Skip to content

ပဋိပက္ခ – ၁၃

သင်းအုပ်စာစောင်ဟု သတ်မှတ်လေ့ရှိသော တိမောသေ၊ တိတု စသည်တို့ကို မိမိနှင့် သိပ်မဆိုင်သကဲ့သို့ ခံယူတတ်ကြသည်။ သို့သော် ဤစာစောင်များသည် မိမိတို့အား တိုက်ရိုက် ပေးပို့ခြင်းမဟုတ်သော်လည်း ကျွန်ုပ်တို့၏ လက်ရှိခေတ်ကာလအခြေအနေတွင်၊ လက်ရှိအသက်တာတွင်၊ လက်ရှိအသင်းတော်တွင် စသည်ဖြင့် လက်တွေ့ မည်သို့ “Apply” လုပ်ရမည်ကိုတော့ ဆင်ခြင်ရပေလိမ့်မည်။ ထို့ကြောင့် ဤသင်းအုပ်စာစောင်မှ ပဋိပက္ခဆိုင်ရာ ရှုထောင့်တစ်ခုကို ထုတ်နှုတ်ဆွေးနွေးဖို့ရန် တင်ပြလိုက်ပါသည်။ #Must_Not_Strive
… Read More »ပဋိပက္ခ – ၁၃

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၆)

အမှုတော်ဆောင်သူများအနေနှင့်သမ္မာတရားသတင်းစကားကိုကြားပြောတဲ့အခါမှာ ချန်လှပ်မထားသင့်တဲ့အရာတခုရှိပါတယ်။ အဲ့ဒါကတော့ ဘာသာစကားအဆီးအတားပါပဲ။ ခေတ်ရဲ့ပြောင်းလဲတိုးတက်လာခြင်းနဲ့အတူ (အထူးသဖြင့်)လူငယ်မျိုးဆက်သစ်လေးတွေမှာ သင်ယူလေ့လာပြိုင်ဆိုင်မှုများထဲမှာသော်လည်းကောင်း၊ ကာလနေရာဒေသအပြောင်းလဲများကြောင့်သော်လည်းကောင်း ကိုယ့်ရဲ့ဖြစ်တည်ရာလူမျိုးဘာသာစကားကို (လုံးဝ)မရေးတတ်၊ မပြောတတ်၊ နားမလည်တော့သူများရှိသလို၊ အနည်းငယ်သာ ရေးတတ်၊ ဖတ်တတ်ကာနားလည်သူများလည်းရှိကြပါတယ်။ ဒါကြောင့် အမှုတော်ဆောင်များအနေဖြင့် ကိုယ်ရဲ့ပါဝင်အစေခံနေတဲ့နေရာဖြစ်ဖြစ်၊ အသင်းတော်ဖြစ်ဖြစ်၊ သာသနာကွင်းပဲဖြစ်ဖြစ် ဘာသာစကားအခက်ခဲကြောင့် သမ္မာတရားကိုမှန်ကန်စွာသိချင်သည့် မည့်သူ့ကိုမဆို လျစ်လျူမရှုဘဲ အလေးထားဂရုစိုက်သင့်ပေသည်။ ဒါကြောင့် အသင်းတော်တွင်းရှိအမှုတော်ဆောင်များအနေဖြင့် ဘာသာစကားအခက်အခဲရှိနေသူများကို ဘာသာစကားသင်ယူဖို့တိုက်တွန်းသင့်သလို၊ ထိုသို့တိုက်တွန်းနေသည့်တချိန်တည်းမှာပင်လျှင်… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၆)

THE ACCEPTABLE TIME

တစ်နေ့သ၌ ကျွန်ုပ်သည် မနက်ခင်းပိုင်းတစ်ခုတွင် ရထားအချိန်များဖော်ပြသည့် “Application” ကိုဝင်ကြည့်ကာ ဖုန်းပေါ်မှနာရီကိုလည်းကြည့်ရင်း ရထားအချိန်မီရန် ဘယ်အချိန်သွားရမည်ကို ခန့်မှန်းလိုက်သည်။ သို့နှင့် အချိန်မီအောင် တွက်ချက် ပြင်ဆင်ကာ လုပ်ဆောင်လိုက်သည်။ သို့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် ခန့်မှန်းထားသည့် အချိန်လောက် မထွက်ခွာနိုင်ဘဲ အနည်းငယ် နောက်ကျသွားခဲ့သည်။ တွက်ကြည့်လျှင်တော့ အချိန်မီနိုင်သေးသည် ဖြစ်သော်လည်း လမ်းတွင် မီးပွိုင့်မိခြင်း၊ လူ၊ ကား၊ ဆိုက်ကယ် စသည်တို့ကလည်း… Read More »THE ACCEPTABLE TIME

