Skip to content

သမစိတ္တ(လူ့ကျင့်ဝတ်)ဆိုင်ရာ

ပဋိပက္ခ – ၁၃

သင်းအုပ်စာစောင်ဟု သတ်မှတ်လေ့ရှိသော တိမောသေ၊ တိတု စသည်တို့ကို မိမိနှင့် သိပ်မဆိုင်သကဲ့သို့ ခံယူတတ်ကြသည်။ သို့သော် ဤစာစောင်များသည် မိမိတို့အား တိုက်ရိုက် ပေးပို့ခြင်းမဟုတ်သော်လည်း ကျွန်ုပ်တို့၏ လက်ရှိခေတ်ကာလအခြေအနေတွင်၊ လက်ရှိအသက်တာတွင်၊ လက်ရှိအသင်းတော်တွင် စသည်ဖြင့် လက်တွေ့ မည်သို့ “Apply” လုပ်ရမည်ကိုတော့ ဆင်ခြင်ရပေလိမ့်မည်။ ထို့ကြောင့် ဤသင်းအုပ်စာစောင်မှ ပဋိပက္ခဆိုင်ရာ ရှုထောင့်တစ်ခုကို ထုတ်နှုတ်ဆွေးနွေးဖို့ရန် တင်ပြလိုက်ပါသည်။ #Must_Not_Strive
… Read More »ပဋိပက္ခ – ၁၃

စာချွန်လွှာမှ မိန့်မှာစကား

ရောင့်ရဲခြင်းရှိတတ်စေရန် ရှင်ပေါလုသတိပေးခဲ့ရုံမျှမက ချမ်းသာသောသူ သို့တည်းမဟုတ် ငွေရတတ်သောသူများကိုလည်း မိန့်မှာထားခဲ့သည်မှာ “Command those who are rich” ဆိုသည့်စာသားသည် သက်သေပင် … အများသောအားဖြင့် ချမ်းသာသူများ၊ ငွေရတတ်သူများသည် မိမိတို့၏ ခွန်အားကြောင့်ဟု ထင်မြင်တတ်ကြသဖြင့် ထိုသို့မဖြစ်ကြစေရန်သော်လည်းကောင်း၊ မိမိတို့၏ ကြွယ်ဝချမ်းသာခြင်းများအပေါ်၌ ဂုဏ်ယူဝင့်ကြွားခြင်း၊ မာနထောင်လွှားခြင်း မရှိကြစေရန်လည်းသော်လည်းကောင်း၊ ဤသို့သောသူများသည် မိမိတို့၏ ပိုင်ဆိုင်မှုများအပေါ်၌သာ ကိုးစားတည်ဆောက်လေ့ရှိတတ်ကြသဖြင့်… Read More »စာချွန်လွှာမှ မိန့်မှာစကား

ထိုနည်းတူ ပြုလော့

ရှင်လုကာခရစ်ဝင် အခန်းကြီး (၁၀) ထဲတွင် တွေ့ရသော ရှမာရိမဟုတ်သော သူနှစ်ဦးသည် နယ်နယ်ရရတော့ မဟုတ်ပါ၊ ခေတ်စကားအရဆိုရလျှင် အချဥ်မဟုတ်သူများပင် … ပထမတစ်ဦးသည် ယဇ်ပုရောဟိတ် “Priest” ဖြစ်သည်။ ထိုခေတ်ကာလအချိန်သည် ယဇ်ပုရောဟိတ်သာလျှင် မီးရှို့ရာယဇ်၊ ဘောဇဥ်ပူဇော်သက္ကာ စသဖြင့် ပူဇော်သက္ကာလုပ်ပေးနိုင်သူဖြစ်သည်။ ထို့ကြောင့် သူ၏ အရေးပါပုံသည် ပေါ့သေးသေးတော့ မဟုတ်ချေ … ဒုတိယတစ်ဦးမှာ လေဝိ… Read More »ထိုနည်းတူ ပြုလော့

