Skip to content

သခင်သိတယ်

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ တွင် အမျိုးသမီးတစ်ဦးအကြောင်းကို တွေ့ရပေသည်။ သူမသည် တဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုးစွဲသဖြင့် နာမကျန်းခြင်းများစွာ၊ ရောဂါနှိပ်စက်မှုများစွာတို့ကို နှစ်ရှည်လများ ခံစားနေခဲ့ရသူပင် … ထိုအဖြစ်ကြောင့်လည်း ကျောကုန်း၍ ကိုယ်ကိုအလျှင်းမဆန့်နိုင်ဟု မှတ်တမ်းတင်ထားသည်ကို မြင်တွေ့ရနိုင်သည်။ တနည်းအားဖြင့်ဆိုရလျှင် အရှေ့ကိုပင် တည့်တည့်ကြည့်ရန်ခက်ခဲသည့် အခြေအနေ၊ လမ်းပင် တည့်တည့်မတ်မတ် မလျှောက်နိုင်သည့် အဖြစ်ဟုသာ ဆိုရပေဦးတော့မည်။ လူအများကြားထဲမှာပင် အဖော်မဲ့နေသော… Read More »သခင်သိတယ်

သူ့အသရေကိုရှုံ့ချသောသူ – ABUSIVE

တိုးတက်လာပါတယ်ဆိုတဲ့ခေတ်ကြီးထဲမှာ ပွင့်လင်းမြင်သာမှုဆိုပြီး တဦးနှင့်တဦး မကျေနပ်တဲ့အခါဖြစ်ဖြစ်၊ ကိုယ့်အပေါ်မှာစော်ကားသွားလို့ပဲဖြစ်ဖြစ်၊ မခံမရပ်နိုင်ဖြစ်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ ပြောသင့်ပြောထိုက်တာထက်ကိုကျော်လွန်ပြီး တနည်းဆိုရသော် ဘောင်ကျော်ကာ ရင့်သီးရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ သူတပါးရဲ့အသရေကိုရှုံ့ချသလိုတွေဖြစ်သွားတာမျိုးတွေ ဒီခေတ်ကာလမှာပိုပြီးတွေ့လာနေရပါတယ်။ ကိုယ်မှားတဲ့အခါမျိုးမှာ စကားလုံးတွေနဲ့တိုက်ခိုက် ပြစ်တင်ပြောဆိုခံရမှာမျိုးကို မနှစ်သက်ကြပေမယ့်၊ သူတပါးကိုတော့ အသရေပျက်လောက်တဲ့အထိ ပြောပစ်လိုက်ချင်တဲ့စိတ်သဘောမျိုးဟာ မကောင်းပါဘူး။ စကားပြောနဲ့တင်သာမက တပါးသူအပေါ်မှာ ကြမ်းတမ်းစွာဆက်ဆံတတ်သူတွေမျိုးလည်း ရှိပြန်ပါသေးတယ်။ နောင်ကာလဆိုတဲ့ခဲယဉ်းတဲ့ကာလမှာ ဒီလိုလူတွေများစွာရှိလာမယ်ဆိုတာ သတိပြုဆင်ခြင်ရင်း ကိုယ့်ရဲ့နှုတ်လျှာ၊ အပြုအမူတွေကိုထိန်းသိမ်းသင့်ပေသည်။ သုတ္တံကျမ်း… Read More »သူ့အသရေကိုရှုံ့ချသောသူ – ABUSIVE

သခင့်စေစားရာ လက်တစ်စုံ

နာကျင်နေရသည့် ကာလ၊ ငိုကြွေးနေရသည့် အချိန်၊ ခံစားနေရသည့် နာရီပေါင်းများစွာတို့သည် တရွေ့ရွေ့နှင့် ကြာရှည်လွန်းလှသည်မှာ ကျွန်ုပ်တို့အသိပင် … မတရားသဖြင့် ခံရခြင်း၊ အဓမ္မတရားအောက်၌ ခေါင်းငုံ့ခံနေရခြင်း စသဖြင့် အမျိုးမျိုးသော “Abusive” လက္ခဏာများနှင့် ရင်ဆိုင်နေရခြင်းတို့သည် နာကျင်လွန်းရသည်မှာလည်း အထူးပြောစရာတော့ လိုမည်မထင် … မဖြစ်နိုင်တော့ဘူးလား၊ မတတ်နိုင်တော့ဘူးလား၊ ဘာမှထူးမလာတော့ဘူးလား ဟု မေးခွန်းများစွာနှင့် အဖြေမရှိသော မျှော်လင့်ချက်မဲ့သရောင်… Read More »သခင့်စေစားရာ လက်တစ်စုံ

ထောင်လွှားစော်ကားသောသူ – Arrogant(Proud)

