More »ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပြီး ပြိုင်ပွဲထဲမှာမရှိ

သမ္မာတရားအထက် မည်သူမျှ မရှိရ

အရင်ဆုံး ကျွန်တော်အနေနဲ့ နိုင်ငံရေးလည်း မပြောချင်သလို၊ ပုဂ္ဂိုလ်ရေးလည်း မပြောချင်ပါဘူး … ကျွန်တော် ဦးတည်ပြီး ပြောသွားမှာက သမ္မာတရားအကြောင်း အရာပဲ (အထူးသဖြင့် ခရစ်ယာန်တွေအတွက်) ဖြစ်တယ် ဆိုတာ ထပ်ပြီးပြောချင်ပါတယ်။ ဒါပေမယ့် နောက်တစ်ချက်က သမ္မာတရား ပြောပြီဆိုရင်လည်း နိုင်ငံရေးပဲဖြစ်ဖြစ် – ပုဂ္ဂိုလ်ရေးပဲ ဖြစ်ဖြစ် မသမ္မာမှု ပါလာရင်တော့ ဆက်စပ်ပြီး ထည့်ပြောရတာလည်း ရှိတယ်ဆိုတာကို… Read More »သမ္မာတရားအထက် မည်သူမျှ မရှိရ

အမုန်းစကား ပယ်ရှား

ဖြည်း​ညင်း​သော စ​ကား​သည် စိတ်​ကို​ဖြေ​တတ်၏။ ကြမ်း​တမ်း​သော​စ​ကား​မူ​ကား၊ အ​မျက်​ကို နှိုး​ဆော်​တတ်၏။ ပ​ညာ​ရှိ​သော​သူ၏​လျှာ​သည် ပ​ညာ​အ​တတ်​ကို တင့်​တယ်​စေ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​သော​အ​ရာ​ကို သွန်း​လောင်း​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ခပ်​သိမ်း​သော​အ​ရပ်၌​ရှိ၍၊ ကောင်း​မ​ကောင်း​ကို ကြည့်​ရှု​တော်​မူ၏။ ဖြည်း​ညင်း​သော​လျှာ​သည် အ​သက်​ဖြစ်၏။ ကြမ်း​တမ်း​သော​လျှာ​မူ​ကား စိတ်​နာ​စေ​တတ်၏။ မိုက်​သော​သူ​သည် အ​ဘ​သွန်​သင်​ခြင်း​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ သ​မ္မာ​သ​တိ​နှင့်​ပြည့်​စုံ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​အိမ်၌ များ​စွာ​သော စည်း​စိမ်​ရှိ၏။ မ​တ​ရား​သော​သူ​ခံ​ရ​သော​အ​ခွန်​မူ​ကား၊… Read More »အမုန်းစကား ပယ်ရှား

ကျန်းမာ၊ ချမ်းသာ သတင်းကောင်းရဲ့ နိဂုံးချုပ်

လွဲမှားတဲ့ အယူဝါဒ၊ သွန်သင်ချက် ဆိုတာက ဘာသာတရားတိုင်းမှာ ကြုံရတတ်တဲ့ အကြီးမားဆုံး ‌ပြဿနာ တစ်ခုပါ။ ယ‌နေ့ နှစ်ပေါင်းနှစ်ထောင်ကျော်‌နေပြီဖြစ်တဲ့ ခရစ်ယာန် အသင်းတော်ရဲ့ သမိုင်းကို လေ့လာကြည့်ရင် ရာစုနှစ်တိုင်းမှာ ရှေးရိုးခရစ်ယာန် ယုံကြည်ခြင်းမှ သွေဖယ်ပြီး လွဲမှားတဲ့ အယူဝါဒ၊ သွန်သင်ချက် မြောက်များစွာ ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းမှာ သက်သေ သာဓကများစွာ လေ့လာတွေ့ရှိရပါတယ်။ ဒီလို ဖြစ်လာမယ်ဆိုတာကို ဓမ္မသစ်ကျမ်းမှာ… Read More »ကျန်းမာ၊ ချမ်းသာ သတင်းကောင်းရဲ့ နိဂုံးချုပ်

ခရစ်ယာန်တို့၏ မင်္ဂလာဆောင်ခြင်းအမှု နှင့် သစ္စာသံဝါသပြုခြင်း

ဧဖက်သြဝါဒစာ အခန်းကြီး ၅ အငယ် ၂၂ မှ ၃၃ အထိဟာ ယုံကြည်သူများ၏ “လက်ထပ်ခြင်း” ကို သေချာစွာ ဖော်ပြထားပါတယ်။“လက်ထပ်ခြင်း”ရဲ့ အနှစ်သာရ အဓိပ္ပာယ်နဲ့ ၎င်းဟာ သမ္မာတရားနဲ့အညီ ဘယ်လိုမျိုးဖြစ်တယ်ဆိုတာကိုပါ ဖော်ပြထားပါတယ်။အရင်ဆုံးပြောချင်တာက “လက်ထပ်ခြင်း”ဆိုတဲ့အရာကို ဖန်တီးသူဟာ ဘုရားသခင် ကိုယ်တော်တိုင် ပဲဖြစ်ပါတယ်။ အဖဘုရားဟာ အသင်းတော်အတွက် သူရဲ့အကြံအစည်တော်ကို ဖွင့်မပြခင် ဇနီးမောင်နှံနှစ်ဦး အတွက်… Read More »ခရစ်ယာန်တို့၏ မင်္ဂလာဆောင်ခြင်းအမှု နှင့် သစ္စာသံဝါသပြုခြင်း

