Skip to content

သခင့်အလိုတော်ရှိသည်အတိုင်း

တစ်ခါတလေ ဖြောင့်မတ်ခြင်းအတွက်နဲ့ ဆင်းရဲဒုက္ခခံဖို့ကို ဘုရားသခင်က ခွင့်ပြုတာတင်မဟုတ်ဘူး အလိုတော်ရှိနေတာမျိုး … ဘာလို့လဲဆိုတော့ ဖြောင့်မတ်ခြင်းအတွက်နဲ့ ဆင်းရဲဒုက္ခကို ခရစ်တော်၌/ခရစ်တော်အားဖြင့် ရရှိထားသော မျှော်လင့်ချက်နဲ့အတူ ခံယူရဲတဲ့ သူတွေရဲ့ အသက်တာကို ကြည့်ပြီး ထိုမျှော်လင့်ခြင်း အကြောင်းကို လူတွေ မေးမြန်းလာစေဖို့ ဖြစ်တယ်။ ဒါဟာ ဘုရားရဲ့ ကြီးမြတ်တဲ့ အကြံစည်ပါပဲ။ ဆင်းရဲခြင်းကို ရင်းလိုက်ရပေမဲ့ ဖြောင့်မတ်ခြင်းကို မဆုံးရှုံးရတဲ့… Read More »သခင့်အလိုတော်ရှိသည်အတိုင်း

သတိ

“ကပ်ရောဂါ‌ တွေလာပြီလို့ သတင်းတက်လာတော့ ကျွန်တော်တို့ ကိုယ်ခံအားကောင်းအောင်ပြင်ဆင်ကြတယ်။ သမ္မာကျမ်းစာက ခရစ်တော် ပြန်လာနေပြီလို့ ပြောတော့ ကျွန်တော်တို့တွေ နားတောင်မယားဘူး။” “စစ်တွေဖြစ်နေပြီဆိုတော့ လိုအပ်တာတွေ ဝယ်ခြမ်းပြင်ဆင် ရှောင်ပုန်းနေကြတယ်။ ခရစ်တော်ပြန်လာတော့မယ်လို့ ပြောတော့ ပုံပြင်ဟောင်းကြီးပါဆိုပြီး ဂရုတောင်မစိုက်ဘူး။” “စီးပွားရေးတွေ ခက်ခဲလာလိမ့်မယ် ဆိုတော့ စိုးရိမ်လိုက်ကြတာ စုထားဆောင်းထားလိုက်ကြတာ။ ခရစ်တော်ပြန်လာတော့မယ်လို့ ပြောတော့ ကိုယ်နဲ့မဆိုင်သလို လစ်လျူရှုနေကြတာ လှည့်ကိုမကြည့်ဘူး။” #သတိ

ဒီနေ့ ဆုတောင်းပြီးပြီလား

ဒီနေ့ ဆုတောင်းပြီးပြီလား။ သင်သည် သက်တောင့်သက်သာစွာ နေထိုင်နေရပါသလား။သင်သည် ဘေးကင်းလုံခြုံစွာ အသက်ရှင်နေရပါသလား။သင်သည် အစားအသောက်များ လျှံပယ်စွာ စားသောက်နေရပါသလား။သင်၌ သုံးစွဲစရာငွေကြေး အလုံအလောက်(ဒါမှမဟုတ်)များစွာ ရှိနေပါသလား။ ထိုအရာတွေအတွက် သင်ချီးမွမ်းဆုတောင်းလို့ နေကောင်းနေပါလိမ့်မယ်။သို့သော် ထိုအရာတွေကိုမခံစားရပဲ ဒုက္ခများကြားပြေးလွှားနေရသူတို့အဖို့ ဒီနေ့သင်ဆုတောင်းပေးပြီးပြီလား။မတောင်းရသေးရင် အခုပင် ဆုတောင်းပေးလိုက်ပါ။ ရှင်ယာကုပ်ဩဝါဒစာ ၅:၁၆“ချမ်းသာရမည်အကြောင်း၊ အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့။”

