Skip to content

Broshay

သန့်ရှင်းခြင်း မရှိသောသူ

မသန့်ရှင်းတဲ့အစားအသောက်၊ ညစ်ပေတဲ့အဝတ်အစား၊ ညစ်ညူးတဲ့ရေ စသည့်အရာတွေကို ကျွန်ုပ်တို့တတွေရှောင်တတ်ကြပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့တကိုယ်ရည်ကျန်းမာရေးအတွက် မသန့်ရှင်းမစင်ကြယ်သည့်အရာတွေကို ကျွန်ုပ်တို့   ရှောင်ကြခြင်းပါ။ ကျန်းမာရေးအတွက်တော့ ကျွန်ုပ်တို့တတွေ သိသိသာသာ သတိထားဂရုပြုကြပေမယ့်၊ နောင်ကာလတည်းဟူသော ခဲယဉ်းတဲ့ကာလမှာ ဝိညာဉ်ရေးရာအသက်တာ၌သန့်ရှင်းခြင်းရှိဖို့ရာကိုတော့ အလေးမပေး မေ့လျော့ကာ အသက်ရှင်နေမိသည်ကို သတိထားဖို့လိုပါတယ်။ ယုံကြည်သူ ဘုရားသားသမီး၊ လွတ်မြောက်ခြင်း၌ အသက်ရှင်နေသူမှန်ပေမယ့် မသန့်ရှင်းခြင်း၌ မမွေ့လျော်ဖို့ကို သတိပြုပါ။ ကျွန်ုပ်တို့ကို… Read More »သန့်ရှင်းခြင်း မရှိသောသူ

ကျေးဇူးမရှိသောသူ – Ungrateful

ကိုယ်နှင့်ပတ်သက်ဖူးသည့်သူတွေထဲမှာ အနည်းနှင့်အများတော့ ကိုယ့်ကိုကျေးဇူးပြုဖူးသူ၊ ကိုယ်ကကျေးဇူးပြုဖူးသူတွေရှိမှာပါပဲ။ တခါတရံမှာ ကိုယ်ပြုလိုက်တဲ့အရာကိုမှတ်ထားတတ်တဲ့သူတွေရှိသလို၊ မမှတ်ထားဘဲ အခွင့်ရတိုင်းကျေးဇူးပြုကူညီတတ်သူတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အပေါ်ကျေးဇူးပြုခဲ့ဖူးသူတွေကို ဘယ်သောအခါမျှကျေးဇူးကန်းကာ မမေ့လိုက်ဖို့အရေးကြီးပါတယ်။ အထူးသဖြင့် နောင်ကာလဆိုတဲ့နောက်ဆုံးသောကာလမှာ ဘုရားရဲ့ကျေးဇူးတွေကို မသိတတ်တဲ့သဘောမျိုးနဲ့ အသက်မရှင်မိဖို့ရာ သတိပြုပါလေ။ ဘုရားရှင်နဲ့လူတွေအပေါ် ကျေးဇူးတရားကင်းမဲ့စွာ အသက်ရှင်တတ်ခြင်းက ကိုယ်ကဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ထင်ရှားပေါ်လွင်စေပါတယ်။ သုတ္တံကျမ်း ၃း၂၇“ကျေး​ဇူး​ကို​ခံ​သင့်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ရ​သော​အ​ခွင့်​ရှိ​လျှင် မ​ပြု​ဘဲ​မ​နေ​နှင့်။” ဘယ်သူမဆိုကတော့ အချောင်ရတဲ့အရာ၊ အလကားရတဲ့အရာဆိုရင်… Read More »ကျေးဇူးမရှိသောသူ – Ungrateful

