၂၀၂၁ ခရစ္စမတ်စ်
ငယ်စဉ်ကဆို နှစ်တနှစ်ရဲ့အဆုံးပိုင်းလ ဒီဇင်ဘာလရောက်တာနဲ့ ပျော်စရာအကောင်းဆုံးအချိန်ဆိုပြီးသတ်မှတ်ထားခဲ့ဖူးပါတယ်။ ဘာလို့ဆို ချမ်းအေးတဲ့ရာသီဥတုကိုခံစားရတယ်၊ ဝိုင်းဖွဲ့ကာခရစ္စမတ်စ်သီချင်းတွေဆိုရတယ်၊ ဟိုကနေဒီကနေအစားသောက်တွေစားရတယ်၊ ပျော်ပွဲရွှင်ပွဲတွေကျင်းပကြတယ်။ ဒီလိုအရာမျိုးတွေနဲ့ပဲ ဒီဇင်ဘာကို နှစ်တိုင်းပျော်ရွှင််စွာဖြတ်သန်းခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်အရွယ်ရောက်လာပြန်တော့လည်း အသင်းတော်မှာပါဝင်ကာ Carol singing တွေထွက်၊ ချက်ပြုတ်စားသောက်၊ midnight service တွေမှာအိပ်ငိုက်ပြီးပါဝင်ခဲ့တာတွေနဲ့ ဒီဇင်ဘာကို ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ပါသေးတယ်။ တနှစ်သောဒီဇင်ဘာကတော့ စာရေးသူကိုအကြီးအကျယ်တုန်လှုပ်စေခဲ့ပါတယ်။ အိမ်တအိမ်မှာ carol ဆိုရင်း အိမ်ရှင်ကကိုယ့်လက်ထဲလာထည့်ပေးတဲ့ စာအိတ်ကိုကြည့်ပြီးတွေဝေသွားပါတယ်။… Read More »၂၀၂၁ ခရစ္စမတ်စ်