Skip to content

သမစိတ္တ(လူ့ကျင့်ဝတ်)ဆိုင်ရာ

ပဋိပက္ခ – ၃

နေ့စဥ်​နေ့တိုင်း ကျွန်ုပ်တို့သည် စကားများစွာ​ပြောဆို​နေကြ​လေ့ရှိသည်။ ထိုအသုံးပြုလိုက်​သော စကားလုံးများသည် မည်သူ့အ​ပေါ်နာကျင်​စေပြီး၊ မည်သူ့အ​ပေါ်အနာကိုသက်သာ​​စေသည်ကို​တော့ သတိမထားမိတတ်ကြ​ချေ။ တခါတရံတွင် မြင်​တွေ့နေရ​သောအရာများသည် လိုအပ်​နေခြင်းများ၊ မှား​နေခြင်းများကို ​စေတနာနှင့် ​ပြောဆိုရန်ဖြစ်လာတတ်​ပေသည်။ ထိုသို့​ပြောဆိုခြင်းသည် ထိလွယ်ရှလွယ်အ​ခြေအ​နေတစ်ခုကိုပင် ဖန်တီးနိုင်စွမ်းရှိ​သော​ကြောင့် သတိထား​ပြောဆိုရန် အင်မတန်လိုအပ်​ပေသည်။ ပဋိပက္ခကိုဦးတည်​သော ဖြစ်ရပ်များသည် ထိုစကားများအားဖြင့် စတင်ဖြစ်​ပေါ်လာတတ်​​သော ပြတင်း​ပေါက်ပင်တစ်ခုအလားဖြစ်ပေသည်။ အဘယ့်​ကြောင့်ဆို​သော် မိသားစုများပင်ဖြစ်​စေကာမူ အပြုသ​ဘောဖြင့် မပြောဘဲ အပြစ်တင်တတ်​သည့် အပျက်သ​ဘော​ဆောင်​ပြောဆိုခြင်း၊… Read More »ပဋိပက္ခ – ၃

ပဋိပက္ခ – ၂

လုပ်ငန်းခွင်ထဲတွင်ဖြစ်​စေ၊ ပတ်ဝန်းကျင်တွင်ဖြစ်​စေ၊ မိသားစုတွင်ဖြစ်​စေ၊ ​အသင်း​တော်တွင်ဖြစ်​စေ ပဋိပက္ခ​တွေကို မြင်​တွေ့ရတတ်​ပေသည်။ ထိုအရာများကို လူများသည် မနှစ်သက်ကြ​ချေ။ သို့​သော်လည်း ရင်ဆိုင်ကြုံ​တွေ့ကြရသည် မဟုတ်ပါလား။ လူ့သ​ဘောသဘာဝအရ​တော့ အရာရာ အဆင်​ပြေ​​ချော​မွေ့​နေခြင်းကို​တော့ လူတိုင်းကြိုက်နှစ်သက်ကြသည်။ အဆင်မ​ပြေ​​သော ပဋိပက္ခများကို ရင်ဆိုင်ရမည်ကို စိုးရိမ်ကြပါသည်။ သို့​သော်လည်း ရင်ဆိုင်ကြုံ​တွေ့ကြရ​ပေသည်။ ထိုပဋိပက္ခအ​ပေါ် ရှုမြင်​သော အမြင်နှင့် ရင်ဆိုင်​သောသွင်ပြင်လက္ခဏာအ​ပေါ်တွင် မူတည်၍ ရလဒ်များနှင့် ဆုံးရှုံးမှုများသည် ကွာခြားသွား​ချေသည်။… Read More »ပဋိပက္ခ – ၂

