Skip to content

ဝိညာဥ်ခွန်အား

ဘုရားစကားနားမထောင်မိလို့များလား?

ဓမ္မပညာရပ်နဲ့ သမိုင်းကြောင်းနောက်ခံ   “ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်အချိန်တုန်းက၊ ဘယ်နေရာမှာ၊​ ဘာကြောင့်ပြောခဲ့တာလဲ?” သမ္မာကျမ်းစာကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ “ကျမ်းနောက်ခံအကြောင်းအရာ မှားယွင်းဖော်ပြမိခြင်း” (out of context) မဖြစ်အောင် အကြောင်းအရာမှန်ကို ဖော်ထုတ်နိုင်ဖို့ “ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်အချိန်တုန်းက၊ ဘယ်နေရာမှာ၊ ဘာကြောင့်ပြောခဲ့တာလဲ?” ဆိုတဲ့ မေးခွန်းငါးခုကို အခြေခံအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းကို ကျမ်းစာပညာရှင်များက “အကြောင်းအရာ… Read More »ဘုရားစကားနားမထောင်မိလို့များလား?

နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၄

ခရစ်ယာန်ဖြစ်ခြင်းကြောင့် တူဘဝမှ ပေဘဝပြောင်းသွားသူ၊ ခရစ်တော်နောက်သို့လိုက်ခြင်းကြောင့် ကောင်းစားခြင်းနှင့် အခွင့်အာဏာရှိခြင်းတို့အား လက်လွှတ်ဆုံးရှုံးခဲ့ရသူ ရှင်ပေါလုသည်ပင် နက်လွန်းသော ဒဏ်ရာများစွာရှိသည်။ (Violence) အကြမ်းဖက်ခြင်းဟုပင် ဆိုအပ်သော သူတပါးပြုသည့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းများစွာကို ခံစားရခြင်း၊ (Natural Disaster) သဘာဝဘေးအန္တရာယ်များဖြစ်သော ပင်လယ်ထဲ၌နေရခြင်း၊ မြစ်ကူးသောဘေး၊ ပင်လယ်ဘေး၊ တော၌ ကြုံရသောဘေးများသည် သဘာဝဘေးအန္တာရာယ်များကြောင့် ခံစားရတတ်သော စိတ်ဒဏ်ရာများ (Natural Disaster… Read More »နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၄

နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၃

ဒါဝိဒ် ဟုဆိုလိုက်လျှင် လူတိုင်း အားကျရသည့် မင်းသားကြီးကိုသာ မြင်မိကြသည်။ သို့သော် သူ၏ ဖြတ်သန်းခဲ့ရာ ဘဝကိုတော့ရုတ်တရက်သတိမထားမိကြသည်မှာ အမှန်ပင်ဖြစ်သည်။ ရှမွေလ ဘိသိက်ပေးရန်လာသည့် အချိန်၌တွင်ပင် မိသားစုမှ သားများအားလုံးကို အတူစုစည်းခေါ်ယူထားရမည့်အစား ဒါဝိဒ်အား လစ်လျူရှုကာ သိုးကျောင်းရန်စေလွှတ်ထားခြင်း၊ ထိုသို့ မိသားစုများအကြား ဘိသိက်ကိစ္စသည် သူနှင့်မဆိုင်သဖြင့် ဘောင်မဝင်ခဲ့သူဟု ယူဆမိကာ ဒါဝိဒ်၏ စိတ်ထဲ၌ ဝမ်းနည်းနေမည်လားဟုပင် မိမိ၌တွေးစရာတစ်ခု… Read More »နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၃

ခရစ်ယာန်အိမ်ထောင်နှင့် ခရစ်ယာန်မိသားစု စံတန်ဖိုးများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း

သခင်ယေရှုခရစ်တော်ဘုရားကို သက်ဝင်ယုံကြည်ကိုးကွယ်သူ “ခရစ်ယာန်” များအတွက် သုံးပါးတဆူထာဝရဘုရားထံတော်မှသော်လည်းကောင်း၊ သခင်ခရစ်တော်ဘုရားရဲ့ တပည့်တော်သာဝက တမန်တော်မြတ်ကြီးများမှသော်လည်းကောင်း လိုက်နာကျင့်သုံး၊ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ခရစ်ယာန်အိမ်ထောင်နဲ့ ခရစ်ယာန်မိသားစု စံတန်ဖိုးတွေကို ပညတ်တော်ထားကာ စည်းစနစ်တကျ သတ်မှတ်ပေးခဲ့ကြပါတယ်။ သခင်ဘုရားနဲ့ တမန်တော်ကြီးတွေ ချမှတ်ပေးခဲ့တဲ့ စံတန်ဖိုးတွေဟာ အပေးအယူလုပ်ပြီး စျေးစစ်လို့ရတဲ့ ပေါက်လွှတ်ပဲစားစံနှုန်းတွေ၊ အပေါစားစံတန်ဖိုးတွေ မဟုတ်ပါဘူး။ Non-compromisable / Non-negotiable Christiain values… Read More »ခရစ်ယာန်အိမ်ထောင်နှင့် ခရစ်ယာန်မိသားစု စံတန်ဖိုးများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း

ခရစ်ယာန်တို့၏ ရက်ပေါင်း (၄၀) ဥပုသ်ရာသီ (Great Lent)

