Skip to content

ဝိညာဥ်ခွန်အား

အိပ်မက်ပေးသူ

☘️🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀 Following your God-Given Destiny ရှေးမကျလှသည့် အတိတ်တချိန်က (not long ago) … သိပ်မဝေးလှသည့် (not far away) … “ရင်းနှီးကျွမ်းဝင်ရာ” (The Land of Familiar) ဆိုသည့်တိုင်းပြည်တပြည်တွင်  “သာမန်လူလေး” (Ordinary) ဟု အမည်ရသော “အညတရ” (Nobody) တဦး နေထိုင်အသက်ရှင်ခဲ့သည်။… Read More »အိပ်မက်ပေးသူ

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၃)

အမှုတော်ဆောင်တဲ့သူတိုင်းဟာ တရားဒေသနာဝေငှဟောပြောခြင်းကို ရှောင်လွှဲလို့မရပါဘူး။ ကိုယ်တိုင်က ဧဝံဂေလိတရားကိုကြားခဲ့ပြီးနောက်၊ ထိုတရားကိုဆက်လက်ကြားပြောကာ၊ သက်ဆိုင်သူ ယုံကြည်သူများအားလည်း ထိုတရားတော်ကိုအမှီပြုလျက် တိုက်တွန်းခြင်း၊ ခွန်အားပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ တည်ဆောက်ပေးခြင်းအမှုရာတွေ၌ ဆက်လက်ပြီးမွှေ့လျော် ဝန်တာထားလုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် အမှုတော်ဆောင်တွေအနေဖြင့် နှုတ်ကပတ်တော်ဟောပြောခြင်းအတွက် အမြဲအသင့်ဖြစ်နေသင့်ပါတယ်။ ဘာဒေသနာဟောပြောမလဲ ဘာဒေသနာကိုဟောပြောမလဲ ဆိုရင် သခင်ဘုရားရဲ့ဒေသနာကိုသာ ဟောပြောရမှာပါ။ ဘာကြောင့်ဒီလိုဆိုရသလဲဆိုရင် သမ္မာကျမ်းစာထဲမှာ ကျွန်ပ်တို့သိသင့်သည့်အရာများရှိသလို၊ အဓိကထားလိုက်လျှောက်သင့်သည့်အရာများလည်းရှိလို့ပါပဲ။ မျက်မှောက်ကာလမှာ သတိထားမိသည့်အရာကတော့… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၃)

ဝမ်းဆွဲမတို့၏ မနာခံခြင်း

တိုးပွားမြဲတိုးပွား များပြားမြဲများပြားလာသော ဣသရေလလူမျိုးများကြောင့် ဖာရောအပါအဝင် အဲဂုတ္တုလူတို့သည် အင်မတန် စိတ်ညစ်နေကြရသည်။ ထို့ကြောင့် ပို၍ပို၍ တရားလက်လွတ်စေခိုင်းကြသည် နှိပ်စက်ကြပေသည်။ ဖိနှိပ်ခြင်းများစွာခံရကာ မတရားသဖြင့်စေခိုင်းခံရသောကြောင့် ဣသရေလလူမျိုးများသည် အုတ်ဖုတ်ရခြင်း၊ လယ်လုပ်ရခြင်း စသည့် ခက်ခက်ခဲခဲလုပ်ရသောအလုပ် ပင်ပင်ပန်းပန်းလုပ်ရသော အလုပ်အမျိုးမျိုးတို့ကို လုပ်ကြရပေသည်။ ကျွန်ပြုထားသည့်အတွက်လည်း သူတို့၏လုပ်အားခဖြစ်သော အခကြေးငွေကိုပင် မပေးဘဲနေကြသည်မှာ မြေကြီးလက်ခပ်မလွဲပေ။ အစာကိုလည်း ဝလင်စွာ မစားရနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော်… Read More »ဝမ်းဆွဲမတို့၏ မနာခံခြင်း

ထာဝရဘုရားသခင်၏ ကယ်လွှတ်ခြင်းချမ်းသာ

ယောသပ်အပါအဝင် အကိုများနှင့် ထိုခေတ်ကာလအချိန်တွင် နေထိုင်အသက်ရှင်ကြသော အမျိုးသားအပေါင်းသေဆုံးကြပြီးသည့်ကာလနောက်တွင် ယောသပ်၏ ကျေးဇူးပြုခြင်း၊ ဘုရားသခင်အတူရှိခြင်း စသဖြင့်သော အကြောင်းအရာများကို မသိသော ရှင်ဘုရင်တစ်ဦး အဲဂုတ္တုပြည်တွင် ပေါ်ထွန်းခဲ့သည်ကို အားလုံးသိကြပြီးဖြစ်ပေလိမ့်မည်။ ထိုမင်းသည် ဣသေရလတို့၏ သားဖွားခြင်းကြောင့် တိုးပွားခြင်း၊ အင်အားကြီးထွားများပြားခြင်း၊ တိုင်းပြည်၌နှံ့ပြားခြင်းတို့ကြောင့် ကြောက်ရွံ့မိသည်ဟုဆိုကြပါစို့။ ထို့ကြောင့် ဣသေရလလူမျိုးများသည် သူတို့၏ရန်သူများနှင့်ပေါင်းကာ စစ်တိုက်မည်ကိုလည်းစိုးရိမ်မိသကဲ့သို့ သူ၏အာဏာ သူ၏ထီးနန်းအား ထိခိုက်နိုင်မည်ဟု ယူဆမိဟန်လည်းရှိပေဦးလိမ့်မည်။ ထို့ကြောင့်… Read More »ထာဝရဘုရားသခင်၏ ကယ်လွှတ်ခြင်းချမ်းသာ

