Skip to content

သမစိတ္တ(လူ့ကျင့်ဝတ်)ဆိုင်ရာ

ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ

“ချုပ်တည်းခြင်း” ဆိုသည်မှာ ကိုယ်၊ နှုတ်၊ နှလုံးကို သိမ်းဆည်းစောင့်ထိန်းခြင်းလို့ နားလည်ရပါသည်။ အထူးသဖြင့် နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ လူတွေဟာ ကိုယ့်ရဲ့ ကိုယ်၊ နှုတ်၊ နှလုံးတို့ကိုသိမ်းဆည်းစောင့်ထိန်းခြင်းများမရှိတော့ဘဲ၊ ထင်တိုင်းကြဲကာအခွင့်ပေးလျက်ဖြစ်လာကုန်ကြသည်။ ထိုသို့မချုပ်တည်းနိုင်ခြင်းများက ကိုယ့်အတွက်သာမကဘဲ၊ ကိုယ်နှင့်စပ်ဆိုင်သောသူများကိုလည်းထိခိုက်စေနိုင်သည်ကိုဂရုပြုသင့်ပေသည်။ ယုံကြည်သူတစ်ယောက်အနေနှင့် ဝိညာဉ်ပကတိရဲ့အကျိုး(အသီး)ထဲမှာ ကာမဂုဏ်ချုပ်တည်းခြင်း(self-control)လည်း ပါတယ်ဆိုတာကို သတိပြုမိပါလိမ့်မယ် (ဂလာတိ ၅း၂၃)။ ဒါကြောင့် ဝိညာဉ်ပကတိနှင့်အသက်ရှင်နေသူတွေဖြစ်တယ်ဆိုရင် ဝိညာဉ်ပကတိအတိုင်းအသက်ရှင်လိုက်လျောက်ဖို့ရာ သဘောပေါက်ဖို့လိုပါပြီ။… Read More »ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ

ချောစားတတ်သောသူ

သူတပါးရဲ့အသရေကိုပျက်အောင် မဟုတ်မမှန်လုပ်ကြံပြောဆိုတာမျိုးဟာ အင်မတန်မှစက်ဆုပ်ဖွယ်အမှုအရာပါ။ နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ သူတပါးကိုထိခိုက်နစ်နာစေနိုင်သော အခြေအနေမျိုးတွေ လုပ်ကြံဖန်တီး စကားလုပ်ဖောင်ဖွဲ့ ခြင်းမျိုး​တွေက ယုံကြည်သူတွေ အထူးသတိပြုရှောင်ကြဉ်သင့်တယ်ဆိုတာဂရုပြုသင့်ပါတယ်။ ရှင်မာကုခရစ်ဝင် အခန်းကြီး၇ အခန်းငယ်၂၀ မှာ သခင်ခရစ်တော်က လူအတွင်းမှထွက်လာတတ်သော ဆိုးညစ်သောအရာများက လူကိုညစ်ညူးစေတယ်လို့ ဆုံးမခဲ့ပါတယ်။ အဲ့အထဲမှာ “သူ့အသရေကိုဖျက်ခြင်း”သည်လည်းတခုအပါဝင်ပါပဲ။ ဒီကနေ့ကာလမှာ သူတပါးရဲ့အကြောင်းအရာတခုကို ဂဃနဏ မသိဘဲ၊ တစိတ်ကိုတအိတ်လုပ်လိုက်တာမျိုးတွေက အင်မတန်မှအန္တရာယ်များလှပါတယ်။ ခံရသူအဖို့… Read More »ချောစားတတ်သောသူ

DO NOT DEFER

ကျွန်ုပ်တို့ မြင်တွေ့ရလေ့ရှိသော လောကသဘာဝသည် သူတပါးအား မိမိ၏ ကူညီလုပ်ဆောင်ပေးခြင်းတန်ဖိုးကို တွက်ချက်လေ့ရှိသည်။ ချက်ခြင်းလုပ်ဆောင်ပေးခြင်းသည် တန်ဖိုးလျော့သည် တန်ဖိုးကျသည်ဟု ယူဆလေ့ရှိသည်။ လူတစ်ဦး၏ တောင်းဆိုမှုတစ်ခုအား လုပ်ပေးလျှင် ရနိုင်ပါသော်လည်း ချက်ခြင်း မိမိ၏အကူအညီရသွားလျှင် တန်ဖိုးကျသည် သို့တည်းမဟုတ် မိမိအား ဈေးပေါသည်ဟု ထင်မှတ်မည်စိုး၍ (အလုပ်ကိစ္စ၌ဖြစ်စေ၊ အကူအညီ၌ဖြစ်စေ စသဖြင့်) အချိန်ဆွဲလေ့ဆွဲထရှိကြသည်မှာ ဤလောက နိယာမတစ်ခုပင် …အကူအညီပေးနိုင်ပါလျက် အချိန်ဆွဲခြင်း၊… Read More »DO NOT DEFER

