Skip to content

သမစိတ္တ(လူ့ကျင့်ဝတ်)ဆိုင်ရာ

နာမည်မပါသော စေတနာ

ကျမ်းစာထဲက ကောင်းသောရှမာရိဆိုတဲ့ သခင်ပြောပြတဲ့ ပုံဥပမာလေးကို စန်းဒေးစကူး (Sunday School) ကနေစလို့ အရွယ်ရောက်လို့အသင်းတော်ဝတ်ပြုခြင်းတွေမှာ ခုထိဟောပြောသာဓကပေး​နေဆဲပါပဲ။ “ယေရှုက၊ လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ဓားပြနှင့် တွေ့ကြုံလေ၏။ ဓားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ နာကျင်စွာ ရိုက်နှက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍ သွားကြ၏။-ထိုလမ်းသို့ ယဇ်ပုရောဟိတ်တစ်ယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍ သွားလေ၏။-ထိုနည်းတူ လေဝိလူတစ်ယောက်သည် ထိုအရပ်သို့ရောက်သောအခါ၊… Read More »နာမည်မပါသော စေတနာ

အပြာ၊ အာသာ၊ တဏှာနှင့် ခရစ်ယာန်အသက်တာ

အတိတ်တုန်းက ညစ်ညမ်း(အပြာ)ပုံတွေ၊ ရုပ်ရှင်တွေကို စွဲလမ်းခဲ့သူ တစ်ယောက်အနေနဲ့ ထိုအရာတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာပြောပြနိုင်ပါတယ်။သင့်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းကို သေစေတယ်။ကင်ဆာရောဂါလိုပဲ တဖြည်းဖြည်း လိုက်စားပြီး သေစေတာ။တဏှာစိတ်တွေ ပြင်းပြပြီး၊ ဆန္ဒဖြေဖျောက်နည်းတွေနဲ့ပဲ လောင်မြိုက်နေခဲ့တယ်။ဒီကိစ္စက မယုံကြည်သူတွေမှ မဟုတ်ပါဘူး။ယုံကြည်သူခရစ်ယာန်များလည်း ကျွန်ုပ်တို့ရဲ့ အသက်တာ စိတ်နှလုံးကို ထိခိုက်စေတဲ့ ဒီရောဂါဆိုးကြီးကနေ လွတ်မြောက်ဖို့လိုအပ်ပါတယ်။ဒိိအရာကြီးဟာ ကျွန်ုပ်တို့အတွက် ကြီးမားတဲ့ချည်နှောင်မှုကြီးပါ။လွတ်မြောက်စေနိုင်တာလည်း သခင်ယေရှု တပါးတည်းသာ။ဒါကြောင့် သခင့်ကိုသာ၍စွဲလမ်းပါ။… Read More »အပြာ၊ အာသာ၊ တဏှာနှင့် ခရစ်ယာန်အသက်တာ

ခရစ်ယာန်တို့ မကျူးလွန်သင့်သော God-of-the-gaps fallacy

နိဒါန်း God-of-the-gaps fallacy ဆိုသည်မှာ ယုတ္တိဗေဒဆိုင်ရာ ယုတ္တိအမှား တခုဖြစ်ပြီး သိပ္ပံဆိုင်ရာ ဒဿနိကပညာရပ် (The philosophy of Science)တွင် သုံးသော အသုံးအနှုန်းတခုဖြစ်ပေသည်။ မြန်မာဘာသာဖြင့် အနီးစပ်ဆုံး အတိုချုံးဘာသာပြန်ရလျှင် “မသိနားမလည်သေးသောအရာများအတွက် ဘုရားသခင် သို့မဟုတ် နတ်ဘုရားတပါးပါးအား အစားထိုးဖြည့်တင်းသော ယုတ္တိအမှား” ဟု ပြန်ဆိုရမည်ဟု ထင်ပါသည်။ God-of-the-gaps-fallacy နှင့်ပတ်သက်၍ ယခုထက်… Read More »ခရစ်ယာန်တို့ မကျူးလွန်သင့်သော God-of-the-gaps fallacy

