Skip to content

ဝိညာဥ်ခွန်အား

နောင်တရကြစို့

(ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ အခန်းငယ် ၁ မှ ၅) တွင် အဖြစ်အပျက် ၂မျိုးကိုတွေ့ရသည်။ တစ်ခုသည် လူလုပ်သောဘေးဖြစ်၍ တစ်ခုသည် သဘာဝဘေးဖြစ်ပေသည်။ လူအများ၏ အမြင်၊ လူ့သဘောသဘာဝတွင်တော့ ထိုသို့ကြုံတွေ့ကြရခြင်းများသည် သူတို့၏အပြစ်ကြောင့်ဟုသာ မြင်တတ်ကြသောသဘောမျိုးရှိတတ်ကြပေသည်။ ယခု အခန်းကြီး ၁၃ တွင် လည်း ထိုသို့ပင် ဖြစ်နေကြသည်မဟုတ်ပါလား။ ပထမအဖြစ်အပျက်သည် ပိလတ်မင်းကြောင့်ဖြစ်သည့်ဘေး …… Read More »နောင်တရကြစို့

ချစ်သော လူငယ်သို့ – အပိုင်း(၁၅)

က​ရု​ဏာ​မျက်​စိ​ရှိ​သော​သူ​သည် ဆင်း​ရဲ​သော​သူ​တို့​ကို ကျွေး​သော​ကြောင့် မင်္ဂ​လာ​ရှိ​လိမ့်​မည်။သုတ္တံကျမ်း ၂၂း၉Whoever has a bountiful eye will be blessed, for he shares his bread with the poor.Proverbs 22:9 ESV ခက်ခဲတဲ့ကာလမှာ ပိုပြီးမြင်တွေ့လာရတာကတော့ ကြပ်တည်းဆင်းရဲတဲ့သူတွေပါပဲ။ ထိုသို့သောသူတွေအလွန်များလာတာ ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ မြင်နိုင်မှာပါ။ သို့သော် ထိုသူတို့ကို… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၁၅)

ခွဲခန့်မှတ်သားခြင်း

တမန်တော်ဝတ္ထု အခန်းကြီး ၆ တွင် အသင်းတော်အတွင်း၌ တာဝန်ခွဲခန့်မှတ်သားခြင်းတစ်မျိုးကို တွေ့ရသည်။ အသင်းတော်အတွင်း၌ လိုအပ်လျှက်ရှိသော လစ်လပ်နေရာအတွက် တာဝန်ယူပေးမည့်သူ၊ မေတ္တာဖြင့် လုပ်ဆောင်ပေးနိုင်မည့်သူ၊ ဆုကျေးဇူးများကို အသုံးပြုနိုင်မည့်သူများအား ခွဲခန့်မှတ်သားခြင်းတစ်ခုဟု ဆိုရလျှင်လည်း မမှားချေ။ ထိုအချိန်ကာလ၏ အခြေအနေကိုကြည့်လျှင် မုဆိုးမများအား လုပ်ကျွေးခြင်းဆိုင်ရာ ပြဿနာသည် အသင်းတော်အတွင်း၌ ရင်ဆိုင်နေရသော အခက်အခဲတစ်ခုဖြစ်သည်။ ထိုပြဿနာကြောင့် အသင်းတော်အတွင်း၌ ပဋိပက္ခများစွာ ရှိနေသည့်အချိန်ဟုလည်း… Read More »ခွဲခန့်မှတ်သားခြင်း

ချစ်သော လူငယ်သို့ – အပိုင်း(၁၄)

ထင်း​မ​ရှိ​လျှင် မီး​သေ​တတ်​သ​ကဲ့​သို့ ကုန်း​တိုက်​သော​သူ​မ​ရှိ​လျှင် ရန်​ငြိမ်း​တတ်၏။သုတ္တံကျမ်း ၂၆း၂၀Without wood, fire goes out; without a gossip, conflict dies down.Proverbs 26:20 အတင်း(ကုန်းတိုက်)ပြောတတ်တဲ့သူတစ်ယောက်ဟာ သာမာန်လူတစ်ယောက်တော့ မဟုတ်ပါဘူး။ သူ့ရဲ့စကားတွေဟာ သူ့ရဲ့ရပ်တည်မှုကိုဖော်ပြသလို၊ အခြားသူတွေရဲ့ရပ်တည်မှုကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ အထက်က ကျမ်းပိုဒ်မှာဆိုထားတဲ့အတိုင်း အတင်းပြောတဲ့သူ(ကုန်းတိုက်သောသူ) မရှိဘူးဆိုရင် ရန်ငြိမ်းပါတယ်။လောင််စာ မရှိတော့ရင် မီးဆိုတာ… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၁၄)