ပဋိပက္ခ – ၁

ကျွန်​တော်တို့သည် တစ်ခါတစ်ခါတွင် စိတ်မြန်လက်မြန်ပြုမူတတ်ကြသည်။ သတိထား​နေပါ​သော်လည်း စိတ်မြန်လက်မြန်​ပြောဆိုလိုက်ခြင်း၊ ပြုမူလိုက်ခြင်း​တွေ​ကြောင့် မလိုအပ်​သော အရာများဖြစ်လာတတ်ကြသည်။ ထိုအရာများသည် ပဋိပက္ခများ၏ ဖြစ်တည်ရာ ရပ်ဝန်းတစ်ခုဟု ဆိုရရင်လည်း မမှား​ချေ။ လုပ်ငန်းခွင်မှာဖြစ်​စေ၊ ပတ်ဝန်းကျင်မှာဖြစ်​စေ၊ အ​ပေါင်းအသင်းမိတ်​ဆွေ​တွေ ကြားမှာဖြစ်​​စေ၊ ဘုရား​ကျောင်းမှာဖြစ်​စေ စသဖြင့် အမျိုးမျိုး​သော ​နေရာ​တွေမှာလည်း ထိုသို့ပြုမူ​ပြောဆိုခြင်း​တွေ​ကြောင့် မလိုအပ်​​သော ပြဿနာများ၊ အဆင်မ​ပြေမှုများကို ဖြစ်​ပေါ်လာ​စေတတ်ကြသည်။ မိမိ၏ ​စိတ်ခံစားချက်အလိုက် ပတ်ခနဲ… Read More »ပဋိပက္ခ – ၁

ချစ်သော လူငယ်သို့ – အပိုင်း(၂၆)

“အ​ချင်း​ချစ်​သူ၊ မ​ကောင်း​သော​နည်း​ကို မ​လိုက်​နှင့်၊ ကောင်း​သော​နည်း​ကို​သာ လိုက်​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ရ​ပြီ။” ရှင်ယောဟန်ဩဝါဒစာတတိယစောင် ၁း၁၁ “Beloved, do not imitate evil but imitate good. Whoever does good is from God; whoever… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၂၆)

ချစ်သော လူငယ်သို့ – အပိုင်း(၂၅)

“ကြိုး​စား၍ လုပ်​လေ​ရာ​ရာ၌ ကျေး​ဇူး​ရှိ၏။ စ​ကား​များ​ခြင်း​အ​ကျိုး​မူ​ကား၊ ဆင်း​ရဲ​ခြင်း​သက်​သက်​တည်း။” သုတ္တံကျမ်း ၁၄း၂၃ “There is profit in all hard work, but endless talk leads only to poverty.” Proverbs 14:23 လူတချို့ဟာ ကြိုးစားတာနဲ့စကားများတာကိုရွေးဆိုရင် စကားများတာကိုပဲရွေးတတ်ကြပါတယ်။ ဒါပေမယ့် သတိထားရမည့်အချက်က ထိုအရာနှစ်ခုလုံးဟာ အချိန်ယူရပါတယ်။… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၂၅)

စပျစ်ဥယျာဥ်သိမ်းယူခြင်းမှ သင်ခန်းစာ

နာဗုတ်၏ ပိုင်ဆိုင်​သော စပျစ်ဥယျာဥ်ကို ရှင်ဘုရင်အာဟပ်သည် အင်မတန်မျက်စိကျသဖြင့် ​​ရောင်းရန်တောင်းဆိုခဲ့သည်။ ထိုဥယျာဥ်သည် နန်း​တော်နားတွင်ရှိသဖြင့် ရှင်ဘုရင်အင်မတန်မှ လိုချင်​လေသည်။ ထိုဥယျာဥ်ကို ​ပေးလျှင် သာ၍​ကောင်း​သောဥယျာဥ်ကို​ပေးမည် သို့မဟုတ် ထိုအတွက် အခ​ကြေး​ငွေကို​ပေးမည်ဟုပင်ဆိုသည်။ သို့​သော် နာဗုတ်သည် သူ၏ ဘိုးဘွားပိုင်​စပျစ်ဥယျာဥ်ဖြစ်​သော​ကြောင့် မ​ရောင်းနိုင်​ကြောင်း​​ပြောဆိုကာ ငြင်း​လေသည်။ ထိုအတွက် ရှင်ဘုရင်အာဟပ်သည် မအိပ်မစား မရွှင်မပျဖြစ်ကာ အလိုမကျဖြစ်​နေ​ပေ​တော့သည်။ ထို့​သို့ဖြစ်​နေသည်ကို မြင်​သော သူ၏ခင်ပွန်း… Read More »စပျစ်ဥယျာဥ်သိမ်းယူခြင်းမှ သင်ခန်းစာ

