Skip to content

အကြွေးစုဘူး

“ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ” ဟူသည့် ရှင်ပေါလု၏ စကားသည် ထိုတရားတော်အတွက် သူ၏ စိတ်အားထက်သက်ခြင်းလည်း ဖြစ်သကဲ့သို့ အပြောသက်သက်သာ မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ခြင်းများလည်း ပါဝင်ပေသည်။ ရှင်ပေါလုသည် လူတိုင်းအား ကယ်တင်ခြင်း ဧဝံဂေလိသတင်းစကား ကြားပြောရန်အတွက်သည် သူ၏ ဝန်တာတစ်ခုဟုပင် ခံယူထားသူဖြစ်သည့်အလျောက် ယုဒလူဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ၊ လူမျိုးမရွေး၊ အသားအရောင်လည်း မခွဲခြားသကဲ့သို့ အဆင့်အတန်းလည်း မရွေးခဲ့ချေ။… Read More »အကြွေးစုဘူး

အသင်းတော်ဟာဆေးရုံဆိုလျှင်

အသင်းတော်ကိုဆေးရုံနှင့်ခိုင်းနှိုင်းတဲ့ တရားဟောချက်တွေ၊ quotes တွေသင်ကြားဖူးပါလိမ့်မယ်။ နောက်ပြီး ဆေးရုံဆ်ိုတဲ့နေရာကိုလည်း သင်ရောက်ဖူးပါလိမ့်မယ်။ ကိုယ်တိုင်နေမကောင်း၍သော်လည်းကောင်း၊ တစုံတယောက်မနာမကျန်းဖြစ်၍သော်လည်းကောင်း အကြောင်းတခုခုကြောင့်ရောက်ဖူးကြမှာပါ။ ဒါကြောင့် အသင်းတော်ဟာဆေးရုံဆိုလျှင် တနင်္ဂနွေဘုရားကျောင်းတက်ပြီးပြန်လာတိုင်း သင့်ဝိညာဉ်ကျန်းမာရေးက တိုးတက်ကောင်းမွန်လာပါရဲ့လား။ သင်တကယ်သတိပြုမိပါရဲ့လား။ ~ လုံလောက်မှု ~ လုံလောက်မှုဆိုတာ ပြတ်လပ်မှုရဲ့ဆန့်ကျင်ဘက်ပါ။ ရှိနှင့်ပြီးသောအသင်းတော်များစွာနှင့်ထပ်မံထူထောင်ပေါ်ပေါက်လာသောအသင်းတော်များစွာကိုကြည့်လိုက်လျှင် လုံလောက်သယောင်နှင့်ပြတ်လပ်မှုများစွာရှိသော အခြေအနေပါပဲ။ ဥပမာဆိုရလျှင် ဆေးရုံသာရှိပြီး ဆရာဝန်တွေ၊ သူနာပြုတွေ မလုံလောက်သောအဖြစ်မျိုးပေါ့။ ဒီကနေ့မှာဆိုရင်လည်း… Read More »အသင်းတော်ဟာဆေးရုံဆိုလျှင်

ပဋိပက္ခ – ၁၆

စကားပြောရာတွင် စကားပြောနှေးသောသူ၊ မြန်သောသူ၊ ကြမ်းစွာ ပြောတတ်သောသူ၊ သူတပါး နားဝင်အောင် ပြောတတ်သောသူ စသဖြင့် အမျိုးမျိုးရှိတတ်ကြသည်။ ဤနည်းတူ ကျွန်ုပ်တို့သည်လည်း စကားပြောဆိုရာ၌ ပုံစံအမျိုးမျိုး ရှိတတ်ကြပေသည်။ မိမိတို့၏ မိသားစု၊ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်နှင့် အသင်းတော်တွင်လည်း ထိုသို့သောသူ အမြောက်အများ ရှိတတ်ကြပေလိမ့်မည်။ အချို့သော အခြေအတင် ကိစ္စရပ်များသည် စကားပြောခြင်းမှတဆင့် ဖြစ်ပေါ်လာတတ်သော ကိစ္စရပ်များဖြစ်ကြသဖြင့် စကားပြောခြင်းဆိုင်ရာ… Read More »ပဋိပက္ခ – ၁၆

ပညတ်တရား (သို့) ကျေးဇူးတရား အောက်၌အသက်ရှင်နေသလော?

ခရစ်ယာန်တွေကြား ပြောပြောနေတဲ့ လူတယောက် ကယ်တင်ခြင်းရခြင်း ဟာ ဘုရားသခင်ရဲ့ပညတ်တရားတွေကို စောင့်ရှောက်လို့ရတာ (သို့) ဘုရားသခင်ရဲ့ကျေးဇူးပြုပေးခြင်း/လုပ်ပေးခြင်း အပေါ်မှာယုံကြည်ဝန်ခံခြင်း သက်သက်သာဖြစ်တယ် ကိုယ်က ကောင်းမှု ကုသိုလ်ပြုလို့မဟုတ် ဆိုတာ မကြာခဏ အပြန််အလှန်ဆွေးနွေးတာ ကြားရလေ့ရှိပါတယ်။ တမန်တော်ကြီးရှင်ပေါလုကဤကဲ့သို့ ဆိုပါသည် ကျွန်ုပ်တို့ဟာ  “ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရား လက်၌ ရှိသည်” ဟု ရောမသြဝါဒစာ ၆း၁၅ မှာ အတည်အလင်းဖော်ပြထားပါတယ်။… Read More »ပညတ်တရား (သို့) ကျေးဇူးတရား အောက်၌အသက်ရှင်နေသလော?