ရှည်သောစိတ်

စိတ်တိုခြင်း၊ စိတ်ဆိုးခြင်းတို့သည် မိမိတို့ကိုယ်တိုင်အတွက်သာမက မိမိတို့၏ဘေးပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတတ်သော စိတ်ခံစားချက်တို့အား အခြေပြုထားသည့် စနက်တံတစ်ခုလည်းဖြစ်သည်။ ထိုစနက်တံသည် အခြေအနေတစ်ခုဖြစ်စေ၊ စကားတစ်ခွန်းကြောင့်ပင်ဖြစ်စေ လွတ်ထွက်သွားတတ်ကြပေသည်။ ထိုမှတဆင့် စိတ်မရှည်တော့ကာ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်များနှင့် စိတ်အလိုလိုက်၍ ပြောမိခြင်းများ စသဖြင့်တို့သည် အစပြုလာကာ စိတ်ဆိုးခြင်း၊ စိတ်တိုခြင်းကို ဖြစ်ပေါ်လာစေပြီးနောက်တွင် ထိုမှထပ်ဆင့်၍ အရာရာထိခိုက်သွားတတ်ပေသည်မဟုတ်ပါလား။ ထိုသို့သောအဖြစ်အပျက်များစွာအား ကျွန်ုပ်တို့သည် မိမိတ်ို့ကိုယ်တိုင်ဖြစ်စေ၊ မိမိတို့၏ ပတ်ဝန်းကျင်တွင်ဖြစ်စေ… Read More »ရှည်သောစိတ်

ဝမ်းဆွဲမတို့၏ မနာခံခြင်း

တိုးပွားမြဲတိုးပွား များပြားမြဲများပြားလာသော ဣသရေလလူမျိုးများကြောင့် ဖာရောအပါအဝင် အဲဂုတ္တုလူတို့သည် အင်မတန် စိတ်ညစ်နေကြရသည်။ ထို့ကြောင့် ပို၍ပို၍ တရားလက်လွတ်စေခိုင်းကြသည် နှိပ်စက်ကြပေသည်။ ဖိနှိပ်ခြင်းများစွာခံရကာ မတရားသဖြင့်စေခိုင်းခံရသောကြောင့် ဣသရေလလူမျိုးများသည် အုတ်ဖုတ်ရခြင်း၊ လယ်လုပ်ရခြင်း စသည့် ခက်ခက်ခဲခဲလုပ်ရသောအလုပ် ပင်ပင်ပန်းပန်းလုပ်ရသော အလုပ်အမျိုးမျိုးတို့ကို လုပ်ကြရပေသည်။ ကျွန်ပြုထားသည့်အတွက်လည်း သူတို့၏လုပ်အားခဖြစ်သော အခကြေးငွေကိုပင် မပေးဘဲနေကြသည်မှာ မြေကြီးလက်ခပ်မလွဲပေ။ အစာကိုလည်း ဝလင်စွာ မစားရနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော်… Read More »ဝမ်းဆွဲမတို့၏ မနာခံခြင်း

ဆင်ခြင်သုံးသပ်ကာ ပြင်ဆင်ခြင်း

တစ်ရက်တစ်ရက်နှင့် နေဝင် မိုးချုပ် သွားလာကာ ရှင်သန်လှုပ်ရှားနေကြသော ကျွန်ုပ်တို့သည် တစ်နေ့တာလုံးအတွက် ပြန်လည်ကာ ဆင်ခြင်သုံးသပ်သည့် အလေ့အထကို လုပ်လေ့သိပ်မရှိကြပါ။ လုပ်လေ့ရှိလျှင်လည်း တခါတရံတွင် မေ့လျော့ကာ မလုပ်မိခဲ့သည့်ကာလလည်း ရှိကြတတ်သည်။ မိမိတို့၏ အသက်တာ၌ နေ့စဥ်လုပ်ဆောင်သမျှတို့အား မဆင်ခြင်မိလျှင် မည်မျှ အပြစ်ပြုမိနေသည်ကိုပင် မသိရှိတတ်ကြတော့ကာ ပြုမိမှန်းပင်မသိ၊ ပြုမိမြဲပြုမိနေပေလိမ့်မည်။ ဥပမာဆိုရလျှင်ဖြင့် မိမိ၏ စိတ်ဆိုးဒေါသထွက်ခြင်း စိတ်ကြီးခြင်းတို့အား ပြင်ဆင်ရန်လိုအပ်သည်ကိုပင်… Read More »ဆင်ခြင်သုံးသပ်ကာ ပြင်ဆင်ခြင်း