ပျင်း၍မရသောဝိညာဉ်ရေး

ဝိညာဉ်ရေးလို့ဆိုလိုက်တာနဲ့ ဒီစကားလုံးကြီးက ဝန်တာကြီးပြီး၊ ခက်ခဲနက်နဲစွာလုပ်ဆောင်ရတဲ့ ဝတ္တရားတခုလိုမျိုးမြင်တတ်ကြသည်။ ဒီလိုမြင်တတ်ကျတာ အရွယ်တခုမှ မဟုတ်ပါဘူး။ အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေးပါပဲ။ များသောအားဖြင့် အဲဒီလိုမျိုးမြင်တတ်တဲ့သူတွေဟာ လောကီရေးရာမှာစိတ်အားထက်သန်ပြင်းပြကြသူများဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ငွေရှာ၊ ပညာရှာ၊ စီးပွါးရှာဖို့အရေးတွေမှာ မပျင်းရိကြသူတွေပါ။ ဒီလိုနေရာတွေမှာ ပျင်းရိနေရင် နောက်ကျကျန်ခဲ့မယ်၊ အောင်မြင်မှုတွေနှောင့်နှေးမယ်၊ အသက်ကြီးလာရင် ဒုက္ခရောက်မယ်ဆိုတဲ့ အသိတွေ၊ အတွေးတွေကြောင့် လူ့ဘဝခဏတာအချိန်မှာ အပတ်တကုတ်ကြိုးစားရှာဖွေနေကြရတဲ့ လောကရဲ့ပုံစံပါပဲ။… Read More »ပျင်း၍မရသောဝိညာဉ်ရေး

စာချွန်လွှာမှ မိန့်မှာစကား

ရောင့်ရဲခြင်းရှိတတ်စေရန် ရှင်ပေါလုသတိပေးခဲ့ရုံမျှမက ချမ်းသာသောသူ သို့တည်းမဟုတ် ငွေရတတ်သောသူများကိုလည်း မိန့်မှာထားခဲ့သည်မှာ “Command those who are rich” ဆိုသည့်စာသားသည် သက်သေပင် … အများသောအားဖြင့် ချမ်းသာသူများ၊ ငွေရတတ်သူများသည် မိမိတို့၏ ခွန်အားကြောင့်ဟု ထင်မြင်တတ်ကြသဖြင့် ထိုသို့မဖြစ်ကြစေရန်သော်လည်းကောင်း၊ မိမိတို့၏ ကြွယ်ဝချမ်းသာခြင်းများအပေါ်၌ ဂုဏ်ယူဝင့်ကြွားခြင်း၊ မာနထောင်လွှားခြင်း မရှိကြစေရန်လည်းသော်လည်းကောင်း၊ ဤသို့သောသူများသည် မိမိတို့၏ ပိုင်ဆိုင်မှုများအပေါ်၌သာ ကိုးစားတည်ဆောက်လေ့ရှိတတ်ကြသဖြင့်… Read More »စာချွန်လွှာမှ မိန့်မှာစကား