“ဘယ်ကောင်မှဂရုမစိုက်ဘူး”ဆိုပြီးလမ်းထဲက အမူးသမားတယောက်ရဲ့အသံကြားလိုက်တာနဲ့ ရုတ်တရက်လူတွေ လန့်သွားမှာအသေအချာပါပဲ။ ကြားလိုက်တဲ့အချိန်လေး လန့်သွားပေမယ့် ၁၀စက္ကန့်လောက်ကြာရင် ဘယ်သူ့ကိုမှသူဂရုမစိုက်သလိုမျိုး သူ့ကိုလည်း ဘယ်သူကမှအာရုံပြုဂရုစိုက်နေမှာမဟုတ်ပါဘူး။ ဒါကမူးလာမှ ထောင်လွှားတတ်တဲ့သူတွေအပေါ်ထားတတ်တဲ့ လူတွေရဲ့သဘောပါ။ ဒါပေမယ့် မူးယစ်သေစာသောက်စားခြင်းမပါတဲ့ ထောင်လွှာစော်ကားခြင်းမျိုးကျတော့ မသိလိုက်မသိဖာသာ ကျွန်ုပ်တို့တတွေ ဒီလိုခဲယဉ်းတဲ့နောက််ဆုံးသောကာလမှာ ကျင့်သုံးနေမိလားဆိုတာကိုတော့ သတိပြုဖို့လိုပါတယ်။ သုတ္တံကျမ်း ၁၆း၁၈“မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။” အရက်သေစာ၊ မူးယစ်ဆေးဝါးတွေသုံးစွဲမှသာ ဘဝပျက်နိုင်တာ… Read More »ထောင်လွှားစော်ကားသောသူ – Arrogant(Proud)

ထွက်ပေါက်

သူ့အတိုင်း သူ့အထွာအလျောက် စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနွယ်မှုတို့သည် ကျွန်ုပ်တို့အားလုံး၌ ရှိတတ်ကြသည်မှာ ငြင်းဆိုရန်အကြောင်းတော့ ရှိမည်မထင် … ထိုအမှုအရာများထဲမှ တခါတရံတွင် အားမသန် မာန်လျှော့ရသည့် အခိုက်အတန့်တို့သည် ကျွန်ုပ်တို့၏ “Emotion” ကို များစွာ လှုပ်နှိုးစေတတ်သေး၏။ ထိုစိတ်ခံစားချက်သည် သိမ်ငယ်စိတ်လည်း ဖြစ်နိုင်သလို၊ အားငယ်စိတ်၊ စိတ်ဓါတ်ကျစိတ်များလည်း ဖြစ်နိုင်သေးသည်။ ထိုနည်းတူ ၎င်းစိတ်ခံစားချက်များမှ အခြေခံ၍ အလိုမကျဖြစ်ကာ… Read More »ထွက်ပေါက်

ဝါကြွားသောသူ – BOASTFUL

“ဝါ” ဆိုသည်မှာ “ကြွားဝင့်သည်”လို့အဓိပ္ပါယ်ရပြီး၊ “ကြွား”ဆိုသည်မှာကတော့ “ပေါ်ထင်သည်။ သူတပါးအထင်ကြီးအောင် ပြောဆို ပြုမူ” တယ်လို့နားလည်ရပါတယ်။ နောင်ကာလနဲ့အတူခဲယဉ်းလာတဲ့အချိန်မှာ “ဝါကြွား”ခြင်းကိုနှစ်သက်ကာ အသက်ရှင်လာသူတွေအများကြီးပါပဲ။ ပြောရရင်တော့ ပင်ကိုယ်အားဖြင့် လူတိုင်းက ကြွားသလိုဖြစ်မယ့်အရာတွေကို ရှောင်တတ်ကြပါတယ်။ သို့သော်လည်း လူဆိုတာမျိုးက အခြားသူ မရနိုင်တဲ့အနေအထားတခုမှာရှိနေပြီး အရမ်းပျော်မွှေ့ကာ နှစ်သက်လာပြီဆိုရင် အခြားလူတွေကိုသိစေ၊ မြင်စေချင်သည့်စိတ်ရှိတတ်ကြစမြဲပါ။ ပြောရရင်တော့ “ဝါကြွားခြင်း” ဆိုတာက “ငါ”ဆိုတဲ့အရာကို ဦးတည်အသက်ရှင်ခြင်းပါပဲ။… Read More »ဝါကြွားသောသူ – BOASTFUL

