Skip to content

အသင်းတော်ရေးရာ

ခရစ်ယာန်တို့၏ ရက်ပေါင်း (၄၀) ဥပုသ်ရာသီ (Great Lent)

ခရစ်ယာန်ဘာသာဝင်များ၏ “ရက်ပေါင်း (၄၀) ဥပုသ်ရာသီ” ဆိုသည်မှာ အဘယ်နည်း။ “Great Lent” တည်းဟူသော “မဟာဥပုသ်ရာသီ”  ဟု ခေါ်သည့် ခရစ်ယာန်တို့၏  “ဝါတွင်း” သို့မဟုတ် “ဝါတော်ကာလ” သည် ခရစ်ယာန်ဘာသာဝင်အများစုက ကျင့်သုံးသော တနင်္ဂနွေနေ့များ မပါသည့် ရက်ပေါင်း ၄၀ ကြာ ကာလတခုဖြစ်ပါသည်။ လူ့ဇာတိခံယူတော်မူသော ဘုရားသခင် ရှင်ယေရှုခရစ်တော်၏ ဝေဒနာလမ်းဖြစ်သော ကားတိုင်သို့… Read More »ခရစ်ယာန်တို့၏ ရက်ပေါင်း (၄၀) ဥပုသ်ရာသီ (Great Lent)

“သမ္မာကျမ်းစာသည်သာ အမြင့်ဆုံးသော အခွင့်အာဏာ” (Sola Scriptura)

နိဒါန်း “Sola Scriptura” ဒါမှမဟုတ် “Scripture Alone” ဆိုတဲ့ မြန်မာလို “သမ္မာကျမ်းစာသည်သာ” လို့ လူသိများတဲ့ ပရိုတက်စတင့်ခရစ်ယာန်တွေရဲ့ ယုံကြည်ခြင်းမူဝါဒတခုနဲ့ပတ်သက်ပြီး မြန်မာပြည်မှာပဲဖြစ်ဖြစ်၊ ကမ္ဘာတဝန်းမှာပဲဖြစ်ဖြစ်၊ ကက်သလစ်ခရစ်ယာန်တွေနဲ့ ပရိုတက်စတင့်ခရစ်ယာန်တွေကြားမှာ တဘက်နဲ့တဘက် အသင်းသူ၊ အသင်းသားအချင်းချင်း ယုံကြည်ချက်ခြင်း မတိုက်ဆိုင်၊ သေချာတွေ့ဆုံဆွေးနွေးဖလှယ်တာမျိုးလည်း မလုပ်ဖြစ်ကြတော့၊ အဲ့လိုကနေ “သမ္မာကျမ်းစာသည်သာ” ဆိုတာ ဘာကိုပြောတာလဲဆိုတာနဲ့ပတ်သက်ပြီး သမိုင်းကို ကောင်းကောင်း… Read More »“သမ္မာကျမ်းစာသည်သာ အမြင့်ဆုံးသော အခွင့်အာဏာ” (Sola Scriptura)

Happy Reformation Day (31 Oct 2024)

ယနေ့အောက်တိုဘာလ ၃၁ ရက်နေ့ဟာ ခရစ်ယာန်အသင်းတော်သမိုင်းမှာ သမိုင်းအလှည့်အပြောင်းဖြစ်စေခဲ့တဲ့ နေ့တနေ့ဖြစ်ပါတယ်။ ဒီနေ့ဟာ “ခရစ်ယာန်သာသနာ ပြုပြင်ပြောင်းလဲခြင်းနေ့” (Church Reformation Day) ဖြစ်ပါတယ်။၁၅၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့မှာ ရောမကက်သလစ်အသင်းတော်ရဲ့ ဘုန်းတော်ကြီးတပါးလည်းဖြစ်သူ၊ ဓမ္မတက္ကသိုလ် ပါမောက္ခတဦးလည်းဖြစ်သူ Fr.မာတင်လူသာဟာ ဂျာမနီနိုင်ငံ ဝစ်တင်ဘာ့ဂ် ဘုရားကျောင်းတံခါးမှာ သူ့ရဲ့ အပိုဒ် ၉၅ ချက်ပါ စာတမ်းတခုကို… Read More »Happy Reformation Day (31 Oct 2024)

