Skip to content

ဝိညာဥ်ခွန်အား

ချစ်သော လူငယ်သို့ – အပိုင်း(၁၁)

ခရစ်ယာန်လူငယ်လေးတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားတဲ့စကားလုံးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ခက်ခဲတဲ့အခါ၊ တခုခုကိုကြုံတွေ့ရတဲ့အခါ အားရပါးရကိုပြောတတ်တဲ့ “ဘုရားသား/သမီးကွ” ဆိုတဲ့စကားလေးပါပဲ။ ဘုရားရဲ့သားသမီး ဆိုတာကမမှားပါဘူး။ ဒါပေမယ့် ဘာမှားနေလဲဆိုတော့ အသက်ရှင်နေထိုင်မှုကမှားနေတာပါ။ ဘုရားဝတ်၌မွေ့လျော်ခြင်းမရှိတဲ့ ဘုရားသားသမီးဆိုတာကြီးက မဖြစ်သင့်တော့ပါဘူး။ မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​သော​သူ မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​နပ်​စာ​အ​ဖိုး​နှင့် သား​ဦး​အ​ရာ​ကို ရောင်း​သော ဧ​သော​ကဲ့​သို့ ဘု​ရား​တ​ရား​ကို မ​ရို မ​သေ​ပြု​သော​သူ မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။- သင်​တို့​သိ​သည်​အ​တိုင်း၊… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၁၁)

၂၀၂၁ ခရစ္စမတ်စ်

ငယ်စဉ်ကဆို နှစ်တနှစ်ရဲ့အဆုံးပိုင်းလ ဒီဇင်ဘာလရောက်တာနဲ့ ပျော်စရာအကောင်းဆုံးအချိန်ဆိုပြီးသတ်မှတ်ထားခဲ့ဖူးပါတယ်။ ဘာလို့ဆို ချမ်းအေးတဲ့ရာသီဥတုကိုခံစားရတယ်၊ ဝိုင်းဖွဲ့ကာခရစ္စမတ်စ်သီချင်းတွေဆိုရတယ်၊ ဟိုကနေဒီကနေအစားသောက်တွေစားရတယ်၊ ပျော်ပွဲရွှင်ပွဲတွေကျင်းပကြတယ်။ ဒီလိုအရာမျိုးတွေနဲ့ပဲ ဒီဇင်ဘာကို နှစ်တိုင်းပျော်ရွှင််စွာဖြတ်သန်းခဲ့ပါတယ်။  ဆယ်ကျော်သက်လူငယ်အရွယ်ရောက်လာပြန်တော့လည်း အသင်းတော်မှာပါဝင်ကာ Carol singing တွေထွက်၊ ချက်ပြုတ်စားသောက်၊ midnight service တွေမှာအိပ်ငိုက်ပြီးပါဝင်ခဲ့တာတွေနဲ့ ဒီဇင်ဘာကို ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ပါသေးတယ်။  တနှစ်သောဒီဇင်ဘာကတော့ စာရေးသူကိုအကြီးအကျယ်တုန်လှုပ်စေခဲ့ပါတယ်။ အိမ်တအိမ်မှာ carol ဆိုရင်း အိမ်ရှင်ကကိုယ့်လက်ထဲလာထည့်ပေးတဲ့ စာအိတ်ကိုကြည့်ပြီးတွေဝေသွားပါတယ်။… Read More »၂၀၂၁ ခရစ္စမတ်စ်

အဓိကအရာကို သိခြင်း

တမန်တော်တို့သည် ဗိမာန်တော်၌ သော်လည်းကောင်း အိမ်၌ သော်လည်းကောင်း ဆုံးမဩဝါဒပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း၊ ဧဝံဂေလိတရားဝေငှခြင်း စသဖြင့်တို့အား နေ့စဥ်နေ့တိုင်း လုပ်ဆောင်လျှက်နေကြသည့် အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးသည့်နောက်တွင် ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ရိုးရိုးသာမာန်အနေဖြင့် ခေါ်ဆိုကာ ခေါင်းစဥ်တပ်ရမည်ဆိုလျှင် လူမှုရေးပြဿနာတစ်ခုဟု ခေါ်ဆို၍လည်း ရနိုင်ပေသည်။ မုဆိုးမများအား အလုပ်အကျွေးပြုခြင်းဆိုင်ရာပြဿနာတစ်ခု ဟုလည်းဆိုကြပေအံ့ … ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ ဟေဗြဲလူမျိုးနှင့် ဟေလေနစ်လူမျိုးတို့မှ စတင်လာသော မီးပွားများသည်… Read More »အဓိကအရာကို သိခြင်း

ချစ်သော လူငယ်သို့ – အပိုင်း(၁၀)

“ကြိုက်တာလာ၊ လာချင်တာလာ ဒါပေမယ့်စုံစမ်းသွေးဆောင်ခြင်း ကတော့မရဘူးကွာ” ဆိုတဲ့အဖြစ်မျိုးကျွန်ုပ်တို့ ကြုံတွေ့ဖူးမှာပါ။ စုံစမ်းသွေးဆောင်ခြင်းဆိိုတာကလည်း ယောကျာ်း၊ မိန်းမ အရွယ်မရွေးပါဘူး။ လူတိုင်းဆီလာတတ်ပါတယ်။ ဒါပေမယ့် ပုံစံမျိုးစုံနှင့်အခြေအနေမျိုးစုံမှာ လာတတ်တဲ့ စုံစမ်းသွေးဆောင်ခြင်းကို ဆီးတား၊ တွန်းလှန်နိုင်ဖို့ကိုတော့ သခင်အလိုရှိပါတယ်။  “ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။” ဟေဗြဲဩဝါဒစာ… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၁၀)

