Skip to content

ဝိညာဥ်ခွန်အား

စိတ်နှလုံးကြေကွဲသူ၏ ဆုတောင်းသံ

ဆာလံဆရာသည် အင်မတန်စိတ်နှလုံး​ကြေကွဲ​နေသည်။ မတရား​သောသူများ၊ ဘုရားသခင်၏ စိတ်​​တော်နှင့်မ​တွေ့သူများ​ရှေ့တွင် မည်သည့်စကားမျှပင် မ​ပြောချင်​တော့​လောက်သည်အထိ စိတ်ညစ်ညူးလျက်​နေ​ပေသည်။ ထိုသူတို့သည် မည်သို့​သောအမှုများကို ပြုကြသည်မသိရ​သော်လည်း၊ ဆာလံဆရာ၏​ဖော်ပြချက်အရ မတရားသောသူ၊ အဓမ္မလူ​တွေဖြစ်ကြသည်။ ထိုသူတို့​ကြောင့် စိတ်နှလုံး​ကြေကွဲ​နေရသည်။ ထိုသူတို့၏ လုပ်ရပ်များ​ကြောင့် နာကျင်​နေရသည်။ ထိုသူတို့၏ အပြုအမူများ​ကြောင့် ငို​ကြွေး​နေရ​ပေသည် မဟုတ်ပါလား။ တနည်းအားဖြင့်ဆိုရ​သော် ထိုသို့​သော အချိန်ကာလများသည် ဆာလံဆရာ၏ ​မှောင်မိုက်​သော​နေ့ရက်များပင်ဖြစ်​ချေသည်။ “ထို​မှောင်မိုက်ကာလ​တွေသည် ဘယ်​လောက်ထိကြာဦးမှာလဲ၊… Read More »စိတ်နှလုံးကြေကွဲသူ၏ ဆုတောင်းသံ

ပဋိပက္ခ – ၉

တခါတရံတွင် ကျွန်ုပ်တို့ ကြားရသော စကားများသည် စိတ်ဆိုးချင်ဖွယ်၊ အလွဲအမှားများ သို့တည်းမဟုတ် အလိုမကျချင်ဖွယ်စကားများ ဖြစ်ကောင်းဖြစ်နေတတ်သည်။ မိတ်ဆွေအပေါင်းအသင်းများ၏ ကြားထဲ၌သော်လည်းကောင်း၊ လုပ်ငန်းခွင်တွင်ဖြစ်စေ၊ မိသားစုတွင်း၌ဖြစ်စေ၊ အသင်းတော်မှာပင်လျှင်ဖြစ်စေ အချိန်မရွေး ထိုသို့သော စကားများကိုလည်း ကြားရနိုင်ဖွယ်ရှိပေသည်။ ထိုသို့သော စကားများသည် ကျွန်ုပ်တို့၏ နားထဲသို့ ကန့်လန့်တိုက်တိုးဝင်၍ ပဋိပက္ခတစ်ခုဖြစ်တည်လာစေရန် စနက်တံမောင်းကို ဆွဲဖြုတ်ဖို့ရာ အချိန်ကောင်းတစ်ခုကိုလည်း အစပျိုးခြင်းဖြစ်လာတတ်ပေသည်။ ပြဿနာတစ်ခုအား မီးခွက်ထွန်းရှာရန်ပင်… Read More »ပဋိပက္ခ – ၉

ပဋိပက္ခ – ၈

လူသားဖြစ်သော ကျွန်တော်တို့အယောက်စီတိုင်းသည် စိတ်ဆိုးခြင်း၊ စိတ်မရှည်ခြင်းများ ရှိတတ်ကြသည်။ ထိုအချိန်များတွင် ပြောသောစကားများသည် နူးညံ့သိမ်မွေ့ခြင်းမရှိတတ်တော့ကာ အမျက်ဒေါသ၊ စိတ်မရှည်ခြင်းနှင့် စိတ်ဆိုးခြင်းများနောက်သို့သာ ပြောသောစကားများသည် အလိုလို လိုက်ပါသွားတတ်သည်။ အထိန်းအကွပ်မရှိတော့ဘဲ တဖက်သား၏ ရင်ဝသို့ မြှားအလီလီပစ်ခွင်းသကဲ့သို့ အဆက်မပြတ် ပစ်သွင်းနေမိသည်ကို သတိမရတော့ချေ။ ထို့အတူ မိမိ၏ စိတ်အလိုနောက်သို့လိုက်၍ စကားသံအမျိုးမျိုးပြောင်းလဲသွားတတ်ကြသည်ကို ကျွန်ုပ်တို့အားလုံးလည်း သတိထားမိကောင်း ထားမိတတ်ကြပေလိမ့်မည်။ စိတ်ပျော်ရွှင်နေသည့်အချိန်၌ ပြောသောစကား၊… Read More »ပဋိပက္ခ – ၈

ချစ်သော လူငယ်သို့ (နောက်ဆုံးပိုင်း)

ဒီခေတ်ကာလဟာ အင်မတန်မှ influencer များတဲ့ခေတ်ကာလပါ။ အထူးသဖြင့် social media တွေပေါ်မှာ အများဆုံးမြင်တွေ့ရနိုင်သလို၊ ထိုနေရာတွေကနေပဲ လွယ်လွယ်ကူကူနဲ့ အကောင်းရောအဆိုးနဲ့ပါ လူတွေကို လွှမ်းမိုးမှုပေးနိုင်သောကြောင့်ပါပဲ။  “သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။”ရောမဩဝါဒစာ ၁၂း၂ (က) “Do not be conformed to this world,”Romans 12:2 (A) ဒီကနေ့လောကကြီးရဲ့ရေစီးကြောင်းထဲမှာ မြောပါနေကြရသူတို့အဖို့… Read More »ချစ်သော လူငယ်သို့ (နောက်ဆုံးပိုင်း)