လူသစ် အမှုသစ်

လူသစ် သစ်လွင်ဆန်းသစ်မှုဆိုတာမျိုးက လတ်ဆတ်သည့်အရာမျိုးလို့ပြောလို့ရပါတယ်။ ဒါကိုလူတိုင်းက နှစ်သက်မြတ်နိုးတတ်ကြတာ မဆန်းပါဘူး။ အသစ်ဖြစ်နေခြင်းမှာ ပေါ်လွင်၊ မြင်သာ၊ ထင်ရှား၊ သိသာမှုတွေကရှိမြဲပါ။ ဒီကနေ့ယုံကြည်သူအသက်တာဆိုရင်ဖြင့်လည်း ယေရှုခရစ်တော်၏ပြုပြင်တော်မူသောအားဖြင့် အသစ်သောအသက်တာ(လူသစ်)၌ ဦးစွာ ဘုရားရှင်၏ဘုန်းတော်နှင့်ကယ်တင်ခြင်းကျေးဇူးတော်၊ ပြီးတဲ့အခါမှာ ကောင်းသောအသက်တာ၌ကျင်လည်သောအသက်ရှင်မှုမျိုးက ပေါ်လွင်၊ မြင်သာ၊ ထင်ရှား၊ သိသာ ဖို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့အမည်နာမ ထင်ရှားကျော်စောခြင်းမျိုးမဟုတ်ဘဲ သခင်ခရစ်တော်ကိုယူတင်ဝတ်ဆောင်သော လူသစ်အားဖြင့်ကယ်တင်သောသခင်၏နာမတော်ကိုထင်ရှားစေခြင်းငှါ လတ်ဆတ်သည့်အသက်ရှင်ခြင်းဖြစ်ပေသည်။ ပုပ်စပ်နေသည့်လောကမှာ အထူးသဖြင့်… Read More »လူသစ် အမှုသစ်

ခရစ်ယာန်နှင့် ခရစ်တော်

ခရစ်တော်မပါဘဲနဲ့ ခရစ်ယာန်ဆိုတာဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ခရစ်တော်၌မရှိဘဲနဲ့ လူသစ်ဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ခရစ်တော်နောက်မလိုက်ဘဲနဲ့ တပည့်တော်ဆိုတာဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ခရစ်တော်၏စကားတော်ကိုနာမခံဘဲနဲ့ နှုတ်ကပတ်တော်၌မွေ့လျော်သူဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ခရစ်တော်ကိုယုံကြည်သော ခရစ်ယာန်တို့သည် ခရစ်တော်ကို မရိုမသေအပြုဆုံးသောသူများဖြစ်သည်ဟုဆိုလျှင် ဤစကားလွန်မည်ထင်ပါသလား။အချို့အတွက်လွန်ကောင်း လွန်နိုင်ပါမည်။ အချို့အတွက်တော့ မှန်ကန်ကောင်းမှန်ကန်နေပါမည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်တို့အများစုမှာ ခရစ်တော်ကိုနှုတ်ကနေ ‘တ’ သော်လည်း အသက်တာအားဖြင့် ‘အ’ နေသူများဖြစ်နေကြတုန်းပင်။ ထိုသခင်၏ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း ကိုယူတင်ဝတ်တောင်ဖို့ပင်မပြောနှင့် ရရှိလို့နေမှန်းတောင်မသိသည့် စမ်းတဝါးဝါးအသက်တာများစွာ ဒုနဲ့ဒေးရှိကြသေးသည်။ အားမနာတမ်းဆိုရလျှင် စစ်မှန်သော ဧဝံဂေလိသတင်းစကား… Read More »ခရစ်ယာန်နှင့် ခရစ်တော်