Covid-19 ကြားက ငြိမ်သက်ခြင်းအရှင်

ကျွန်တော်တို့အများစုက ဘုရားသခင် အကြောင်းပြောကြတဲ့အခါမှာ ဘုရားသခင်ရဲ့ တန်ခိုးတော်အကြောင်းအရာပဲ ပြောဖြစ်လေ့ ရှိကြတယ်။ ဘုရားလို့ ပြောလိုက်ရင်လည်း သူက တန်ခိုးတော်ရှင် အရာခပ်သိမ်းကို တတ်နိုင်တယ်၊ ဘာမဆို လုပ်ပေးနိုင်တယ်၊ အကုန်လုံးပေါ်မှာ အစိုးရတယ် ဆိုတာပဲ ကြားချင်ကြတယ်။ နောက်တစ်ခုရှိသေးတာက – “ဘုရား” တကြတဲ့အခါမှာပဲ ကြည့်လိုက် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်စွမ်းမရှိတော့တဲ့အခါမှာ လုပ်ဆောင်ပေးမယ့်သူ (လုပ်ဆောင်ပေးနိုင်သူ) ဘုရားသခင်ကိုပဲ တကြတာများတယ်ဆိုတာ… Read More »Covid-19 ကြားက ငြိမ်သက်ခြင်းအရှင်

ဘုရားကို ကိုးစားခြင်းက ဉာဏ်ပညာမဲ့စွာ အသက်ရှင်ခြင်းမဟုတ်

လက်ရှိဖြစ်ပျက်နေတဲ့ ယုံကြည်မှု ပွတ်တိုက်ခြင်း Friction of Faith ကနေဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုတွေ့မြင်ရာက သမ္မာတရားအားဖြင့် မိမိဆင်ခြင်မိတာကို share ချင်ပါတယ်။ အထူးသဖြင့် ယုံကြည်သူ ညီအစ်ကိုမောင်နှမတွေ အတွက်ပါ။ Christianity ရဲ့ exclusiveness က ဘုရားကိုသာ ယုံကြည်အားကိုးခြင်း ဖြစ်ပါတယ်။ (faith in God) ပါ။ဝိညာဉ် ရွေးနှုတ်ခြင်းခံရဖို့ လူ(မိမိအပါအ၀င်) ကို ကိုးစားလို့ (တနည်း)… Read More »ဘုရားကို ကိုးစားခြင်းက ဉာဏ်ပညာမဲ့စွာ အသက်ရှင်ခြင်းမဟုတ်

Stay home and Wash your mind

အခု လက်ရှိဖြစ်နေတဲ့ Covid-19 ကြောင့် ကျွန်တော်တို့ နိုင်ငံမှာလည်း ကူးစက်မှုတွေရှိလာတာနဲ့အမျှ အစိုးရက အတတ်နိုင်ဆုံး (ကိုယ့်နိုင်ငံ Level နဲ့အညီ) ကြိုးစား ဖြေရှင်းနေကြတာကို တွေ့ရပါတယ်။ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ နဲ့ အခြားအဖွဲ့အစည်းများအားလုံးလည်း ပြည်သူတွေနဲ့အတူ Covid-19 ကို ဝိုင်းဝန်းတိုက်ခိုက်နေကြပါတယ် (ဝိုင်းဝန်းတိုက်ခိုက်ရမယ့် အချိန်လည်းဟုတ်တယ်)။ အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း နိုင်ငံသားတိုင်း (ဘယ်ဘာသာမဆို)… Read More »Stay home and Wash your mind

သန့်ရှင်းသော ချစ်သူများနေ့

ချစ်ကြိုက်ကာ မေတ္တာမျှကြသည်မှာ လူ့သဘာဝပင်ဖြစ်သည်။ မေတ္တာဟူသည်မှာ အလွန်လှပသောအရာပင်ဖြစ်သည်။ သို့သော် ယနေ့ခေတ်ခါတွင် ထိုမေတ္တာဟူသည်ကို တလွဲအနက်ဖွင့်လာကြသည်။ ယုံကြည်သူများသည်လည်း လွဲမှားစွာ နားလည်ကာ အမှားကို အမှန်မှတ်လို့ မေတ္တာပြသည့်အနေဖြင့် မိမိတန်ဖိုးရှိလှသော အပျို/လူပျိုဖြစ်ခြင်းကို အပြစ်၏ တန်ဆာ ဖြစ်စေတတ်ကြသည်။ “အချင်းလူပျို သင်ချစ်သော ညီမကို တန်ဖိုးထားပါ”“အချင်းပျိုမယ် သင်ချစ်သော အကိုကို လေးစားပါ” မေတ္တာထားပါ၊ တန်ဖိုးထားပါအပြစ်ကို အပြစ်ဟု… Read More »သန့်ရှင်းသော ချစ်သူများနေ့