ငါ၏သိုးထိန်း

သိုးထိန်းနှင့် သိုးတို့၏ ဆက်နွယ်မှု ဆက်ဆံရေးသည် အင်မတန်နက်ရှိုင်းလှသည်။ သိုးသည် သခင်၏ အသံကိုသာ နားထောင်တတ်သကဲ့သို့ သိုးထိန်းသည်လည်း သူ၏ သိုးအတွက် အသက်ကိုပင် ပေးတတ်သူဖြစ်သည်။ ဆာလံဆရာ၏ ပြောင်မြောက်လှသော လက်ရာတစ်ခုဖြစ်သည့် “ဆာလံ-၂၃” သည် သိုးတစ်ကောင်၏ ရှုထောင့်နှင့် သိုးထိန်းတစ်ယောက်၏ ရှုထောင့် အပြန်အလှန်ဆက်နွယ်နေသည်ကိုလည်း အထင်းသား မြင်တွေ့ခံစားရပေသည်။ စိမ်းလန်းသော ကျက်စားရာအရပ်၊ သာယာသော မြစ်နား၊… Read More »ငါ၏သိုးထိန်း

ငွေကိုတပ်မက်သောသူ – LOVERS OF MONEY

‭“ဆင်းဆင်းရဲရဲနေလိုသည့်သူရှိသလော” လို့မေးလာရင် “အရမ်းနေချင်တာပေါ့”လို့ဖြေမည့်သူတယောက်မျှရှိမည်မဟုတ်ပါ။ “မချမ်းသာချင်ပါဘူး စိတ်ချမ်းသာဖို့ ဖူလှုံရင်ရပါပြီ” ဆိုတတ်သူတွေလည်းရှိပါတယ်။ သေချာတာကတော့ ချမ်းသာချင်တဲ့စိတ်ရှိသည်ဖြစ်ပါစေ၊ မချမ်းသာချင်တဲ့စိတ်ရှိသည်ဖြစ်ပါစေ မည်သူမဆိုကတော့ “ငွေဆိုတဲ့ပိုက်ဆံ”ကိုဒီလောကထဲအသက်ရှင်စဉ်အချိန်ခဏမှာရှာဖွေနေကြရသည်မဟုတ်လား။ လောကအခေါ် တမလွန်ဆိုတဲ့၊ ယုံကြည်သူတွေအတွက်ထာဝရကာလထဲကို ကြိုးစားရှာဖွေထားတာပဲဖြစ်ဖြစ်၊ မကောင်းတဲ့နည်းလမ်းနဲ့ပဲဖြစ်ဖြစ် ရှာဖွေထားသမျှငွေတွေက ယူသွားလို့မရတာကိုတော့ မေ့နေကြသလားတောင် တခါတရံတွေးမိပါသေးတယ်။ ဆိုလိုချင်တာက ကျွန်ုပ်တို့အားလုံး သုံးဖို့စွဲဖို့အတွက်ငွေလိုပါတယ်။ ဒါပေမယ့်ငွေကိုတပ်မက်(ချစ်လွန်း)သွားရင်တော့ ဆုံးဖို့ရှုံးဖို့အကြောင်းတွေအများကြီးရှိတယ်ဆိုတာသတိပြုသင့်ပါတယ်။ “ငွေဆိုတာပါးစပ်ပေါက်တော့ မပါပေမယ့် စကားအများကြီးပြောတတ်တယ်” ဆိုတာကို… Read More »ငွေကိုတပ်မက်သောသူ – LOVERS OF MONEY

သခင်ယေရှုကြွရောက်လာသည့်အချိန်အပိုင်းအခြားသည် ခေတ်ကာလသမိုင်းတွင် အသင့်တော်ဆုံးအချိန် ဖြစ်သလော။

သခင်ယေရှုသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်က အပြစ်ငရဲမှ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရာ ဤလောကသို့ကြွဆင်းလာခဲ့ကြောင်းမှာဧကန်အမှန်စင်စစ်ဖြစ်ကြောင်းကိုသမိုင်းအထောက်အထားအားဖြင့် သိနိုင်ပါသည်။ သို့သော် သခင်ယေရှုသည်ခေတ်ကာလ၏ ထိုအချိန်တွင်မှ အဘယ်ကြောင့် ကြွလာခဲ့ပါသနည်း။ အရိုးသားဆုံးအဖြေမှာ ဘုရားသခင်သာလျှင်သိသည် ဟုဖြေရမည်ဖြစ်သည်။ သို့သော် ထိုအကြောင်းအရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာကမူ သခင်ယေရှု ဤလောကသို့ကြွလာသည့်အချိန်သည် ပြီးပြည့်စုံပြီး အချိန်တန်သည့် အချိန်ဟု ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ “ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့်… Read More »သခင်ယေရှုကြွရောက်လာသည့်အချိန်အပိုင်းအခြားသည် ခေတ်ကာလသမိုင်းတွင် အသင့်တော်ဆုံးအချိန် ဖြစ်သလော။