ရှင်ယာကုပ်ဩဝါဒစာစောင် – မျက်နှာမလိုက်ကြပါနှင့်၊ အချင်းချင်းချစ်ကြလော့

ငါ့​ညီ​အစ်​ကို​တို့၊ ဘုန်း​ကြီး​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အ​မှု​မှာ၊ လူ​မျက်​နှာ​ကို ထောက်​ခြင်း​မ​ရှိ​ကြ​နှင့်။- ရွှေ​လက်​စွပ်​နှင့် တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ၊ ညစ်​သော​အ​ဝတ်​ကို​ဝတ်၍ ဆင်း​ရဲ​သော သူ​နှစ်​ဦး​သည် သင်​တို့၏ တ​ရား​ဇ​ရပ်​ထဲ​သို့ ဝင်​သော​အ​ခါ၊- တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်၍၊ ကောင်း​မွန်​သော ဤ​အ​ရပ်​မှာ​ထိုင်​ပါ ဟူ၍​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို၊ ဟို​မှာ​နေ​လော့၊ သို့​မ​ဟုတ် ဤ​အ​ရပ်​မှာ ငါ့​ခြေ​တင်​ခုံ​အောက်၌ ထိုင်​လော့​ဟူ၍​လည်း​ကောင်း၊ သင်​တို့​သည် ပြော​ဆို​လျှင်၊- တစ်​ဖက်၌ ငဲ့​ကွက်​သော​စိတ်​ရှိ၍… Read More »ရှင်ယာကုပ်ဩဝါဒစာစောင် – မျက်နှာမလိုက်ကြပါနှင့်၊ အချင်းချင်းချစ်ကြလော့

ခရစ်ယာန်စာပေနှင့်ထားရှိရမယ့်ကျင့်ဝတ်

ပူးတွဲစာရေးသူများ။ ။ Broshay နှင့် John The Beloved ခရစ်ယာန်ဘာသာသာသနာဟာ သခင်ခရစ်တော်ဘုရား၊ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်နှင့် ကိုယ်တော်တည်ထောင်ပေးခဲ့သော အသင်းတော်အပေါ်မှာ အခြေပြု တည်ဆောက်ထားတာဖြစ်ပါတယ်။ ထိုနှုတ်ကပတ်သမ္မာကျမ်းစာထဲမှာ သခင်ခရစ်တော်၏ သက်တော်စဉ်ကို ဘုရားရှင်၏မျက်မြင်သက်သေ တပည့်ရဟန်းတမန်တော်ကြီးများမှ မှတ်တမ်းတင်ထားသော ပထမရာစုနှစ်အတွင်းက ခရစ်ဝင်ကျမ်းများ၊ သခင်ယေရှုဘုရား၏ တမန်တော်မြတ်ကြီးများမှ အသင်းတော်အသီးသီးကို လိပ်မူပေးပို့သော ပထမရာစုနှစ်အတွင်းက ဩဝါဒစာစောင်များဟာ ခရစ်ယာန်ယုံကြည်မှုရဲ့ ပင်မအသက်သွေးကြောများပင်… Read More »ခရစ်ယာန်စာပေနှင့်ထားရှိရမယ့်ကျင့်ဝတ်

ရှင်ယာကုပ်ဩဝါဒစာစောင်  – တ​ရား​ကို​ကျင့်​သော​သူ ဖြစ်​ကြ​လော့

ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူ မဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။- တရားကိုမကျင့်ဘဲ နာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။- အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်း မေ့လျော့တတ်၏။- လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူ မဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူ ဖြစ်၏။ အခန်းငယ် ၂၂ – ၂၅… Read More »ရှင်ယာကုပ်ဩဝါဒစာစောင်  – တ​ရား​ကို​ကျင့်​သော​သူ ဖြစ်​ကြ​လော့

ရှင်ယာကုပ်ဩဝါဒစာစောင် – ညီအစ်ကိုတို့၊ နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ

သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။- လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။- ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြလော့။-  ယုံကြည်သူတွေဟာ စစ်မှန်တဲ့သမ္မာတရားမျိုးစေ့ နှလုံးသားထဲမှာ ရှိပြီးဖြစ်သလို ဆက်လက်၍ ထိုမျိုးစေ့ကို သာ၍… Read More »ရှင်ယာကုပ်ဩဝါဒစာစောင် – ညီအစ်ကိုတို့၊ နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