Skip to content

သမစိတ္တ(လူ့ကျင့်ဝတ်)ဆိုင်ရာ

I CHARGE YOU

“သခင်ယေရှုခရစ် ရှေ့မှာ၎င်း၊ ဘုရားသခင်ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊” … “I charge you” ဟူ၍ တိမောသေအား အင်မတန်ကြီးလေးသော တာဝန်ပေးအပ်ခြင်းကို တိမောသေဩဝါဒစာဒုတိယစောင်တွင် အခန်းကြီး ၄ တွင် တွေ့ရသည်။   Preach “နှုတ်ကပတ်တရားတော်ကို ပြောလော့” … preach the word ဟူသည့် word ကို… Read More »I CHARGE YOU

ပဋိပက္ခ – ၁၅

“Conflict” ပဋိပက္ခတစ်ခု ဖြစ်စေတတ်သော အဓိကတရားခံများထဲတွင် စိတ်မရှည်ခြင်းသည်လည်း တစ်ခု အပါအဝင်ပင်ဖြစ်သည်။ စကားပြောရာမှ စိတ်မရှည်ခြင်းကြေင့် ရန်ဖြစ်ကြသည့်အဖြစ်၊ ဆွေးနွေးပြောဆိုရာမှ စိတ်မရှည်ခြင်းကြောင့် ပွဲပျက်ရသည့်အဖြစ်၊ ညှိနှိုင်းရာ၌ စိတ်မရှည်ခြင်းကြောင့် အဆင်မပြေဖြစ်ကြရသည့် ကာလတို့နှင့် ထိုစိတ်မရှည်ခြင်းကြောင့်ပင်လျှင် အိမ်ထောင်ရေး၊ လူမှုရေးတွင်ဖြစ်စေ မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း၊ အသင်းတော်အတွင်းပါမကျန် ပဋိပက္ခတစ်ခုဖြစ်တည်လာတတ်ခြင်းသည် ငြင်းဆိုနိုင်ဖွယ်ရာ မရှိပါ … ထို မရှည်တတ်သော မိမိတို့၏… Read More »ပဋိပက္ခ – ၁၅

ခရစ်ယာန်များ ပုဂ္ဂလိက အောင်မြင်မှုအား လိုက်လံဖမ်းဆုပ်သင့်ပါသလား?

ဆိုရှယ်မီဒီယာတွေပေါ်က အခြားတယောက်ယောက်ရဲ့  ဘဝကိုကြည့်မိတဲ့အခါ ဘယ်လိုကြောင့်များသူတို့က သူတို့ လုပ်တဲ့ဟာတွေအားလုံးကို လုပ်နိုင်တာလဲဆိုပြီး အံ့အားသင့်နေတဲ့ သင့်ကိုယ်သင် တွေ့ဖူးပါသလား? ကျွန်တော်တို့ အင်စတာဂရမ်ပေါ်မှာ သူတို့မာစတာဘွဲ့ ပြီးသွားကြောင်းပြောနေသူတွေ၊  ကလေးတွေ အဆက်မပြတ်မွေးနေရင်းနဲ့  တောင်အခြားစိတ်ဝင်စားတပ်မက်ဖွယ်အရာတွေကို လုပ်နေတဲ့သူတွေ၊ အလုပ်ကထွက်ပြီး ကိုယ်ပိုင်စီးပွားရေးစလုပ် နေတဲ့သူတွေ၊ ကားဝယ်တဲ့သူတွေ၊  ပိတ်ရက်အပန်းဖြေသွားနေတဲ့သူတွေ တွေ့မြင်ရပါတယ်။ တကယ်မှန် မမှန်ခနထား၊ အနည်းဆုံးတော့ ဒီလို မျိုးမြင်နေရတယ်ပေါ့။ ကျွန်တော်တို့က… Read More »ခရစ်ယာန်များ ပုဂ္ဂလိက အောင်မြင်မှုအား လိုက်လံဖမ်းဆုပ်သင့်ပါသလား?

ပဋိပက္ခ – ၁၄

ပြဿနာတစ်ခုခုဆိုလျှင် သူတပါးအား လက်ညှိုးထိုးချင်သည့် စိတ်သည် လူ့သဘာဝတစ်ခုပင် … တစ်ခုခုဖြစ်သည်နှင့် “ဘာဖြစ်သွားလဲ” အစား “ဘယ်သူလုပ်တာလဲ” ဆိုသည်က အရင်၊ “ဘယ်လိုလုပ်ရင်ကောင်းမလဲ” ဆိုသည်ထက် “ဘယ်သူလုပ်သလဲ” သည်သာ … ဒါသည်လည်း ကမ္ဘာဦး အစထဲကပင် ရှိခဲ့သည်ကိုး … အာဒံသည်လည်း မိမိအမှားကို ဆင်ခြင်၍ ဝန်ခံရမည့်အစား ကိုယ်တော်ပေးသည့် မိန်းမကြောင့် ဟုသာ “လက်ညှိုးထိုး”… Read More »ပဋိပက္ခ – ၁၄