မိဘစကားကိုနားမထောင်သောသူ – Disobedient to Parents

နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်တယ်ဆိုတာ မိဘစကားကိုနားမထောင်တဲ့ သားသမီးတွေကိုမြင်တွေ့ရခြင်းဖြင့်နားလည်နိုင်ပါတယ်။ စကားနားမထောင်တဲ့သားသမီးတွေကို ထိန်းကျောင်းရတဲ့မိဘတွေဆိုတာ အတော်ကိုခက်ခဲတဲ့အခြေအနေကို ကြုံတွေ့ရသူတွေလို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် မိဘစကားကိုနားမထောင်ဘူးလို့ပြောတဲ့အခါ စကားကိုနားမထောင်လိုက်ရုံပဲမဟုတ်ဘဲ အဲ့ဒီကနေမှ ကိုယ်ကြိုက်တာ၊ ကိုယ်မှန်တယ်ထင်တဲ့ဟာကိုလုပ်သွားတတ်လို့ပါပဲ။ မိဘဖြစ်သောကြောင့် သားသမီးကိုမဆုံးမဘဲနေမည်မဟုတ်သော်လည်း၊ သားသမီးများကတော့ ခေတ်အခြေအနေ၊ ကြီးပြင်းရသည့်ပတ်ဝန်းကျင်၊ မိတ်ဆွေအပေါင်းအသင်းများ အားဖြင့်မိဘရဲ့စကားထက် လောကရဲ့စကားကိုသာ လွှမ်းမိုးခံ၊ နာခံသွားတတ်ကြပေသည််။ ဧဖက်ဩဝါဒစာ ၆း၁“သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။… Read More »မိဘစကားကိုနားမထောင်သောသူ – Disobedient to Parents

သူ့အသရေကိုရှုံ့ချသောသူ – ABUSIVE

တိုးတက်လာပါတယ်ဆိုတဲ့ခေတ်ကြီးထဲမှာ ပွင့်လင်းမြင်သာမှုဆိုပြီး တဦးနှင့်တဦး မကျေနပ်တဲ့အခါဖြစ်ဖြစ်၊ ကိုယ့်အပေါ်မှာစော်ကားသွားလို့ပဲဖြစ်ဖြစ်၊ မခံမရပ်နိုင်ဖြစ်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ ပြောသင့်ပြောထိုက်တာထက်ကိုကျော်လွန်ပြီး တနည်းဆိုရသော် ဘောင်ကျော်ကာ ရင့်သီးရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ သူတပါးရဲ့အသရေကိုရှုံ့ချသလိုတွေဖြစ်သွားတာမျိုးတွေ ဒီခေတ်ကာလမှာပိုပြီးတွေ့လာနေရပါတယ်။ ကိုယ်မှားတဲ့အခါမျိုးမှာ စကားလုံးတွေနဲ့တိုက်ခိုက် ပြစ်တင်ပြောဆိုခံရမှာမျိုးကို မနှစ်သက်ကြပေမယ့်၊ သူတပါးကိုတော့ အသရေပျက်လောက်တဲ့အထိ ပြောပစ်လိုက်ချင်တဲ့စိတ်သဘောမျိုးဟာ မကောင်းပါဘူး။ စကားပြောနဲ့တင်သာမက တပါးသူအပေါ်မှာ ကြမ်းတမ်းစွာဆက်ဆံတတ်သူတွေမျိုးလည်း ရှိပြန်ပါသေးတယ်။ နောင်ကာလဆိုတဲ့ခဲယဉ်းတဲ့ကာလမှာ ဒီလိုလူတွေများစွာရှိလာမယ်ဆိုတာ သတိပြုဆင်ခြင်ရင်း ကိုယ့်ရဲ့နှုတ်လျှာ၊ အပြုအမူတွေကိုထိန်းသိမ်းသင့်ပေသည်။ သုတ္တံကျမ်း… Read More »သူ့အသရေကိုရှုံ့ချသောသူ – ABUSIVE

ထောင်လွှားစော်ကားသောသူ – Arrogant(Proud)