ကျွန်တော့်ရဲ့ မေမေများနေ့

ကျွန်တော်တို့ အယောက်ဆီတိုင်းအတွက် ကောင်းကင်တမန် တစ်ပါးသဖွယ် ကျွန်တော်တို့အား ကြည့်ရှုစောင့်ရှောက်ပေးသော အမေများကို ပေးထားတဲ့ ဖခမည်းတော်၊ သခင်ယေရှုခရစ်တော် နှင့် သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးတစ်ဆူ ဘုရားသခင်၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ရှေးဦးစွာချီးမွမ်းပါတယ်။ မိခင်များနေ့မှာ မိခင်များအားလုံးအတွက် သားသမီးများကိုယ်စား ဂုဏ်ပြုစကားပြောကြားဖို့ အခွင့်ရတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ထပ်မံ၍ချီးမွမ်းပါတယ်။ အခွင့်ပေးကြသော အသင်းတော်မှ အဖသင်းအုပ်ဆရာကြီးများ၊ အသင်းတော်… Read More »ကျွန်တော့်ရဲ့ မေမေများနေ့

Happy Mother’s Day (2021)

ကိုးလလွယ် ဆယ်လဖွားဒုက္ခနဲ့အခက်ခဲ သူခံစားအူဝဲသံကြား မြင်မျက်နှာအားသုခနဲ့ပီတိ ဖြာလေပါတကား နို့စို့သူငယ် သူချစ်တယ်ကြီးသည်အထိ ပြုစုကိုင်တွယ်အတတ်သင်ပေး လိမ္မာရေးတရားလမ်းလည်း သွန်သင်ပေး ဆုတောင်းပေးသော မြတ်မိခင်ဆိုးသောကျွန်ုပ်ကို တခါတလေဆိုဆဲမိပင်သို့သော်လည်းငြား သူလည်းလူသားမပျော်ရွှင်ပါ ထိုစကားအား မိခင်မေတ္တာ မရွှေ့လျော့ပါဇရာအိုလည်း ချစ်ဆဲကွာအထက်အရပ်မှ ကောင်းကြီးမင်္ဂလာတန်ဖိုးထားပါ မွေးသမိခင်အပေါ်မှာ သန္ဓေယူစမှ အရွယ်ရောက်ချိန်ထိအမေမညည်းငြူပဲ ကြည့်ရှုခဲ့၏သူ့ရဲ့ကျေးဇူး အစဉ်ကြွယ်ဝဆပ်၍မကုန်ပါ ကြီးမားလွန်းလှ Poet – The Blessed Desk… Read More »Happy Mother’s Day (2021)

စီရင်ခြင်းခံ လည်ပင်းခိုင်မာသော ဘုရင် (ဖာရော)

“သို့​ဖြစ်၍ ရှင်​ဘု​ရင်​တို့၊ ပ​ညာ​သ​တိ​ရှိ​ကြ​လော့။ လော​ကီ​မင်း​တို့၊ ဆုံး​မ​ခြင်း​ကို ခံ​ကြ​လော့။ ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ထမ်း​ရွက်၍၊ တုန်​လှုပ်​ခြင်း​နှင့် ဝမ်း​မြောက်​ကြ​လော့။ သား​တော်​ကို နမ်း​ကြ​လော့။ သို့​မ​ဟုတ်​လျှင် အ​မျက်​တော်​ထွက်၍၊ သင်​တို့​သည် လမ်း၌​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​မျက်​တော်​သည် ချက်​ချင်း​ထွက်​လိမ့်​မည်။ သား​တော်​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။”ဆာလံကျမ်း ၂:၁၀-၁၂ ရာစုနှစ်ပေါင်းများစွာတလျှောက်မှာ လူသားတွေဟာ ဘုရားသခင်အားအာခံဖီဆန်ခြင်းကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။ လက်ရှိအသက်ရှင်နေတဲ့ကာလအချိန်ထိ ရက်စက်ကြမ်းကြုတ်၊ ထောင်လွှားတဲ့ခေါင်းဆောင်တွေအကြောင်း… Read More »စီရင်ခြင်းခံ လည်ပင်းခိုင်မာသော ဘုရင် (ဖာရော)