ကလေးတို့အတွက်စန်းဒေးစကူး

“စန်းဒေးစကူး”ဆိုတဲ့ စကားလုံးနဲ့နေရာကိုမဖြတ်သန်းခဲ့ဖူးတဲ့ ခရစ်ယာန်ဆိုတာ မရှိသလောက်နည်းပါလိမ့်မယ်။ ခရစ်ယာန်တယောက်အတွက် ဝိညာဉ်ရေးအသိကို အစပြုတဲ့နေရာလို့ဆိုရင်လည်း မမှားပါဘူး။ တချို့သောအသက်တာတွေအတွက် ခိုင်မာတဲ့ဝိညာဉ်ရေး၊ ဘုရားသခင်နှင့်ကျွမ်းဝင်တဲ့မိဿဟာရ ကိုစတင်အခြေပြုမိစေခဲ့တဲ့နေရာဖြစ်သလို၊ အချို့သောအသက်တာတွေအတွက်လည်း အိမ်ကပို့လို့ ရောက်သွားခဲ့တဲ့နေရာထက် မပိုခဲ့ကြပါ။ မည်သည်ပင်ဆိုစေကာမူ “စန်းဒေးစကူး”ရဲ့အခန်းကဏ္ဠဟာ အသင်းတော်နှင့်ငယ်ရွယ်သောအသက်တာတွေအတွက် အင်မတန်မှအရေးကြီးတဲ့နေရာမှာရှိသည်ကိုတော့ သတိပြုဖို့ရန်လိုအပ်ပေသည်။ ဒီကနေ့ ခရစ်ယာန်အိမ်ထောင်မိဘ တော်တော်များများကို လေ့လာကြည်တဲ့အခါမှာ အချို့သောမိဘတွေက ကလေးတွေကို စန်းဒေးစကူးပို့ကြတဲ့အခါ မိမိရဲ့သက်ဆိုင်ရာအသင်းတော်ကိုပို့ဆောင်ကြသလို၊ အချို့များကြပြန်တော့လည်း… Read More »ကလေးတို့အတွက်စန်းဒေးစကူး

PERFORMANCE BASED FAITH

ကျွန်ုပ်တို့ ခရစ်ယာန်များတွင် မိမိ၏ လုပ်ဆောင်နိုင်ခြင်းအပေါ်၌ မူတည်တတ်သော အခြင်းအရာ အမျိုးမျိုးရှိတတ်ကြသည်။ ဤအရာများ၏ ဘေးထွက်ဆိုးကျိုးများကို ခေါင်းစဥ်ခွဲ၍ ဆွေးနွေးတင်ပြချင်ပါသည်။ #Salvation
 ဂလာတိဩဝါဒစာကိုကြည့်လျှင် စစ်မှန်သော ဧဝံဂေလိတရားအတွက် ရှင်ပေါလု၏ တိုက်လှန်ခြင်းကိုတွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ထိုလူများသည် မိမိတို့၏ လုပ်ဆောင်ခြင်းများအပေါ်၌ မူတည်၍ ဆိုတတ်ကြသော ဧဝံဂေလိတရားများကြောင့်ပင် … ကယ်တင်ခြင်း “Salvation” နှင့်ပတ်သတ်၍ “Performance based… Read More »PERFORMANCE BASED FAITH

သမ္မာကျမ်းစာကို မှန်ကန်စွာ ပိုင်းခြားခြင်း

သင်​မူ​ကား၊ ဝန်​ခံ​တော်​မူ​သော​သူ၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ၊ သ​မ္မာ​တ​ရား​ကို မှန်​ကန်​စွာ ပိုင်း​ခြား​တတ်​သော ဆ​ရာ​သ​မား​ဖြစ်​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၌ ကိုယ်​ကို​ကိုယ် ဆက်​သ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လော့။-” တိ မော သေ ဩ ဝါ ဒ စာ ဒု တိ ယ စောင် ၂:၁၅ ယုံကြည်သူတွေကို လှည့်စားဖို့အတွက် စာတန်ရဲ့လမ်းစဉ်ဟာ အမှန်တဝက်ချပြပေးခြင်း ဖြစ်တယ် (အကယ်စင်စစ် အမှန်တဝက်ဆိုသည်မှာ… Read More »သမ္မာကျမ်းစာကို မှန်ကန်စွာ ပိုင်းခြားခြင်း

FLEE AND PURSUE

“For the love of money is the root of all evil” ငွေတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့၏ မူလအမြစ်ဟုဆိုသည်ကို တိမောသေဩဝါဒစာတွင် တွေ့ရသည်။ ထို့အပြင် ငွေအား လွန်ကျူးစွာတပ်မက်ခြင်းသည် ယုံကြည်ခြင်းလမ်းမှပင် လွဲသွားစေတတ်သည်ကိုလည်း သတိထားဖို့ရန် မှာကြားထားပေသည်။ ဤကမ္ဘာလောကကြီးထဲတွင်ရှိသော ကျွန်ုပ်တို့သည် ငွေကြေးလိုအပ်သည်မှာ မှန်ပါသည် သို့သော် ထိုငွေကိုသာ မြင်တတ်ခြင်း၊… Read More »FLEE AND PURSUE