“ဘယ်ကောင်မှဂရုမစိုက်ဘူး”ဆိုပြီးလမ်းထဲက အမူးသမားတယောက်ရဲ့အသံကြားလိုက်တာနဲ့ ရုတ်တရက်လူတွေ လန့်သွားမှာအသေအချာပါပဲ။ ကြားလိုက်တဲ့အချိန်လေး လန့်သွားပေမယ့် ၁၀စက္ကန့်လောက်ကြာရင် ဘယ်သူ့ကိုမှသူဂရုမစိုက်သလိုမျိုး သူ့ကိုလည်း ဘယ်သူကမှအာရုံပြုဂရုစိုက်နေမှာမဟုတ်ပါဘူး။ ဒါကမူးလာမှ ထောင်လွှားတတ်တဲ့သူတွေအပေါ်ထားတတ်တဲ့ လူတွေရဲ့သဘောပါ။ ဒါပေမယ့် မူးယစ်သေစာသောက်စားခြင်းမပါတဲ့ ထောင်လွှာစော်ကားခြင်းမျိုးကျတော့ မသိလိုက်မသိဖာသာ ကျွန်ုပ်တို့တတွေ ဒီလိုခဲယဉ်းတဲ့နောက််ဆုံးသောကာလမှာ ကျင့်သုံးနေမိလားဆိုတာကိုတော့ သတိပြုဖို့လိုပါတယ်။ သုတ္တံကျမ်း ၁၆း၁၈“မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။” အရက်သေစာ၊ မူးယစ်ဆေးဝါးတွေသုံးစွဲမှသာ ဘဝပျက်နိုင်တာ… Read More »ထောင်လွှားစော်ကားသောသူ – Arrogant(Proud)

ဝါကြွားသောသူ – BOASTFUL

“ဝါ” ဆိုသည်မှာ “ကြွားဝင့်သည်”လို့အဓိပ္ပါယ်ရပြီး၊ “ကြွား”ဆိုသည်မှာကတော့ “ပေါ်ထင်သည်။ သူတပါးအထင်ကြီးအောင် ပြောဆို ပြုမူ” တယ်လို့နားလည်ရပါတယ်။ နောင်ကာလနဲ့အတူခဲယဉ်းလာတဲ့အချိန်မှာ “ဝါကြွား”ခြင်းကိုနှစ်သက်ကာ အသက်ရှင်လာသူတွေအများကြီးပါပဲ။ ပြောရရင်တော့ ပင်ကိုယ်အားဖြင့် လူတိုင်းက ကြွားသလိုဖြစ်မယ့်အရာတွေကို ရှောင်တတ်ကြပါတယ်။ သို့သော်လည်း လူဆိုတာမျိုးက အခြားသူ မရနိုင်တဲ့အနေအထားတခုမှာရှိနေပြီး အရမ်းပျော်မွှေ့ကာ နှစ်သက်လာပြီဆိုရင် အခြားလူတွေကိုသိစေ၊ မြင်စေချင်သည့်စိတ်ရှိတတ်ကြစမြဲပါ။ ပြောရရင်တော့ “ဝါကြွားခြင်း” ဆိုတာက “ငါ”ဆိုတဲ့အရာကို ဦးတည်အသက်ရှင်ခြင်းပါပဲ။… Read More »ဝါကြွားသောသူ – BOASTFUL

ငွေကိုတပ်မက်သောသူ – LOVERS OF MONEY

‭“ဆင်းဆင်းရဲရဲနေလိုသည့်သူရှိသလော” လို့မေးလာရင် “အရမ်းနေချင်တာပေါ့”လို့ဖြေမည့်သူတယောက်မျှရှိမည်မဟုတ်ပါ။ “မချမ်းသာချင်ပါဘူး စိတ်ချမ်းသာဖို့ ဖူလှုံရင်ရပါပြီ” ဆိုတတ်သူတွေလည်းရှိပါတယ်။ သေချာတာကတော့ ချမ်းသာချင်တဲ့စိတ်ရှိသည်ဖြစ်ပါစေ၊ မချမ်းသာချင်တဲ့စိတ်ရှိသည်ဖြစ်ပါစေ မည်သူမဆိုကတော့ “ငွေဆိုတဲ့ပိုက်ဆံ”ကိုဒီလောကထဲအသက်ရှင်စဉ်အချိန်ခဏမှာရှာဖွေနေကြရသည်မဟုတ်လား။ လောကအခေါ် တမလွန်ဆိုတဲ့၊ ယုံကြည်သူတွေအတွက်ထာဝရကာလထဲကို ကြိုးစားရှာဖွေထားတာပဲဖြစ်ဖြစ်၊ မကောင်းတဲ့နည်းလမ်းနဲ့ပဲဖြစ်ဖြစ် ရှာဖွေထားသမျှငွေတွေက ယူသွားလို့မရတာကိုတော့ မေ့နေကြသလားတောင် တခါတရံတွေးမိပါသေးတယ်။ ဆိုလိုချင်တာက ကျွန်ုပ်တို့အားလုံး သုံးဖို့စွဲဖို့အတွက်ငွေလိုပါတယ်။ ဒါပေမယ့်ငွေကိုတပ်မက်(ချစ်လွန်း)သွားရင်တော့ ဆုံးဖို့ရှုံးဖို့အကြောင်းတွေအများကြီးရှိတယ်ဆိုတာသတိပြုသင့်ပါတယ်။ “ငွေဆိုတာပါးစပ်ပေါက်တော့ မပါပေမယ့် စကားအများကြီးပြောတတ်တယ်” ဆိုတာကို… Read More »ငွေကိုတပ်မက်သောသူ – LOVERS OF MONEY