ရန်သူတို့ တဘက်၌ ဆုတောင်းခြင်း

တချို့သောဆာလံတွေမှာ ဒါဝိဒ်နှင့် အခြားသောဆာလံဆရာတွေဟာ သူတို့ရဲ့ရန်သူတွေအပေါ် အမျတ်တော်အကုန်အစင်သွန်းလောင်းဖို့ ဘုရားသခင်ထံတောင်းဆိုတဲ့ ဆာလံတွေကိုတွေ့ဖူးပါလိမ့်မယ်။(ဆာလံ ၅၅၊ ၅၉၊ ၆၉၊ ၇၉၊ ၁၀၉၊ ၁၃၇)လူအချို့ကဘယ်လိုပြောဆိုသလည်းဆိုရင် ဤသို့သောဆာလံတွေဟာ မောရှေသည်ဣသရေလူမျိုးကိုယ်စား ကြားဝင်ဆုတောင်းပေးခြင်းနှင့် သင်၏ရန်သူကိုချစ်လော့ဟူသော သခင်ခရစ်တော်၏သွန်သင်ခြင်း(လုကာ ၆:၂၇) နှင့် မကိုက်ညီ၊ တသမတ်တည်းမဖြစ်ဘူးဟု ဆိုကြပါတယ်။ဒီနေရာမှာ သတိထားဖို့ရာအရေးကြီးသောအချက်မှာ ရန်သူများ၏ရန်ပြုရန်လိုခြင်းဟာ အထက်ကပြောခဲ့သောဆုတောင်းခြင်းမျိုးကိုပြုသော ဆာလံဆရာတွေကို တိုက်ရိုက်တိုက်ခိုက်ခြင်းထက် မေရှိယကိုပေါ်ထွန်းစေမည့် ဘုရားသခင်၏အကြံအစည်အားဆန့်ကျင်တိုက်ခိုက်ခြင်းဖြစ်သည်။ဒါကြောင့်… Read More »ရန်သူတို့ တဘက်၌ ဆုတောင်းခြင်း

Easter Sunday 2021

“ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။- ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-”‭‭ရှင်မဿဲခရစ်ဝင် ၂၈:၅-၆ မင်္ဂလာရှိသော ရှင်ပြန်ထမြောက်တော်မူရာ အီစတာတနင်္ဂနွေနေ့လေးဖြစ်ပါစေကြောင်း ကျွန်တော်တို့ Thy Logos အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။ မင်္ဂလာပါလို့ နှုတ်ဆက်သော်လည်း ယနေ့မှာ မြန်မာနိုင်ငံ၌ အမှန်တကယ်ရော မင်္ဂလာရှိတဲ့နေ့လေး ဖြစ်နိုင်ပါ့မလား… Read More »Easter Sunday 2021

ငြိမ်ဝပ်

“ငြိမ်​ဝပ်​လျက်​နေ​ကြ​လော့။ ငါ​ကား ဘု​ရား​သ​ခင်​ဖြစ်​သည်​ဟု သိ​မှတ်​ကြ​လော့။ လူ​မျိုး​တို့​တွင် ငါ​သည် ဘုန်း​ပွင့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဘုန်း​ပွင့်​မည်။” ‭‭ ဆာလံကျမ်း ၄၆:၁၀ ငြိမ်ဝပ်ခြင်း ကင်းမဲ့ တုန်လှုပ်ခြင်း ပြည့်နှက် မရေရာတဲ့ ရှေ့အတွက် ရင်ဆိုင်ရင်း ရှေ့ဆက် သေချာတဲ့ ကတိစကား ရေရာတဲ့ သခင့်အနား ငြိမ်ဝပ်လျက် သိမှတ်ထား ထိုသူကား “ဘုန်းကြီးသခင်ဘုရား” ~သိမှတ်တိုးဝင်လျက် ငြိမ်ဝပ်မြော်လင့်ကြပါစို့~… Read More »ငြိမ်ဝပ်