I CHARGE YOU

“သခင်ယေရှုခရစ် ရှေ့မှာ၎င်း၊ ဘုရားသခင်ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊” … “I charge you” ဟူ၍ တိမောသေအား အင်မတန်ကြီးလေးသော တာဝန်ပေးအပ်ခြင်းကို တိမောသေဩဝါဒစာဒုတိယစောင်တွင် အခန်းကြီး ၄ တွင် တွေ့ရသည်။   Preach “နှုတ်ကပတ်တရားတော်ကို ပြောလော့” … preach the word ဟူသည့် word ကို… Read More »I CHARGE YOU

ထာဝရဘုရား၏ မူလ ဖန်ဆင်းခြင်းသည် ပြီးပြည့်စုံပါသလား?

စကားချီး ကမ္ဘာဦးဆိုင်ရာခရစ်ယာန်အယူဝါဒများထဲက “ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒ” (Young-Earth Creationism) နှင့် “ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒ” (Old-Earth Creationism) မိတ်ဆက်ဆောင်းပါးတွဲများကို ဖတ်ရှုလေ့လာပြီး ခုချိန်လောက်ဆိုရင် ထိုအယူဝါဒနှစ်ခု၏ တူညီမှု သို့မဟုတ် ကွဲပြားမှု အသီးသီးတို့ကို ရိပ်မိလောက်ပြီလို့ ယူဆပါတယ်။ ထိုခေါင်းစဉ်နှစ်ခုကိုတော့ Thy Logos မှ စာရေးသူတဦးက ရေးသားတင်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခုဆောင်းပါးကိုမူ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒီ (Old-Earth Creationist )… Read More »ထာဝရဘုရား၏ မူလ ဖန်ဆင်းခြင်းသည် ပြီးပြည့်စုံပါသလား?

ပဋိပက္ခ – ၁၅

“Conflict” ပဋိပက္ခတစ်ခု ဖြစ်စေတတ်သော အဓိကတရားခံများထဲတွင် စိတ်မရှည်ခြင်းသည်လည်း တစ်ခု အပါအဝင်ပင်ဖြစ်သည်။ စကားပြောရာမှ စိတ်မရှည်ခြင်းကြေင့် ရန်ဖြစ်ကြသည့်အဖြစ်၊ ဆွေးနွေးပြောဆိုရာမှ စိတ်မရှည်ခြင်းကြောင့် ပွဲပျက်ရသည့်အဖြစ်၊ ညှိနှိုင်းရာ၌ စိတ်မရှည်ခြင်းကြောင့် အဆင်မပြေဖြစ်ကြရသည့် ကာလတို့နှင့် ထိုစိတ်မရှည်ခြင်းကြောင့်ပင်လျှင် အိမ်ထောင်ရေး၊ လူမှုရေးတွင်ဖြစ်စေ မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း၊ အသင်းတော်အတွင်းပါမကျန် ပဋိပက္ခတစ်ခုဖြစ်တည်လာတတ်ခြင်းသည် ငြင်းဆိုနိုင်ဖွယ်ရာ မရှိပါ … ထို မရှည်တတ်သော မိမိတို့၏… Read More »ပဋိပက္ခ – ၁၅

ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) – နောက်ဆုံးပိုင်း

ချစ်လှစွာသောစာဖတ်သူ .. ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒဆိုင်ရာ သိသင့်သိအပ်သော ဝေါဟာရများဖြစ်သည့် Gap Creationism ဟုခေါ်သည့် “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ”၊  “Day-age Creationism” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ”၊ “Progressive Creationism” ဟူသည့် “တရွေ့ရွေ့ ဖန်ဆင်းခြင်းဝါဒ”၊ “Theistic Evolutionism” ဟူသည့် “ဘုရားရှိ… Read More »ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) – နောက်ဆုံးပိုင်း

SHALL SUFFER

နောင်ကာလသည် ခဲယဥ်းသောကာလဖြစ်မည် “in the last days perilous times shall come.” ဟု ရှင်ပေါလု၏ စာစောင်ထဲတွင် တိမောသေအား သတိပေးထားသည်ကို တွေ့ရပေသည်။ လူတို့သည် ဘုရားသခင်အား ချစ်ရမည့်အစား မိမိကိုယ်ကိုသာ ချစ်သောသူ၊ ကိုယ်နှင့် စပ်ဆိုင်သောသူဆိုလျှင် ဝေလာဝေး … ငွေကိုသာ တပ်မက်တတ်သောလူများ … ဝါကြွားခြင်း၊ ထောင်လွှားစော်ကားခြင်းတို့၌သာ… Read More »SHALL SUFFER