ချစ်သော လူငယ်သို့ – အပိုင်း(၉)

၂၁ရာစုမှာ ကလေး၊ လူငယ်၊ လူကြီးများအကြား ရေပန်းစားနေရာယူလာတာကတော့ ရသမျိုးစုံ၊ ပုံစံမျိုးစုံပေးတဲ့ ဗွီဒီယိုဂိမ်း တွေပဲဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းကနေစတင်ပြီး နည်းပညာမြင့်မား၊ အဆင့်မြင့်မားတဲ့ ဗွီဒီယိုဂိမ်းတွေကလည်း ဒုနဲ့ဒေးအပြိုင်အဆိုင်ပေါ်ထွက်လာခဲ့ကြတာ ယနေ့ထိပါပဲ။ ဒီကနေ့ ခရစ်ယာန်အသိုင်းအဝိုင်း လူငယ်များကြားထဲမှာလည်း ဂိမ်းကစားခြင်းက နေရာယူလွှမ်းမိုးမှုရှိနေပါတယ်။ဒီလိုပြောလို့ ဂိမ်းကစားခြင်းက အပြစ် လို့ဆိုနေခြင်း မဟုတ်ပါဘူး။ ဒါပေမယ့် ဂိမ်းကို အတိုင်းထက်လွန်စွဲလမ်းခြင်းက အပြစ်ရဲ့သွေးဆောင်ရာများသို့… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၉)

ချစ်သော လူငယ်သို့ – အပိုင်း(၈)

“ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။”ရှင်မဿဲခရစ်ဝင် ၁၆း၂၄“Then Jesus said to His disciples, “If anyone wants to come with Me, he must deny himself, take up his… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၈)

ချစ်သော လူငယ်သို့ – အပိုင်း (၇)

ဆယ်ကျော်သက်လူငယ်ဘဝမှာ ရည်းစားထားခြင်းဆိုတာ ထူးဆန်းတဲ့အရာတခုတော့မဟုတ်ပါဘူး။ လူငယ်သဘာဝ ဆန့်ကျင်ဖက်လိင်အပေါ် စိတ်ဝင်စား ရင်ခုန်ခြင်းက ဖြစ်ရိိုးဖြစ်စဥ်ပါပဲ။ သို့သော်လည်း ခေတ်ရဲ့ဆိုးယုတ်ခြင်းနဲ့အတူ ဖြစ်ရိုးဖြစ်စဥ်မဟုတ်တဲ့ သမီးရည်းစားထားခြင်းတွေဟာ လူမှုအသိုင်းအဝိုင်းမှာ နေရာယူလာနေပါတယ်။“မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။”ရှင်ယာကုပ်ဩဝါဒစာ ၄း၄ ယနေ့ ခရစ်ယာန်လူငယ်တွေကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ရည်စားထားခြင်းအရာကို အပျော်သဘောအနေနဲ့ ခုံမင်လာကြပါတယ်။… Read More »ချစ်သော လူငယ်သို့ – အပိုင်း (၇)

အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်

သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟူသော စကားသည် မှန်သောစကားဖြစ်သောကြောင့် သင်းအုပ်ဟာ ရှေ့ဦးစွာ အပြစ်တင်ခွင့်နှင့်ကင်းလွတ်ရမယ် လို့ တမန်တော်ကြီးရှင်ပေါလုက တိမောသေကို သတိပေးခဲ့ပါတယ်။ သင်းအုပ် (overseer) လို့ဆိုတဲ့အခါOverseer – (Webster’s 1828 Dictionary)OVERSEE’R, n.1. One who overlooks; a superintendent; a supervisor.2. An… Read More »အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်

ချစ်သော လူငယ်သို့ – အပိုင်း(၆)

“ကျွန်တော့်မှာ ဘာဆုကျေးဇူးမှမရှိဘူးထင်တယ်”“ကျွန်မကတော့ ဆုကျေးဇူးမခံစားရဘူးထင်တယ်”ဆိုပြီး လူငယ်တွေရဲ့ ဆုကျေးဇူးနဲ့ပက်သက်လို့ ပြောလာတဲ့စကားတွေကြားဖူးပါတယ်။ဝိညာဥ်ဆုကျေးဇူး (spiritual gifts) မရှိတာ၊ မခံစားရတာထက်၊ ဆုကျေးဇူးဟာ ဘာအတွက်ဖြစ်တယ် ဆိုတာကို မသိခြင်းက ပိုမှန်ပါလိမ့်မယ်။ တချို့ဆို မွေးရာပါစွမ်းရည်တွေကို ဝိညာဥ်ဆုကျေးဇူးနဲ့အမှတ်မှားတတ်ကြပါသေးတယ်။မိဘက ခရစ်ယာန်ဖြစ်လို့ ခရစ်ယာန်အသိုင်းအဝိုင်းကနေ ကြီးပြင်းလာသောကြောင့် အသင်းတော်မှာ musicနဲ့ပက်သက်တာတွေ၊ တူရိယာတွေ၊ အသံကိုကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုတီးမှုတ်နိုင်ခြင်းတွေက ဆုကျေးဇူးလို့ ထင်ယောင်ထင်မှားဖြစ်တတ်ပါတယ်။နောက်ပြီး လောကီပညာရပ်တွေမှာကျွမ်းကျင်သူအသင်းသူ အသင်းသားတွေကို(ဥပဒေပညာ၊… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၆)