Skip to content

ဆင်ခြင်တုံတရားဆိုင်ရာ

ဝမ်းဆွဲမတို့၏ မနာခံခြင်း

တိုးပွားမြဲတိုးပွား များပြားမြဲများပြားလာသော ဣသရေလလူမျိုးများကြောင့် ဖာရောအပါအဝင် အဲဂုတ္တုလူတို့သည် အင်မတန် စိတ်ညစ်နေကြရသည်။ ထို့ကြောင့် ပို၍ပို၍ တရားလက်လွတ်စေခိုင်းကြသည် နှိပ်စက်ကြပေသည်။ ဖိနှိပ်ခြင်းများစွာခံရကာ မတရားသဖြင့်စေခိုင်းခံရသောကြောင့် ဣသရေလလူမျိုးများသည် အုတ်ဖုတ်ရခြင်း၊ လယ်လုပ်ရခြင်း စသည့် ခက်ခက်ခဲခဲလုပ်ရသောအလုပ် ပင်ပင်ပန်းပန်းလုပ်ရသော အလုပ်အမျိုးမျိုးတို့ကို လုပ်ကြရပေသည်။ ကျွန်ပြုထားသည့်အတွက်လည်း သူတို့၏လုပ်အားခဖြစ်သော အခကြေးငွေကိုပင် မပေးဘဲနေကြသည်မှာ မြေကြီးလက်ခပ်မလွဲပေ။ အစာကိုလည်း ဝလင်စွာ မစားရနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော်… Read More »ဝမ်းဆွဲမတို့၏ မနာခံခြင်း

ဆင်ခြင်သုံးသပ်ကာ ပြင်ဆင်ခြင်း

တစ်ရက်တစ်ရက်နှင့် နေဝင် မိုးချုပ် သွားလာကာ ရှင်သန်လှုပ်ရှားနေကြသော ကျွန်ုပ်တို့သည် တစ်နေ့တာလုံးအတွက် ပြန်လည်ကာ ဆင်ခြင်သုံးသပ်သည့် အလေ့အထကို လုပ်လေ့သိပ်မရှိကြပါ။ လုပ်လေ့ရှိလျှင်လည်း တခါတရံတွင် မေ့လျော့ကာ မလုပ်မိခဲ့သည့်ကာလလည်း ရှိကြတတ်သည်။ မိမိတို့၏ အသက်တာ၌ နေ့စဥ်လုပ်ဆောင်သမျှတို့အား မဆင်ခြင်မိလျှင် မည်မျှ အပြစ်ပြုမိနေသည်ကိုပင် မသိရှိတတ်ကြတော့ကာ ပြုမိမှန်းပင်မသိ၊ ပြုမိမြဲပြုမိနေပေလိမ့်မည်။ ဥပမာဆိုရလျှင်ဖြင့် မိမိ၏ စိတ်ဆိုးဒေါသထွက်ခြင်း စိတ်ကြီးခြင်းတို့အား ပြင်ဆင်ရန်လိုအပ်သည်ကိုပင်… Read More »ဆင်ခြင်သုံးသပ်ကာ ပြင်ဆင်ခြင်း

ပဋိပက္ခ – ၁၀

တခါတရံတွင် ကျွန်တော်တို့သည် စကားပြောနေချိန်တွင်ဖြစ်စေ၊ အဖြစ်အပျက် အကြောင်းအရာတစ်ခုကြောင့်ဖြစ်စေ၊ အခြေအနေအလိုက် ရုတ်တရက် နှုတ်မှ စီးထွက်လာတတ်သည့် ညစ်ညူးသော စကားများရှိနေတတ်ကြသည်။ ဥပမာ ဘာရယ်မဟုတ်သော်လည်း “စောက်” ဟုအသုံးပြုမိခြင်း၊ ဘာရယ်မဟုတ်သော်လည်း အခြားသော ညစ်ညူးရာစကားများကို အသုံးပြုမိခြင်းဟု ဆိုကြပါစို့။ “စကားစကား ပြောဖန်များ၊ စကားထဲက ဇာတိပြ” “စကားများ အမှားပါ” စသည့် စကားပုံများအတိုင်း ဘာရယ်မဟုတ်ပြောမိရာမှတဆင့် အမှားပါကာ… Read More »ပဋိပက္ခ – ၁၀

သမ္မာတရား၌သာ ရပ်တည်သူ

နှစ်ခြင်းဆရာ​ဟောဟန်ကို သမ္မာတရား၌သာ ရပ်တည်သူ၊ မှားယွင်းခြင်းများကို ​ထောက်ပြတတ်သူ၊ အမှန်တရားကိုမြတ်နိုး၍ အဓမ္မတရားကို ရွံရှာသူဟု သမုတ်နိုင်​ပေသည်။ ​ထို့အပြင် နှစ်ခြင်းဆရာယောဟန်ကို သခင်​ယေရှု၏ ​ရှေ့​ပြေးဟုဆိုနိုင်သည်။ သူသည် လူများကို ​နောင်တရရန် တရား​ဟောသူ၊ ​ရေနှစ်ခြင်း​ပေးသူ၊ သမ္မာတရားနှင့်အညီ သွန်သင်တတ်​သောသူလည်းဖြစ်သည်။ ​ဟေရုဒ်မင်း ဆိုသူသည် တစ်ရက်တွင် အိမ်​ထောင်​ရေး​ဖောက်ပြန်ခဲ့သည်။ သူသည် သူ၏ညီ ဖိလိပ္ပု၏မိန်းမ ​ဟေ​ရောဒိနှင့် လိင်ပိုင်းဆိုင်ရာ ​ဖောက်ပြန်ခဲ့ကြသည်။… Read More »သမ္မာတရား၌သာ ရပ်တည်သူ