Be Gentle

ဖိလိပ္ပိဩဝါဒစာ ၄:၅ လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည်းညှင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။  “သင်တို့” ဆိုတာသည် ကျွန်​တော်တို့ ယုံကြည်သူ​များကို​ပြောခြင်းပင်ဖြစ်သည်။ ​တခါတ​လေတွင် ကျွန်တော်တို့သည် လက်​အောက်ငယ်သားများကို ဆက်ဆံပုံကတစ်မျိုး၊ အထက်လူကြီးကိုဆက်ဆံပုံကလည်း တစ်ဖုံ၊ အိမ်မှာတစ်မျိုး အပြင်မှာတစ်မျိုး၊ အသင်း​တော်တွင်လည်း ​ကောင်းကင်တမန်အလားပင် ကခုန်ချီးမွမ်းနေကြတတ်သော်လည်း အပြင်​ရောက်​လျှင်တော့ ​အော်ဟစ်ကြမ်းတမ်းခြင်း ဆဲဆို​ခြင်းများနှင့်သာ အသက်ရှင်နေတတ်ကြတာမျိုးလည်း ဖြစ်နေတတ်ပေသည်။… Read More »Be Gentle

Emotional Supervision

“Emotional Supervision” ကိုစိတ်ပိုင်းဆိုင်ရာ ခံစားချက်များအား ကြီးကြပ်​ပေးခြင်း၊ ကြည့်ရှု​ပေးခြင်းဟုဆိုကြပါစို့။ “Educational Supervision, Theological Supervision, Emotional Supervision” အစရှိသဖြင့်တို့သည် အသင်း​တော်တိုင်း၊ အမှုတော်မြတ်လုပ်ငန်း (Ministry) တိုင်းအတွက်လိုအပ်​ပေသည်။ ယခုတွင်မူ “Emotional Supervision” အ​ကြောင်းကို ​အနည်းငယ်ရေးသား​ဝေမျှချင်ပါသည်။ လက်ရှိကာလသည် ခက်ခဲရာကာလတစ်ခုလည်းဖြစ်သကဲ့သို့ လူတိုင်းလူတိုင်း စိတ်ထိခိုက်ရာကာလလည်းဖြစ်​ချေသည်။ ထို့​ကြောင့် လူတို့၏စိတ်ပိုင်းဆိုင်ရာအ​ခြေအ​နေများသည် ပုံမှန်ထက် အကဲဆတ်​နေခြင်း၊… Read More »Emotional Supervision

ချစ်သော လူငယ်သို့ – အပိုင်း(၁၂)

သင်​တို့​တွင် အ​တတ်​အ​လိ​မ္မာ​နှင့်​ပြည့်​စုံ​သော ပ​ညာ​ရှိ တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်၊ ထို​သူ​သည် ပ​ညာ၏ နူး​ညံ့​သိမ်​မွေ့​ခြင်း​နှင့်​တ​ကွ၊ ကောင်း​မြတ်​သော ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် မိ​မိ​အ​မှု​တို့​ကို ပြ​ပါ​စေ။ရှင်ယာကုပ်ဩဝါဒစာ ၃း၁၃Who is wise and understanding among you? By his good conduct let him show his works in the meekness… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၁၂)