ပဋိပက္ခ – ၁၂

စိတ်ဆိုးဒေါသထွက်နေသည့် အခိုက်အတန့်သော်လည်းကောင်း တစ်ယောက်နှင့်တစ်ယောက် စိတ်သဘောထား မတိုက်ဆိုင်ခြင်းကြောင့်သော်လည်းကောင်း စကားများရန်ဖြစ်တတ်ကြသည့် အခြေအနေအရပ်ရပ်တို့သည် တစ်ဦးနှင့်တစ်ဦးပင် စကားမပြောချင်တော့လောက်အောင်ဖြစ်စေ မျက်နှာချင်း မဆိုင်ချင်နိုင်လောက်သည်အထိပင်ဖြစ်စေ စသဖြင့်သော ခံစားချက်များလည်း ဖြစ်တတ်ကြပေသည်။ ထိုအဖြစ်မှတဆင့် စိတ်ဆိုးစိတ်ကောက်ရုံနှင့် မပြီးတော့ဘဲ စိတ်နာသည်အထိဖြစ်လာစေကာ ရင်းနှီးမှုပျက်ပြားသွားတတ်လေသည်။ ဤသို့ဖြင့် အပြစ်မြင်လာကာ ခွင့်မလွှတ်နိုင်သည်အထိ ဖြစ်ခြင်းသည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် များစွာမြင်တွေ့ရတတ်ပေသည်။ ထိုအဖြစ်အပျက်များအားလည်း ကျွန်ုပ်တို့၏ မိသားစုအတွင်း၊ လုပ်ငန်းခွင်၌ပင်ဖြစ်စေ၊… Read More »ပဋိပက္ခ – ၁၂

ပဋိပက္ခ – ၁၁

မိသားစုအတွင်းတွင်ဖြစ်စေ၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း၌ဖြစ်စေ၊ မိမိ၏ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်၊ အသင်းတော်အတွင်း၌ပင်ဖြစ်စေ အခြေအနေအချို့အပေါ်မူတည်၍ အဆင်မပြေဖြစ်တတ်ကြသည့် အခိုက်အတန့်တို့သည် အချိန်မရွေးဖြစ်ပေါ်လာတတ်ပေသည်။ ထိုသို့သော အခြေအနေမျိုးတွင် ကျွန်ုပ်တို့၏ တုန့်ပြန်ခြင်းပေါ် မူတည်ကာ ရလဒ်အမျိုးမျိုးဖြစ်ပေါ်စေပါသည်။ စိတ်အခြေအနေမကောင်းလျှင် မကောင်းသကဲ့သို့ ပြောတတ်သောစကားများကြောင့်ဖြစ်စေ၊ မျက်နှာအမူအရာ အပြုအမူများကြောင့်ပင်ဖြစ်စေ တုန့်ပြန်ခြင်းများသည် ပဋိပက္ခတစ်ခုအား မလိုအပ်ဘဲဖြစ်တည်လာတတ်သည်မှာ ကျွန်ုပ်တို့အသိပင်ဖြစ်သည်။ ထိုအခြေအမျိုးမျိုးတို့တွင် ဒေါသနှင့်တုန့်ပြန်တတ်ကြသကဲ့သို့ အော်ဟစ်ပြောဆိုခြင်းများလည်း… Read More »ပဋိပက္ခ – ၁၁

ပဋိပက္ခ – ၁၀

တခါတရံတွင် ကျွန်တော်တို့သည် စကားပြောနေချိန်တွင်ဖြစ်စေ၊ အဖြစ်အပျက် အကြောင်းအရာတစ်ခုကြောင့်ဖြစ်စေ၊ အခြေအနေအလိုက် ရုတ်တရက် နှုတ်မှ စီးထွက်လာတတ်သည့် ညစ်ညူးသော စကားများရှိနေတတ်ကြသည်။ ဥပမာ ဘာရယ်မဟုတ်သော်လည်း “စောက်” ဟုအသုံးပြုမိခြင်း၊ ဘာရယ်မဟုတ်သော်လည်း အခြားသော ညစ်ညူးရာစကားများကို အသုံးပြုမိခြင်းဟု ဆိုကြပါစို့။ “စကားစကား ပြောဖန်များ၊ စကားထဲက ဇာတိပြ” “စကားများ အမှားပါ” စသည့် စကားပုံများအတိုင်း ဘာရယ်မဟုတ်ပြောမိရာမှတဆင့် အမှားပါကာ… Read More »ပဋိပက္ခ – ၁၀