ခရစ်ယာန်ဘာသာဝင်များ၏ “ရက်ပေါင်း (၄၀) ဥပုသ်ရာသီ” ဆိုသည်မှာ အဘယ်နည်း။ “Great Lent” တည်းဟူသော “မဟာဥပုသ်ရာသီ”  ဟု ခေါ်သည့် ခရစ်ယာန်တို့၏  “ဝါတွင်း” သို့မဟုတ် “ဝါတော်ကာလ” သည် ခရစ်ယာန်ဘာသာဝင်အများစုက ကျင့်သုံးသော တနင်္ဂနွေနေ့များ မပါသည့် ရက်ပေါင်း ၄၀ ကြာ ကာလတခုဖြစ်ပါသည်။ လူ့ဇာတိခံယူတော်မူသော ဘုရားသခင် ရှင်ယေရှုခရစ်တော်၏ ဝေဒနာလမ်းဖြစ်သော ကားတိုင်သို့… Read More »ခရစ်ယာန်တို့၏ ရက်ပေါင်း (၄၀) ဥပုသ်ရာသီ (Great Lent)

နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၂

ယောသပ်သည်လည်း စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ နာကျင်ခဲ့ရသူဖြစ်သည်။ အမျိုးအရင်းကြီးပါဟုဆိုရသူ ညီအကိုများ၏ (Jealousy) မနာလိုခြင်းကို ခံရသူ၊ လှည့်စားခြင်းကိုခံရသူသာမက ရောင်းစားခြင်းကိုပင် ခံစားခဲ့ရသူ၊ တနည်းဆိုရသော် ညီအကိုများ၏ (Betrayed) သစ္စာဖောက်ခြင်းကို ခံစားခဲ့ရသူဖြစ်သည်။ သူ၏ ဒဏ်ရာသည်လည်း ပေါ့သေးသေးမဟုတ်ပါ။ ကျွန်အဖြစ်ရောင်းစားခံရခြင်းကြောင့် ဘဝကို ပင်ပန်းစွာဖြတ်သန်းခဲ့ရသူ။ ယောသပ်ခဗျာ နေ့ခင်းဘက်အလုပ်လုပ်ချိန်၌ နွေးထွေးမှုရှိသော မိမိအိမ်ကို မည်မျှလွမ်းကာ ညဘက်အိပ်ချိန်၌လည်း မည်မျှ… Read More »နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၂

နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၁

ဒဏ်ရာ၊ နာကျင်ခြင်း … လို့ဆိုလိုက်တိုင်းတွင် အပေါ်ယံရှပ်ဒဏ်ရာလား အတွင်းပိုင်းထိ နက်သော ဒဏ်ရာများလားဟု ဒဏ်ရာ၏ အတိမ်အနက်ကိုလည်း တွေးမိတတ်ကြမည်။ သို့သော် ရင်ဘတ်ထဲမှ ဒဏ်ရာကိုတော့ ရင်ဘတ်ကြီးနှင့်သာ မြင်အောင်ကြည့်မှ ရမည်ထင်ပါသည်။ လူတိုင်းလူတိုင်းတွင် ရင်ဘတ်ထဲမှဒဏ်ရာသည် အနည်းဆုံး တစ်ခုလောက်တော့ရှိတတ်ကြသည်။ မိမိကိုယ်တိုင် သိရှိ လက်ခံထားသော ဒဏ်ရာ၊ မိမိကိုယ်တိုင်ပင် မသိသော (Unconsciously) ဒဏ်ရာ သို့မဟုတ်… Read More »နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၁

ယုံကြည်ခြင်းမျိုးစေ့

ခရစ်ယာန်တစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ဟာ “ယုံကြည်ခြင်း” ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခရစ်ယာန်တွေကို “ယုံကြည်သူ” တွေလို့ ခေါ်ဆိုကြပါတယ်။ “ယုံကြည်ခြင်း” သည် ဘုရားသခင်ထံမှ ရရှိသော “ကျေးဇူးတော်” ဖြစ်ပါတယ်။ ယုံကြည်ခြင်းကို အနီးစပ်ဆုံး ဥပမာ ပေးရရင် နိုင်ငံခြားကို လေယာဉ်နဲ့ ခရီးသွားမယ် ဆိုကြပါစို့။  ဦးစွာ ပထမ အနေနဲ့ online ကနေသော်၎င်း၊ Agent ကနေတစ်ဆင့်သော်၎င်း… Read More »ယုံကြည်ခြင်းမျိုးစေ့

ခရစ်ယာန်အိမ်ထောင်

ခရစ်ယာန်အိမ်ထောင်ဟုဆိုလိုက်သည်နှင့် အင်မတန်မှစိတ်ကြည်နူးဖွယ်ရာ၊ သာယာချိုုမြိန်သော အိမ်ထောင်ဟု စိတ်နှလုံးသားထဲ၌ တွေးမြင်ကောင်း တွေးမြင်ပေလိမ့်မည်။ ဤသို့ အတွေးထဲ၌ တွေးမြင်ခြင်းက မှားသည်ဟုမဆိုပါ။ အဘယ့်ကြောင့်ဆိုသော် ဤသို့တွေးမြင်ခြင်းက ခရစ်ယာန်အိမ်ထောင်တခု၏ ဖြစ်သင့်သော၊ သမ္မာကျမ်းစာနှင့်ညီသော စံနှုန်းဖြစ်သောကြောင့်ပေတည်း။ဘုရားရှင်ကို ဦးထိပ်ထားသောမိသားစု အိမ်ထောင်တခုဖြစ်လာခြင်းဆိုသည်မှာ လွယ်ကူမည်တော့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မစုံလင်သောလူသားတို့၏ပေါင်းစည်းခြင်း အစုအရုံးဖြစ်သောကြောင့်ပေ။ ထို့ကြောင့် တဦးနှင့်တဦးအပေါ်၌ နားလည်ခြင်း၊ သည်းခံခြင်း၊ တန်ဖိုးထားတတ်ခြင်းများ လိုအပ်ပေသည်။ ထိုသို့အရည်အသွေးများကို… Read More »ခရစ်ယာန်အိမ်ထောင်