လူသစ် အမှုသစ်
လူသစ် သစ်လွင်ဆန်းသစ်မှုဆိုတာမျိုးက လတ်ဆတ်သည့်အရာမျိုးလို့ပြောလို့ရပါတယ်။ ဒါကိုလူတိုင်းက နှစ်သက်မြတ်နိုးတတ်ကြတာ မဆန်းပါဘူး။ အသစ်ဖြစ်နေခြင်းမှာ ပေါ်လွင်၊ မြင်သာ၊ ထင်ရှား၊ သိသာမှုတွေကရှိမြဲပါ။ ဒီကနေ့ယုံကြည်သူအသက်တာဆိုရင်ဖြင့်လည်း ယေရှုခရစ်တော်၏ပြုပြင်တော်မူသောအားဖြင့် အသစ်သောအသက်တာ(လူသစ်)၌ ဦးစွာ ဘုရားရှင်၏ဘုန်းတော်နှင့်ကယ်တင်ခြင်းကျေးဇူးတော်၊ ပြီးတဲ့အခါမှာ ကောင်းသောအသက်တာ၌ကျင်လည်သောအသက်ရှင်မှုမျိုးက ပေါ်လွင်၊ မြင်သာ၊ ထင်ရှား၊ သိသာ ဖို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့အမည်နာမ ထင်ရှားကျော်စောခြင်းမျိုးမဟုတ်ဘဲ သခင်ခရစ်တော်ကိုယူတင်ဝတ်ဆောင်သော လူသစ်အားဖြင့်ကယ်တင်သောသခင်၏နာမတော်ကိုထင်ရှားစေခြင်းငှါ လတ်ဆတ်သည့်အသက်ရှင်ခြင်းဖြစ်ပေသည်။ ပုပ်စပ်နေသည့်လောကမှာ အထူးသဖြင့်… Read More »လူသစ် အမှုသစ်