ခရစ်ယာန်နှင့် ခရစ်တော်
ခရစ်တော်မပါဘဲနဲ့ ခရစ်ယာန်ဆိုတာဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ခရစ်တော်၌မရှိဘဲနဲ့ လူသစ်ဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ခရစ်တော်နောက်မလိုက်ဘဲနဲ့ တပည့်တော်ဆိုတာဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ခရစ်တော်၏စကားတော်ကိုနာမခံဘဲနဲ့ နှုတ်ကပတ်တော်၌မွေ့လျော်သူဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ခရစ်တော်ကိုယုံကြည်သော ခရစ်ယာန်တို့သည် ခရစ်တော်ကို မရိုမသေအပြုဆုံးသောသူများဖြစ်သည်ဟုဆိုလျှင် ဤစကားလွန်မည်ထင်ပါသလား။အချို့အတွက်လွန်ကောင်း လွန်နိုင်ပါမည်။ အချို့အတွက်တော့ မှန်ကန်ကောင်းမှန်ကန်နေပါမည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်တို့အများစုမှာ ခရစ်တော်ကိုနှုတ်ကနေ ‘တ’ သော်လည်း အသက်တာအားဖြင့် ‘အ’ နေသူများဖြစ်နေကြတုန်းပင်။ ထိုသခင်၏ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း ကိုယူတင်ဝတ်တောင်ဖို့ပင်မပြောနှင့် ရရှိလို့နေမှန်းတောင်မသိသည့် စမ်းတဝါးဝါးအသက်တာများစွာ ဒုနဲ့ဒေးရှိကြသေးသည်။ အားမနာတမ်းဆိုရလျှင် စစ်မှန်သော ဧဝံဂေလိသတင်းစကား… Read More »ခရစ်ယာန်နှင့် ခရစ်တော်