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၂)

“သာသနာပြုအမှုတော်ဆောင်ရတာ အဆင်ပြေရဲ့လား”လို့ မေးခွန်းမျိုးထက် “ဘုရားအလုပ်လုပ်တဲ့သူကို ဘုရားကကျွေးမှာပေါ့” လို့ပြန်ပြီးအပြောခံရတာက ပိုများပါတယ်။ ကြုံခဲ့ဖူးတဲ့ယုံကြည်သူအတော်များများကတော့ အဲ့လိုမျိုးအားပေးကြပေမယ့် ကိုယ်တိုင်က အုပ်တချပ်သဲတပွင့်အနေနဲ့တောင်မှ ပါဝင်ဖို့စိတ်မဝင်စားကြပါဘူး။ ဒီကနေ့ အသင်းတော်တွေမှာ အသင်းသားအတော်များများက ဘုရားကျောင်းကို အပတ်တိုင်းမှန်မှန်လာပြီး၊ ပုံမှန်အလှူငွေထည့်ကာ ဘယ်သူကတရားဟောသွားတယ်၊ သီချင်းဆိုသွားတယ် ဆိုတာမျိုးကိုတော့ပိုသတိထားမိပေမယ့်၊ အသင်းတော်မှာ ယုံကြည်ပြောင်းလဲလာတဲ့လူသစ်တွေတိုးလာတာမျိုးကိုတော့ စိတ်ထဲသိပ်မရှိကြချေ။ များသောအားဖြင့်တော့ အသင်းတော်ရဲ့အသင်းဝင်မိသားစုတွေထဲကနေ နှစ်ခြင်းခံကြတာကိုလောက်သာ သတိပြုမိတတ်ကြတာပါ။ ဖြစ်ပုံက တနင်္ဂနွေဘုရားကျောင်းစင်ပေါ်မှာရှိနေတဲ့… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၂)

ဆင်ခြင်သုံးသပ်ကာ ပြင်ဆင်ခြင်း

တစ်ရက်တစ်ရက်နှင့် နေဝင် မိုးချုပ် သွားလာကာ ရှင်သန်လှုပ်ရှားနေကြသော ကျွန်ုပ်တို့သည် တစ်နေ့တာလုံးအတွက် ပြန်လည်ကာ ဆင်ခြင်သုံးသပ်သည့် အလေ့အထကို လုပ်လေ့သိပ်မရှိကြပါ။ လုပ်လေ့ရှိလျှင်လည်း တခါတရံတွင် မေ့လျော့ကာ မလုပ်မိခဲ့သည့်ကာလလည်း ရှိကြတတ်သည်။ မိမိတို့၏ အသက်တာ၌ နေ့စဥ်လုပ်ဆောင်သမျှတို့အား မဆင်ခြင်မိလျှင် မည်မျှ အပြစ်ပြုမိနေသည်ကိုပင် မသိရှိတတ်ကြတော့ကာ ပြုမိမှန်းပင်မသိ၊ ပြုမိမြဲပြုမိနေပေလိမ့်မည်။ ဥပမာဆိုရလျှင်ဖြင့် မိမိ၏ စိတ်ဆိုးဒေါသထွက်ခြင်း စိတ်ကြီးခြင်းတို့အား ပြင်ဆင်ရန်လိုအပ်သည်ကိုပင်… Read More »ဆင်ခြင်သုံးသပ်ကာ ပြင်ဆင်ခြင်း

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၁)