အဓမ္မအမှုသည် လူမ​ရွေးပါ

ဟာမန်သည် ​မော်ဒဂဲနှင့် သူ၏လူမျိုးများအား အကုန်အစင်သတ်ပစ်ရန် ပြင်ဆင်ခဲ့သည်။ ထိုအရာသည် ယ​​နေ့​ခေတ်တွင် ထင်ရှား​သော (Genocide) လူမျိုးတုန်းသတ်ဖြတ်ခြင်းပင်ဖြစ်သည်။ ထိုသို့သတ်ဖြတ်ခြင်းကိုလုပ်​ဆောင်လျှင် ဟာမန်အတွက် ပြဿနာ​တွေ့နိုင်သည်၊ လူအစုလိုက်အပြုံလိုက်သတ်မှုဖြစ်နိုင်ပေ​သော​ကြောင့် ဥပ​ဒေနှင့် ငြိစွန်းနိုင်သည်။ ထို့​ကြောင့်ဟာမန်သည် စနစ်တကျစီစဥ်ခြင်း၊ ပြင်ဆင်ခြင်းများကို ​သေ​သေချာချာလုပ်​ဆောင်၍ ရှင်ဘုရင်လက်ခံ​စေရန်​ ကြံစည်ကာဆောင်ရွက်ခဲ့​ပေသည်။ ထို့​ကြောင့် ရှင်ဘုရင်၏ သ​ဘောတူညီမှုရ​သွားသော​ကြောင့် ဟာမန်၏ စနစ်တကျ ဥပ​ဒေ​ဘောင်အတွင်းမှ အကြမ်းဖက်ခြင်းသည် မည်သူမျှအပြစ်တင်ခွင့်မရ၊… Read More »အဓမ္မအမှုသည် လူမ​ရွေးပါ

ချစ်သော လူငယ်သို့ (နောက်ဆုံးပိုင်း)

ဒီခေတ်ကာလဟာ အင်မတန်မှ influencer များတဲ့ခေတ်ကာလပါ။ အထူးသဖြင့် social media တွေပေါ်မှာ အများဆုံးမြင်တွေ့ရနိုင်သလို၊ ထိုနေရာတွေကနေပဲ လွယ်လွယ်ကူကူနဲ့ အကောင်းရောအဆိုးနဲ့ပါ လူတွေကို လွှမ်းမိုးမှုပေးနိုင်သောကြောင့်ပါပဲ။  “သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။”ရောမဩဝါဒစာ ၁၂း၂ (က) “Do not be conformed to this world,”Romans 12:2 (A) ဒီကနေ့လောကကြီးရဲ့ရေစီးကြောင်းထဲမှာ မြောပါနေကြရသူတို့အဖို့… Read More »ချစ်သော လူငယ်သို့ (နောက်ဆုံးပိုင်း)

ပဋိပက္ခ – ၅

အာဗြဟံဟု အမည်မပြောင်းမီ အာဗြံနှင့် လောတတို့ ခါနာန်ပြည်တောင်ပိုင်းသို့ရောက်သည့်နောက်တွင် နှစ်ယောက်သား ပစ္စည်းဥစ္စာသာ၍သာ၍ တိုးပွားလာကြသည်။ “အာဗြံသည် သိုး၊ နွားစသည်တို့ကိုလည်းကောင်း၊ ရွှေငွေကိုလည်းကောင်း အလွန်ရတတ်၏” ဟုဖော်ပြထားသကဲ့သို့ “အာဗြံနှင့်အတူလိုက်သော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်” ဟူ၍တွေ့ရပေသည်။ ထိုသူနှစ်ဦးတို့၏ တိုးပွားခြင်းသည် မြေကြီးပင်မဆံ့နိုင်ပေ။ “ဥစ္စာများလွန်း၍ သူတို့သည် တရပ်တည်း မနေနိုင်ကြ” ဟုလည်း ကျွန်ုပ်တို့ တွေ့နိုင်ပေသည်။… Read More »ပဋိပက္ခ – ၅

ချစ်သော လူငယ်သို့ – အပိုင်း(၁၂)

သင်​တို့​တွင် အ​တတ်​အ​လိ​မ္မာ​နှင့်​ပြည့်​စုံ​သော ပ​ညာ​ရှိ တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်၊ ထို​သူ​သည် ပ​ညာ၏ နူး​ညံ့​သိမ်​မွေ့​ခြင်း​နှင့်​တ​ကွ၊ ကောင်း​မြတ်​သော ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် မိ​မိ​အ​မှု​တို့​ကို ပြ​ပါ​စေ။ရှင်ယာကုပ်ဩဝါဒစာ ၃း၁၃Who is wise and understanding among you? By his good conduct let him show his works in the meekness… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၁၂)

အထက်အရပ်မှလာသော ပညာ

ထာဝရဘုရားသည် ပညာကိုပေး​တော်မူတတ်သည်ဟူ၍ ကျွန်ုပ်တို့သိကြသည်။ ထိုဥာဏ်ပညာကို “Wisdom” ဟုဆိုပေသည်။ ၎င်းသည် မည်မျှအ​ရေးပါသနည်း၊ ထို Wisdom ဆိုသည်မှာ ဘာကိုဆိုသည်ကိုလည်း သိဖို့ရန်အတွက် အင်မတန်အ​ရေးကြီးပါသည်။ “Wisdom is the ability to know what is true or right.” ဆိုသည့် ဖွင့်ဆိုချက်များစွာထဲမှ တစ်ခုကို ကျွန်တော် မှတ်မိပါသည်။… Read More »အထက်အရပ်မှလာသော ပညာ