ကြား၍ နားထောင်သောသူ

ရှင်ယာကုပ်ဩဝါဒစာတွင် “ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့” ဟု​တွေ့ရ​ပေသည်။ ထိုအရာသည် တနည်းအားဖြင့်ဆိုရလျှင် နှုတ်ကပတ်​တော် တရားစကားကို ကြား​သောသူ၊ ​နောက်တနည်းဆိုရလျှင် သခင်​ယေရှုခရစ်​တော်၏စကားကို ကြား​သောသူသည် နား​ထောင်ရန်လိုသည်ဟုဆို​ပေအံ့။ ထို့​ကြောင့်လည်း သခင်ကိုယ်တိုင် ​ပြော​သောစကားကို ကြားလျှက် နား​ထောင်​သောသူမည်သည်ကို ပညာရှိဟုပင်ဆိုထားသည်ကို ရှင်မဿဲအခန်းကြီး ၇ တွင်​တွေ့ရ​ပေသည်မဟုတ်ပါလား။ ထိုပညာရှိသည် သူ၏အသက်တာကို ​ကျောက်တည်းဟူ​သော သခင်​ယေရှုခရစ်အ​ပေါ်၌သာ တည်​ဆောက်တတ်သည်။… Read More »ကြား၍ နားထောင်သောသူ

ချစ်သော လူငယ်သို့ – အပိုင်း(၁၃)

“အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြုတော်မူ၏။” သုတ္တံကျမ်း ၃း၃၄“He mocks those who mock, but gives grace to the humble.”Proverbs 3:34 အရက်မသောက်ပါနဲ့ကွာလို့ တစ်စုံတစ်ယောက်က သတိပေးတဲ့အခါ ပြန်ထေ့ငေါ့ပြောတတ်တဲ့လူတွေကိုမြင်ဖူးကြမှာပါ။စာရေးသူဘဝမှာ ကြုံခဲ့ဖူးတာကတော့ “ကောင်းကင်နိုင်ငံတော် ရောက်ရင် အရက်ဆိုင်မရှိဘူးလေ ဒါကြောင့် ဒီမှာရှိနေတုန်း အဝသောက်ထားတာ”… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၁၃)

“ဘုရားသခင် ကျွန်တော့်ကို မချစ်ဘူး”

သမီးလေးကို အိပ်ဖို့ပြောတယ် (ဒီအရွယ်က အိပ်ရမယ့်အရွယ်၊ အိပ်သင့်တဲ့အချိန်)… မအိပ်ဘူးဆိုပြီး ဟိုပြေးဒီပြေးလုပ်နေတော့ လှမ်းပြောလိုက်တယ် .. “အိပ်လို့ … ပါးပါး ကောင်းကောင်းပြောနေတယ် ..”  သူ နားမထောင်ဘူး၊ ဂရုမစိုက်ဘူး။ ကျွန်တော် လေသံကို မြှင့်လိုက်တယ်၊ စကားလုံးတွေက တိုလာတယ် …”အိပ်တော့လို့ ပြောနေတယ်” ဒါနဲ့ ကုတင်ပေါ် သူ ပြေးတက်လာတယ် … ကျွန်တော်လည်း… Read More »“ဘုရားသခင် ကျွန်တော့်ကို မချစ်ဘူး”

ချစ်သော လူငယ်သို့ – အပိုင်း(၁၂)

သင်​တို့​တွင် အ​တတ်​အ​လိ​မ္မာ​နှင့်​ပြည့်​စုံ​သော ပ​ညာ​ရှိ တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်၊ ထို​သူ​သည် ပ​ညာ၏ နူး​ညံ့​သိမ်​မွေ့​ခြင်း​နှင့်​တ​ကွ၊ ကောင်း​မြတ်​သော ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် မိ​မိ​အ​မှု​တို့​ကို ပြ​ပါ​စေ။ရှင်ယာကုပ်ဩဝါဒစာ ၃း၁၃Who is wise and understanding among you? By his good conduct let him show his works in the meekness… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၁၂)

အထက်အရပ်မှလာသော ပညာ

ထာဝရဘုရားသည် ပညာကိုပေး​တော်မူတတ်သည်ဟူ၍ ကျွန်ုပ်တို့သိကြသည်။ ထိုဥာဏ်ပညာကို “Wisdom” ဟုဆိုပေသည်။ ၎င်းသည် မည်မျှအ​ရေးပါသနည်း၊ ထို Wisdom ဆိုသည်မှာ ဘာကိုဆိုသည်ကိုလည်း သိဖို့ရန်အတွက် အင်မတန်အ​ရေးကြီးပါသည်။ “Wisdom is the ability to know what is true or right.” ဆိုသည့် ဖွင့်ဆိုချက်များစွာထဲမှ တစ်ခုကို ကျွန်တော် မှတ်မိပါသည်။… Read More »အထက်အရပ်မှလာသော ပညာ