ပဋိပက္ခ – ၁၂
စိတ်ဆိုးဒေါသထွက်နေသည့် အခိုက်အတန့်သော်လည်းကောင်း တစ်ယောက်နှင့်တစ်ယောက် စိတ်သဘောထား မတိုက်ဆိုင်ခြင်းကြောင့်သော်လည်းကောင်း စကားများရန်ဖြစ်တတ်ကြသည့် အခြေအနေအရပ်ရပ်တို့သည် တစ်ဦးနှင့်တစ်ဦးပင် စကားမပြောချင်တော့လောက်အောင်ဖြစ်စေ မျက်နှာချင်း မဆိုင်ချင်နိုင်လောက်သည်အထိပင်ဖြစ်စေ စသဖြင့်သော ခံစားချက်များလည်း ဖြစ်တတ်ကြပေသည်။ ထိုအဖြစ်မှတဆင့် စိတ်ဆိုးစိတ်ကောက်ရုံနှင့် မပြီးတော့ဘဲ စိတ်နာသည်အထိဖြစ်လာစေကာ ရင်းနှီးမှုပျက်ပြားသွားတတ်လေသည်။ ဤသို့ဖြင့် အပြစ်မြင်လာကာ ခွင့်မလွှတ်နိုင်သည်အထိ ဖြစ်ခြင်းသည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် များစွာမြင်တွေ့ရတတ်ပေသည်။ ထိုအဖြစ်အပျက်များအားလည်း ကျွန်ုပ်တို့၏ မိသားစုအတွင်း၊ လုပ်ငန်းခွင်၌ပင်ဖြစ်စေ၊… Read More »ပဋိပက္ခ – ၁၂