ကလေးတို့အတွက်စန်းဒေးစကူး
“စန်းဒေးစကူး”ဆိုတဲ့ စကားလုံးနဲ့နေရာကိုမဖြတ်သန်းခဲ့ဖူးတဲ့ ခရစ်ယာန်ဆိုတာ မရှိသလောက်နည်းပါလိမ့်မယ်။ ခရစ်ယာန်တယောက်အတွက် ဝိညာဉ်ရေးအသိကို အစပြုတဲ့နေရာလို့ဆိုရင်လည်း မမှားပါဘူး။ တချို့သောအသက်တာတွေအတွက် ခိုင်မာတဲ့ဝိညာဉ်ရေး၊ ဘုရားသခင်နှင့်ကျွမ်းဝင်တဲ့မိဿဟာရ ကိုစတင်အခြေပြုမိစေခဲ့တဲ့နေရာဖြစ်သလို၊ အချို့သောအသက်တာတွေအတွက်လည်း အိမ်ကပို့လို့ ရောက်သွားခဲ့တဲ့နေရာထက် မပိုခဲ့ကြပါ။ မည်သည်ပင်ဆိုစေကာမူ “စန်းဒေးစကူး”ရဲ့အခန်းကဏ္ဠဟာ အသင်းတော်နှင့်ငယ်ရွယ်သောအသက်တာတွေအတွက် အင်မတန်မှအရေးကြီးတဲ့နေရာမှာရှိသည်ကိုတော့ သတိပြုဖို့ရန်လိုအပ်ပေသည်။ ဒီကနေ့ ခရစ်ယာန်အိမ်ထောင်မိဘ တော်တော်များများကို လေ့လာကြည်တဲ့အခါမှာ အချို့သောမိဘတွေက ကလေးတွေကို စန်းဒေးစကူးပို့ကြတဲ့အခါ မိမိရဲ့သက်ဆိုင်ရာအသင်းတော်ကိုပို့ဆောင်ကြသလို၊ အချို့များကြပြန်တော့လည်း… Read More »ကလေးတို့အတွက်စန်းဒေးစကူး