ဂရုစိုက်ပါ … မပေါ့ဆပါနှင့်

လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေကို မသိသလို နေလိုက်တာက ဝိညာဉ်ရေးရာကို မထိခိုက်စေဘူးတဲ့လား … အဲဒါဆိုရင် မှားတယ်။ လက်ရှိ အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေကို ဆိုးရွားစွာ ခံစားနေရတဲ့သူတွေကို ကြည့်ပြီး သနားတဲ့စိတ် … မတရားမှုကို ရွံရှာတဲ့စိတ် … မရှိဘဲ ကူညီလိုမှုကင်းတဲ့စိတ် … လျစ်လျူရှုလိုသောစိတ် ရှိနေတာက ဝိညာဉ်ရေးရာ အတော် ထိခိုက်နေပြီဆိုတာ သိရမယ်။ ဘေးက… Read More »ဂရုစိုက်ပါ … မပေါ့ဆပါနှင့်

ကျွန်တော့်ရဲ့ မေမေများနေ့

ကျွန်တော်တို့ အယောက်ဆီတိုင်းအတွက် ကောင်းကင်တမန် တစ်ပါးသဖွယ် ကျွန်တော်တို့အား ကြည့်ရှုစောင့်ရှောက်ပေးသော အမေများကို ပေးထားတဲ့ ဖခမည်းတော်၊ သခင်ယေရှုခရစ်တော် နှင့် သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးတစ်ဆူ ဘုရားသခင်၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ရှေးဦးစွာချီးမွမ်းပါတယ်။ မိခင်များနေ့မှာ မိခင်များအားလုံးအတွက် သားသမီးများကိုယ်စား ဂုဏ်ပြုစကားပြောကြားဖို့ အခွင့်ရတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ထပ်မံ၍ချီးမွမ်းပါတယ်။ အခွင့်ပေးကြသော အသင်းတော်မှ အဖသင်းအုပ်ဆရာကြီးများ၊ အသင်းတော်… Read More »ကျွန်တော့်ရဲ့ မေမေများနေ့

ကမ္ဘာ့အလွန်၌ သက်ရှိဖြစ်ထွန်းမှုအား ရှာဖွေတွေ့ရှိခြင်းသည် ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မည်လော?

စကားချီး ယခုဆောင်းပါးသည် သခင်ယေရှုခရစ်တော်ကို မိမိအသက်တာ၏ ကယ်တင်ပိုင်ရှင် ဘုရားအဖြစ် လက်ခံယုံကြည်ထားပြီး ဝိညာဉ်ရေးရာရင့်ကျက်သော ခရစ်ယာန်စာဖတ်သူများကိုသာ အဓိကက ရည်ရွယ်ပါသည်။ အကြောင်းမှာ ဤဆောင်းပါးတွင် ခက်ခဲရှုပ်ထွေးသောအကြောင်းအရာများပါဝင်ပြီး အငြင်းပွားဖွယ်ရာ ခေါင်းစဉ်ဖြစ်ပါသည်။ ဤဆောင်းပါးသည် ကမ္ဘာအလွန်၌ သက်ရှိများရှိသည့် အကြောင်းရေးထားသော ဆောင်းပါးမဟုတ်ပါ။ သို့သော် အနာဂတ်တွင်ဖြစ်လာနိုင်ချေရှိသည့်အရာများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားသည့် ဆောင်းပါးရှည်ဖြစ်ပါသည်။ လက်ရှိအချိန်ထိ ကမ္ဘာ့အလွန်၌ သက်ရှိဖြစ်ထွန်းခြင်းနှင့် ပတ်သက်၍… Read More »ကမ္ဘာ့အလွန်၌ သက်ရှိဖြစ်ထွန်းမှုအား ရှာဖွေတွေ့ရှိခြင်းသည် ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မည်လော?