ရန်ငြိုးဖွဲ့သောသူ

 ရန်ငြိုးဖွဲ့လိုသောသဘောဟာ ကလဲ့စားချေလိုသောစိတ်ရှိခြင်းဖြစ်ပါတယ်။ ခွင့်လွှတ်ဖို့မဖြစ်နိုင်၊ မကျေအေးနိုင်သောစိတ်သဘောလို့ဆိုပါရစေ။ နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ တဦးနှင့်တဦး ရန်ငြိုးထားခွင့်မလွှတ်နိုင်ခြင်းတွေများပြားလာတာနှင့်အတူ ယုံကြည်သူအယောက်စီတိုင်းလည်း သတိထားနိုင်ဖို့ရာအရေးကြီးပါတယ်။ ဘုရားရှင်ရဲ့ခွင့်လွတ်ခြင်းကျေးဇူးကိုခံရပြီး၊ ဘုရားသားသမီးဆိုပြီး ကိုယ့်ကိုနာကျင်စေသူတွေကို ပြန်ပြီးနာကျင်စေချင်သောစိတ်နှင့် မကျေအေးနိုင်၊ အငြိုးထားခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ နှုတ်လျှာပါးစပ်ကနေခွင့်လွှတ်ပြီး၊ စိတ်နှလုံးကနေ အငြိုးအတေးထားကာ ဟန်ဆောင်ခြင်းကဘုရားလူရဲ့ဟန်မဟုတ်ဘဲ လောကဆန်ခြင်းသာ။ သုတ္တံကျမ်း ၁ဝး၁၈“အ​ငြိုး​ဖွဲ့​သော​သ​ဘော​ကို မု​သား​နှုတ်​ခမ်း​ဖြင့် ဖုံး​ထား​သော​သူ၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​တတ်​သော​သူ​သည် မိုက်​သော​သ​ဘော​ရှိ၏။” ရန်ငြိုးဖွဲ့ခြင်းသဘောဟာ… Read More »ရန်ငြိုးဖွဲ့သောသူ

GODLY FRIENDS

၁ ခုမြောက်သော ဆာလံအား ဥာဏ်ပညာပိုင်းဆိုင်ရာဆာလံ “Wisdom Psalm” ဟုလည်း ခေါ်ဆိုကြသည်။ ထိုဆာလံသည် ကျွန်ုပ်တို့၏ဘဝအတွက် ဘုရားသခင်ထံမှလာသော လမ်းညွှန်ချက်ဟုပင် ဆို၍လည်း ရပေသေး၏။ ကျွန်ုပ်တို့၏ ရွေးချယ်ခြင်း၊ ရပ်တည်ခြင်းများအပေါ်၌ ရရှိလာနိုင်မည့် မင်္ဂလာ သို့တည်းမဟုတ် ဆုံးရှုံးခြင်းတည်းဟူသော အမင်္ဂလာပင် … မတရားသောသူတို့၏ တိုက်တွန်းခြင်း၊ လမ်းညွှန်ခြင်း၊ လူဆိုးလူမိုက်တို့၏ ဓလေ့ထုံးစံ၊ အဓမ္မလူတို့၏ တိုင်ပင်… Read More »GODLY FRIENDS

ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ

ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းခြင်းဆိုတာ ပင်ကိုသဘောကိုက သနားချစ်ခင်ခြင်းနှင့်ကင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အရှင်းလင်းဆုံးပြောရရင်တော့ နှလုံသားမရှိခြင်း(heartless)ပါပဲ။ အသက်ရှိနေသောကြောင့် ခုန်တတ်တဲ့နှလုံးသားရှိပေမယ့်၊ ကိုယ်ချင်းစာကြင်နာသနားတတ်တဲ့နှလုံးသားမျိုးကတော့ ဖြစ်မနေခြင်းပါပဲ။ နောင်ကာလဆိုတဲ့ဤခဲယဉ်းတဲ့ကာလမှာ နှလုံးသားမရှိ၊ ကြင်နာစုံမက်ခြင်းမရှိသည့်အသက်တာနှင့်အသက်မရှင်မိဖို့ရာ သတိပြုပါ။ သုတ္တံကျမ်း ၂၁း၂ “လူ​တို့​သည် မိ​မိ​တို့​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို နှစ်​သက်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ စိတ်​နှ​လုံး​တို့​ကို ချိန်​တော်​မူ၏။” လူဆိုတာ ကိုယ်လုပ်သမျှအရာတွေကိုနှစ်သက်သဘောကျတတ်သူတွေပါ။ ကိုယ့်ရဲ့ကြံစည်ရည်ရွယ်လုပ်ဆောင်မယ့်အရာတွေက အမြဲတမ်းကောင်းတယ်လို့ထင်တတ်ကြပါသေးတယ်။ ဒီနေ့လောကကြီးရဲ့စကားကတော့ “follow your… Read More »ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ

သန့်ရှင်းခြင်း မရှိသောသူ

မသန့်ရှင်းတဲ့အစားအသောက်၊ ညစ်ပေတဲ့အဝတ်အစား၊ ညစ်ညူးတဲ့ရေ စသည့်အရာတွေကို ကျွန်ုပ်တို့တတွေရှောင်တတ်ကြပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့တကိုယ်ရည်ကျန်းမာရေးအတွက် မသန့်ရှင်းမစင်ကြယ်သည့်အရာတွေကို ကျွန်ုပ်တို့   ရှောင်ကြခြင်းပါ။ ကျန်းမာရေးအတွက်တော့ ကျွန်ုပ်တို့တတွေ သိသိသာသာ သတိထားဂရုပြုကြပေမယ့်၊ နောင်ကာလတည်းဟူသော ခဲယဉ်းတဲ့ကာလမှာ ဝိညာဉ်ရေးရာအသက်တာ၌သန့်ရှင်းခြင်းရှိဖို့ရာကိုတော့ အလေးမပေး မေ့လျော့ကာ အသက်ရှင်နေမိသည်ကို သတိထားဖို့လိုပါတယ်။ ယုံကြည်သူ ဘုရားသားသမီး၊ လွတ်မြောက်ခြင်း၌ အသက်ရှင်နေသူမှန်ပေမယ့် မသန့်ရှင်းခြင်း၌ မမွေ့လျော်ဖို့ကို သတိပြုပါ။ ကျွန်ုပ်တို့ကို… Read More »သန့်ရှင်းခြင်း မရှိသောသူ

မြင်ရဲ့လား

ကောင်းသောရှမာရိ ပုံဥပမာအား ကျွန်ုပ်တို့အားလုံး သိကြသကဲ့သို့ ထားပြနှင့်တွေ့ကြုံရသော ဒဏ်ရာများနှင့်ခရီးသွား၊ ယဇ်ပရောဟိတ်၊ လေဝိလူ၊ ရှမာရိလူ စသဖြင့် ပြန်၍လည်း ပြောပြနိုင်သည်ဟုပင် ဆိုရပေဦးမည်။ကောင်းသောရှမာရိ ကောင်းသောရှမာရိဟု တသသပြောဆိုကာ ခွန်အားယူလျက် ထိုကျမ်းချက်အား ခဏခဏ ဖတ်ခဲ့ကြသည့် နေ့ရက်များသည် မည်မျှများပေလိမ့်မည်နည်း … သို့သော်လည်း ကျွန်ုပ်တို့သည် တခါတရံတွင် ဖြစ်ချင်တော့ မင်းသား၊ ဖြစ်နေတာက ဗီလိန် ဟုသာ… Read More »မြင်ရဲ့လား

ကျေးဇူးမရှိသောသူ – Ungrateful

ကိုယ်နှင့်ပတ်သက်ဖူးသည့်သူတွေထဲမှာ အနည်းနှင့်အများတော့ ကိုယ့်ကိုကျေးဇူးပြုဖူးသူ၊ ကိုယ်ကကျေးဇူးပြုဖူးသူတွေရှိမှာပါပဲ။ တခါတရံမှာ ကိုယ်ပြုလိုက်တဲ့အရာကိုမှတ်ထားတတ်တဲ့သူတွေရှိသလို၊ မမှတ်ထားဘဲ အခွင့်ရတိုင်းကျေးဇူးပြုကူညီတတ်သူတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အပေါ်ကျေးဇူးပြုခဲ့ဖူးသူတွေကို ဘယ်သောအခါမျှကျေးဇူးကန်းကာ မမေ့လိုက်ဖို့အရေးကြီးပါတယ်။ အထူးသဖြင့် နောင်ကာလဆိုတဲ့နောက်ဆုံးသောကာလမှာ ဘုရားရဲ့ကျေးဇူးတွေကို မသိတတ်တဲ့သဘောမျိုးနဲ့ အသက်မရှင်မိဖို့ရာ သတိပြုပါလေ။ ဘုရားရှင်နဲ့လူတွေအပေါ် ကျေးဇူးတရားကင်းမဲ့စွာ အသက်ရှင်တတ်ခြင်းက ကိုယ်ကဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ထင်ရှားပေါ်လွင်စေပါတယ်။ သုတ္တံကျမ်း ၃း၂၇“ကျေး​ဇူး​ကို​ခံ​သင့်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ရ​သော​အ​ခွင့်​ရှိ​လျှင် မ​ပြု​ဘဲ​မ​နေ​နှင့်။” ဘယ်သူမဆိုကတော့ အချောင်ရတဲ့အရာ၊ အလကားရတဲ့အရာဆိုရင်… Read More »ကျေးဇူးမရှိသောသူ – Ungrateful