ပဋိပက္ခ – ၇

တမန်တော်ဝတ္ထု အခန်းကြီး ၆ တွင် အသင်းတော်အတွင်းထဲမှဖြစ်သော ပဋိပက္ခတစ်ခုကို တွေ့ရပေသည်။ အသင်းတော်သည် သင်းဝင်သူများလာသဖြင့် အဆင်ပြေသည်ဟုဆိုနိုင်စရာရှိသော်လည်း မထင်မှတ်ခြင်းများထဲမှ ပဋိပက္ခတစ်ခုမဟုတ် တစ်ခုတို့သည် ပေါ်ထွက်လာတတ်သည်ကို တွေ့ရသည်။ (Commentary တစ်ခုအဆိုအရ … ဟေဗြဲလူမျိုးများသည် ဂျူးလူမျိုးတို့၏ ယဥ်ကျေးမှုကို ခံယူလိုစိတ်ရှိကြပြီး အများစုသည် ယုဒပြည်မှဂျူးလူမျိုးတို့ဖြစ်ကြသကဲ့သို့၊ ဟေလေနစ်လူမျိုးများသည် ဂရိယဥ်ကျေးမှုကို စွဲမြဲစွာ လက်ခံလိုသော ဂျူးလူမျိုးများဖြစ်ကြပြီး ရောမအင်ပါယာတစ်ဝှမ်းမှ… Read More »ပဋိပက္ခ – ၇

ချစ်သော လူငယ်သို့ – အပိုင်း(၂၉)

“ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ထိန်း​သူ​မ​ရှိ၊ ပစ်​ထား​သော သိုး​ကဲ့​သို့ ဖြစ်​ကြ​သည်​ကို သ​နား​ခြင်း​စိတ်​တော်​ရှိ၍ များ​စွာ​သော ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး​တော်​မူ၏။” ရှင်မာကုခရစ်ဝင် ၆း၃၄ “When he went ashore he saw a great crowd, and he had compassion on them,… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၂၉)

ပဋိပက္ခ – ၆

တခါတခါတွင် ကျွန်ုပ်တို့ပြောမိသောစကားများသည် ကြားရသည့် သူတပါးအတွက် နားဝင်မချိုသောစကားများဖြစ်နေတတ်သည်။ တခါတခါတွင်လည်း စိတ်မရှည်ခြင်းများစွာ ပါဝင်နေတတ်ပေသည်။ အကြောင်းအရာများအပေါ်မူတည်၍လည်း အမျက်ဒေါသထွက်လာတတ်ကြသေး၏။ အခြေအနေ၊ အချိန်အခါအလိုက် စိတ်ဒေါသထွက်လာတတ်ကြကာ စကားပြောရာ၌လည်း အမှားများပါသွားတတ်ကြပေသည်။ ထိုအရာများသည် ပဋိပက္ခများကိုဖြစ်ပေါ်လာစေတတ်သောအရာများထဲမှ တစ်ခုအပါအဝင်ဖြစ်ချေသည်။ မိမိတို့ကသာ သူတပါးထံမှ ဖြေးညှင်းသောစကားများကို ကြားလိုကာ၊ စိတ်ရှည်ခြင်းများနှင့် ဆက်ဆံသည့်သဘောကို လိုချင်ကြသည်။ သို့သော် မိမိတို့ကတော့ ထိုသို့ မလုပ်ဆောင်မိတတ်ကြသည့် အခိုက်အတန့်များစွာ… Read More »ပဋိပက္ခ – ၆

ပဋိပက္ခ – ၅

အာဗြဟံဟု အမည်မပြောင်းမီ အာဗြံနှင့် လောတတို့ ခါနာန်ပြည်တောင်ပိုင်းသို့ရောက်သည့်နောက်တွင် နှစ်ယောက်သား ပစ္စည်းဥစ္စာသာ၍သာ၍ တိုးပွားလာကြသည်။ “အာဗြံသည် သိုး၊ နွားစသည်တို့ကိုလည်းကောင်း၊ ရွှေငွေကိုလည်းကောင်း အလွန်ရတတ်၏” ဟုဖော်ပြထားသကဲ့သို့ “အာဗြံနှင့်အတူလိုက်သော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်” ဟူ၍တွေ့ရပေသည်။ ထိုသူနှစ်ဦးတို့၏ တိုးပွားခြင်းသည် မြေကြီးပင်မဆံ့နိုင်ပေ။ “ဥစ္စာများလွန်း၍ သူတို့သည် တရပ်တည်း မနေနိုင်ကြ” ဟုလည်း ကျွန်ုပ်တို့ တွေ့နိုင်ပေသည်။… Read More »ပဋိပက္ခ – ၅

ချစ်သော လူငယ်သို့ – အပိုင်း(၂၈)

“သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။”ရှင်ပေတရုသြဝါဒစာပထမစောင် ၅း၇“casting all your anxieties on him, because he cares for you.”1 Peter 5:7 စိုးရိမ်စရာအမှုများတဲ့ လူ့ဘောင်လောကထဲ အထူးသဖြင့် ယနေ့ဟုခေါ်ဝေါ်တဲ့ ဒီကာလမှာ စိုးရိမ်မှုကြောင့်ကြမှုကို အရွယ်မရွေးတွေ့ကြုံရင်ဆိုင်ကြရပါတယ်။ ခေတ်ကြီးကတိုးတက်မှုမြန်ဆန်လာသည်နှင့်အမျှ ကလေး လူငယ် လူကြီး… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၂၈)