ဖြည့်စွက်ဝါဒ နှင့် သာတူညီမျှဝါဒ

ဖြည့်စွက်ဝါဒကို “Complementarism” ဟုခေါ်ဆို၍ သာတူညီမျှဝါဒကိုတော့ “Egalitarianism” ဟုခေါ်ဆိုသည်။ ၎င်းဝါဒနှစ်ခုလုံးသည် ကျမ်းစာအခြေခံ၊ ကျမ်းညွှန်းထောက်ခံချက်များ ကိုယ်စီရှိကြသည်။ ထို့အတူ ၎င်းအကြောင်းအရာများမှာ စကားရည်လုပွဲများနှင့် အငြင်းပွားဖွယ်အကြောင်းအရာများဖြစ်လေ့ရှိသော အမြင်နှစ်မျိုး သို့တည်းမဟုတ် ရှုထောင့်နှစ်မျိုးနှင့် ခံယူချက်နှစ်မျိုးပင် ….. သမ္မာကျမ်းစာထဲတွင်တော့ ထိုအယူဝါဒနှစ်မျိုး၏ စကားလုံးကို ရှာတွေ့လိမ့်မည် မဟုတ်ပါ။ ဤအမြင်နှစ်မျိုးသည် “Theological View” ဟုဆိုရပေလိမ့်မည်။ ယခုဆောင်းပါးသည် ထိုအယူဝါဒနှစ်မျိုး၏… Read More »ဖြည့်စွက်ဝါဒ နှင့် သာတူညီမျှဝါဒ

သမ္မာကျမ်းစာမှ ဓမ္မဘက်တော်သားများ

အဲဂုတ္တုပြည် သက်ဦးစံပိုင် အာဏာရှင် ဘုရင်၏ လက်အောက်၌ ကျွန်ခံနေရသည့် ဖိနှိပ်ခံလူတန်းစားများ၏ ငိုကြွေးသံ အော်ဟစ်သံများနှင့် ခံစားချက်များအား ဘုရားသခင် ကြားသကဲ့သို့ သိလည်း သိသည်၊ နားလည်းလည်သကဲ့သို့ အရေးတယူလုပ်သည်ကိုလည်း မြင်တွေ့ရသည်မှာ ထွက်မြောက်ရာကျမ်းသည် သက်သေပင် … ဘုရားသခင်သည် မတရားသောသူတို့၏ တဖက်၌ ရပ်တည်ခြင်း၊ ထိုအမှုအရာများနှင့် ဆန့်ကျင်ခြင်းကို သမ္မာကျမ်းစာတွင် မြင်တွေ့ရသကဲ့သို့ ဖိနှိပ်ခံ နာကျင်နေရသူများ၊… Read More »သမ္မာကျမ်းစာမှ ဓမ္မဘက်တော်သားများ

လက်တွေ့ကျသော

တချိန်က ဂျပန်တွင် အနုမြူဗုံးကြဲခံရသည့်အတွက် ဂျပန်လူမျိုးများ အင်မတန် နာကျင်ခံစားခဲ့ရသည်။ ထိုမှတဆင့် ကျမ်းစာအခြေခံကာ “Theology of the Pain of God” ဆိုသည့် “ဘုရားသခင်၏ နာကျင်ခြင်း သီဩလော်ဂျီ” တစ်ခု ထွက်လာသည်။ ထိုလူများအတွက် သက်သာစေခြင်းလည်း ဟုတ်လိမ့်မည်။ တနည်းဆိုရလျှင် လူအများ၏ ခံစားနေရသည့် အထဲသို့ ဝင်ရောက်ခံစားပြီး ဘုရားသခင်လည်း နာကျင်သည်၊… Read More »လက်တွေ့ကျသော

၂၁ ရာစုမှ နေဟမိများ

အချို့သောအဆိုများအရ နေဟမိသည် ပါရှန်တွင်မွေးသော ဂျူးလူမျိုး၊ တနည်းအားဖြင့် ယေရုရှလင်မြို့မှ ခေါ်ဆောင်သွားခြင်းခံရသော “Exile” ဂျူးမိဘနှစ်ပါးမှ ပါရှန်တွင် မွေးဖွားခဲ့သော သူတစ်ဦးဖြစ်သည်။ သေချာစဥ်းစားကြည့်မည်ဆိုလျှင် နေဟမိသည် ယေရုရှလင်ဆိုသည်ကို မြင်ဖူးခြင်း မဟုတ်သကဲ့သို့ ရောက်ဖူးခြင်းမရှိပေ … ဤနည်းတူ ထိုအရပ်ဒေသမှ လူများအားလည်း တွေ့ဆုံဖူးခြင်းလည်း မရှိသည့်အပြင် ရင်းနှီးကျွမ်းဝင်ခြင်းမျိုးလည်း မရှိပါ၊ တိတိကျကျပြောရလျှင်တော့ သူစိမ်းများသာ ဖြစ်ချေဦးလိမ့်သည်။ “ငါသည်… Read More »၂၁ ရာစုမှ နေဟမိများ

“ချစ်ခြင်းမေတ္တာအား ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုခြင်း” သည် “အမှန်တရားဆုံးရှုံးခြင်း” ဆိုသည့်ရလဒ်ပေါ်ထွက်လာစေသည်

သင်ဟာ သင့်ရဲ့ မိခင်ကို မိခင်တယောက်အနေနဲ့ ချစ်လို့ ရတယ်၊ ဒါပေမယ့် သင့်ရဲ့ ရည်းစား (သို့) ဇနီးမယားတယောက်အနေနဲ့ ချစ်လို့ မရပါဘူး။ ဒီသဘောအတိုင်းပါပဲ တစုံတယောက်ကို ချစ်တယ် ဆိုတာဟာ ကောင်းတဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါဟာ “ပုဂ္ဂိုလ်စွဲမပါပကတိ ရှိနေတဲ့ စောင့်စည်းအပ်တဲ့ကျင့်ဝတ်” (Objective Moral Standard) ကိုအခြေပြုထားတဲ့ မှန်ကန်သော နည်းလမ်းနဲ့သာ… Read More »“ချစ်ခြင်းမေတ္တာအား ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုခြင်း” သည် “အမှန်တရားဆုံးရှုံးခြင်း” ဆိုသည့်ရလဒ်ပေါ်ထွက်လာစေသည်