အခုဘာလုပ်နေလဲလို့ တစုံတယောက်ကမေးလာတဲ့အခါမှာ “အမှုတော်ဆောင်”ပါလို့ပြန်ဖြေရတဲ့အခိုက် အမှုတော်ဆောင်နေသူတိုင်းကြုံဖူးကြမှာပါ။ တချို့လည်းမေးတဲ့သူအပေါ်မူတည်ပြီး ဖြေရတာဝမ်းသာတဲ့သူရှိသလို၊ သိမ်ငယ်တဲ့သူလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ သခင်ဘုရား၏ကြီးမြတ်တော်မူ၍ထာဝရနှင့်ဆိုင်သော အမှုတော်ကိုဆက်ကပ်အစေခံနေရသည့်အခွင့်ထူးအတွက် အားငယ်နေစရာအကြောင်း စိုးစဉ်းမျှမရှိပါ။ နောင်တရစရာအကြောင်းလည်းမရှိပါ။ သို့သော် သတိပြုရမည့်အရာတခုက အမှုတော်ကိုဆောင်သည့်အခါဝယ် ဘာကြောင့်ဆောင်သလဲဆိုသည့် နှလုံးသားကိုစစ်ဆေးဖို့လိုပါတယ်။ ဘာလို့ဒီလိုပြောရလဲဆိုရင် အမှုတော်ထဲမှာအမှုဆောင်နေတဲ့သူတွေအများကြီးရှိနေပေမယ့် အမှုတော်ကိုယေရှုခရစ်တော်ကဲ့သို့၊ ယေရှုခရစ်တော်၏နှလုံးသားဖြင့်ဆောင်သောသူတွေ အင်မတန်နည်းလာလို့ပါပဲ။ အမှုတော်ဆောင်ကြတဲ့အခါမှာ “အစေခံခြင်း”ထက် “အကဲအမှုး”(ဆရာကြီး)လုပ်ချင်တဲ့သူက ပိုများလာပါတယ်။ ပိုဆိုးတာက နာမတော်အားဖြင့် ဇိမ်ခံချင်တဲ့… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၁)

ထွက်​ပြေးခြင်းနှင့် ​ရှောင်ပုန်းခြင်း

စိုက်ပျိုးရသည့်ကာလ၊ ရိတ်သိမ်းရသည့်အချိန်၊ ဖြိုဖျက်ရသည့်ကာလ၊ တည်​ဆောက်ရသည့်အချိန်ရှိသကဲ့သို့ပင် စစ်တိုက်ရသည့်ကာလ၊ ​ထွက်ပြေးရသည့်အချိန်လည်းရှိသည်။ ​ရှောင်ပုန်းရသည့်ကာလရှိသကဲ့သို့ ရင်ဆိုင်ရသည့်အချိန်လည်းရှိသည်မဟုတ်ပါလား။ ဒါဝိဒ်သည် ​​ဂေါလျတ်နှင့်ရဲဝင့်စွာ ရင်ဆိုင်ခဲ့ပြီးသည့်အချိန်တွင် ချီး​မြှောက်ခြင်းကိုခံရသည်။ ရှင်ဘုရင်​ရှောလုသည် ချီး​မြှောက်​သော်လည်း မနာလိုခဲ့။ ထို့​ကြောင့် သူ၏မနာလိုခြင်း​ကြောင့်ပင် ဒါဝိဒ်အား မ​ကောင်းသည့်အကြံအစည်ကို ကြံစည်ခဲ့​​ပေသည်။ ထို့အတူ ဒါဝိဒ်သည် ဖိလိတ္တိလူတို့နှင့် စစ်တိုက်ခဲ့ရသည့်ကာလလည်းရှိခဲ့သည်။ ထိုစစ်ပွဲများအား အောင်မြင်ခဲ့သည့်အချိန်လည်းရှိ​ပေသည်။ “ဒါ​ဝိဒ်​သည် ရှော​လု၏​ကျွန်​အ​ပေါင်း​တို့​ထက် သာ၍ သ​တိ​ပ​ညာ​နှင့်​ပြု​မူ​သ​ဖြင့်… Read More »ထွက်​ပြေးခြင်းနှင့် ​ရှောင်ပုန်းခြင်း

ပြည်​တော်ကြီးကို ချမ်းသာ​ပေးပါ

ထာဝရဘုရားသည် နိ​နေ​ဝေမြို့ကြီးသို့ သတင်းစကားကြား​ပြော​စေရန် ​ယောနအား ​စေလွှတ်ခဲ့သည်။ ထိုမြို့သားတို့၏ အပြစ်သည် များလွန်း​သော​ကြောင့် ပျက်ဆီးခြင်းသို့ ​ရောက်​တော့မည်ဟု ​ယောနသည် ​နောင်တတရားကို ကြား​ပြောရန်ဖြစ်​ပေသည်။ ​ယောနသည် ထိုမြို့သားတို့နှင့် အတိတ်ဆိုးရှိခဲ့ဖူးသည်။ နိ​နေ​ဝေမြို့သားများနှင့် ​ယောနတို့၏ ရန်ငြှိုးရန်စ​ကြောင့် ​နောင်တရရန်​ဝေငှဖို့ရာ တွန့်ဆုတ်ခဲ့၍ ထို​နေရာနှင့် ​ဝေးရာ ဆန့်ကျင်ဘက်အရပ်သို့ ထွက်​ပြေးခဲ့ခြင်းကို သိကြမည်ထင်ပါသည်။ ယောန၏ ခံစားချက်သည် ထိုသူတို့အား ပျက်ဆီး​စေချင်ခဲ့သည်။… Read More »ပြည်​တော်ကြီးကို ချမ်းသာ​ပေးပါ