စည်းကမ်း

“စည်းကမ်း” လို့ဆိုလိုက်တာနဲ့အာဏာရှိသူကချမှတ်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သတ်မှတ်တာပဲဖြစ်ဖြစ် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် စည်းကမ်းဆိုတာ ဘုရားရဲ့လမ်း၌သွားလာတတ်ဖို့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြေခံအားဖြင့်အသက်ရှင်ခြင်းသို့ဦးတည်ပါတယ်။ “ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို​စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ နှစ်​သက်​တော်​မူ​သော​သူ​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏။”‭‭သုတ္တံကျမ်း ၃:၁၁-၁၂ “ဆုံး​မ​ခြင်း​မည်​သည်​ကား၊ ခံ​ရ​စဉ်​အ​ခါ ဝမ်း​မြောက်​စ​ရာ​မ​ထင်၊ ဝမ်း​နည်း​စ​ရာ ထင်​တတ်၏။ သို့​သော်​လည်း၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည်၊ နောက်​မှ ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​အ​ကျိုး​ကို… Read More »စည်းကမ်း

အတင်းအဖျင်း

“အတင်းပြောခြင်း”ဟာ ဆွဲဆောင်တတ်ပါတယ်။ဒါပေမယ့်ထိုအရာဟာ ရင်းနှီးကျွမ်းဝင်မှုတွေ အသိုင်းအဝန်းတွေထဲမှာ တကယ့်ကိုဖျက်အားကြီးတဲ့ စွမ်းပကားဖြစ်ပါတယ်။ဒါကြောင့် ပါဝင်ပက်သက်မမိစေဖို့ အထူးသတိထားသင့်ပါတယ်။ “ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက်သောသူမရှိလျှင် ရန်ငြိမ်းတတ်၏။”‭‭သုတ္တံကျမ်း ၂၆:၂၀ အတင်းပြောခြင်းဟာ လူနှစ်ဦးကြားကတင်းမာမှုကို ရှည်ကြာစေပါတယ်။ အဲ့ဒီ့အတွက် ကိုယ့်ကိုကိုယ် “လောင်စာ” မဖြစ်စေပါနဲ့။ “လည်၍ စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သစ္စာစောင့်သောသူမူကား၊ ဝှက်ထားတတ်၏။”‭‭သုတ္တံကျမ်း ၁၁:၁၃ အတင်းပြောခြင်းဟာ တစ်ဦးပေါ်တစ်ဦးထားရှိတဲ့ ယုံကြည်မှုကို… Read More »အတင်းအဖျင်း

နှလုံးသားအသံနှင့် ပေးကမ်းပါ

ပေးကမ်းခြင်းကို မပြုချင်သောသူမရှိပါပေးကမ်းခြင်းဟာ မကောင်းသောအမှုလို့မည်သူကမှပညတ်မထားပါသို့သော် ပေးကမ်းခြင်းသည်စစ်မှန်ပါ၏လော?တနည်းဆိုသော် သခင့်အလိုထက် ကိုယ်အလိုရှိသည့်ပေးကမ်းခြင်းမျိုးသင်ပေးနေသလော? ဒါမှမဟုတ် သခင့်ကိုနှစ်သက်စေသည်ထက် ကိုယ်နှစ်သက်သည့်ပေးကမ်းခြင်းမျိုးနှင့် သင်ပေးနေသလော? “သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။-”‭‭ရှင်မဿဲခရစ်ဝင် ‭၆:၃-၄ သခင်ပြောခဲ့တဲ့ဒီစကားလေးကိုဖတ်မိလိုက်တိုင်းမှာ ဆင်ခြင်မိသည့်အရာတခုရှိပါတယ်။ သဘောလည်းအင်မတန်ကျပါတယ်။ ကျွန်တော့်ရဲ့တစ်ဦးတည်းအမြင်၊ သွန်သင်ခြင်းခံရသည်အတိုင်းဆိုရလျင် “ညာဘက်လက်ပြုလိုက်သည်ကို… Read More »နှလုံးသားအသံနှင့် ပေးကမ်းပါ