ကိုယ့်ကိုကိုယ်ချစ်သောသူ – LOVERS OF SELF

နောင်ကာလဟာ ခဲယဉ်းတဲ့ကာလဖြစ်မယ်ဆိုတာကို တမန်တော်ကြီးရှင်ပေါလုက တိမောသေဩဝါဒစာမှာသတိပေးခဲ့ပါတယ်။ ခဲယဉ်းတယ်(difficult times)ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုပုံစံလဲ၊ ဘာတွေကြောင့်လဲဆိုတာကိုပါ ဖော်ပြခဲ့ပါတယ်။ ထိုအထဲကမှ ပထမဆုံးအနေနှင့် “ကိုယ်ကို့ကိုချစ်သောသူ”များအကြောင်းကို အရင်ဆုံးလေ့လာဆင်ခြင်ကြည့်ကြရအောင်။ စာရေးသူမှာအတွေးတခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးတဲ့သူတိုင်းမှန်ကြည့်ကြတယ် ဆိုတဲ့အတွေးပါပဲ။ လူဆိုတာမျိုးက ဘယ်သူကဘယ်လောက်ပဲ လှပချောမောနေပါစေ၊ ရုပ်ဆိုးအကျဉ်းတန်နေပါစေ ကိုယ့်ကိုကိုယ်တော့ အချစ်ဆုံးပါပဲ။ ငါရုပ်ဆိုးတယ်၊ အသားမဲတယ်ဆိုပြီး ဘယ်သူမှ မှန်မကြည့်ဘဲ မနေသလို၊ ငါချောတယ်၊… Read More »ကိုယ့်ကိုကိုယ်ချစ်သောသူ – LOVERS OF SELF

“ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင်”

ဆရာကြီးယုဒသန်ကတော့သခင်မြင်သလို လောကကြီးကိုမြင်ခဲ့တာပေါ့သနားစရာ လူသား အပြစ်သားတွေကယ်တင်ခြင်းသို့ရောက်ဖို့ပေါ့ ဒီကနေ့မှပဲ သူ့ကို ဂုဏ်ပြုအောက်မေ့သတိရပြီး ပြီးသွားဖို့မဟုတ်ပါ။ဆရာကြီး ယုဒသန် သမ္မာကျမ်းစာကို ဘာသာပြန်နိုင်ဖို့ရန် အခက်အခဲပေါင်းများစွာ ဖြတ်သန်းခဲ့ရပါတယ်။ နေ့တိုင်းဖတ်ရှုနေတဲ့ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်သမ္မာကျမ်းစာကို အသက်၊ သွေး၊ ချွေးများရင်းလျက် သူဘာသာပြန်ပေးခဲ့တာပါလားဆိုတာကိုသိလျက်ကျေးဇူးတင်တဲ့စိတ်နဲ့ တန်ဖိုးထားနေသင့်ပါတယ်။ ခရစ်တော်ကြောင့်သာမဟုတ်ရင်ခရစ်တော်အားဖြင့်သာမဟုတ်ရင်ခရစ်တော်အဖို့လို့ငှါသာမဟုတ်ရင် ဆရာယုဒသန်အခက်အခဲဒုက္ခတွေများစွာထဲမှာဟန်မပါ သန်မာစွာ အသက်တာကိုဆပ်ကပ်စွန့်လွတ်နိုင်စရာအကြောင်းမရှိပါ။“ခရစ်ယာန်”လို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူနေတတ်တဲ့ကျွန်ုပ်တို့တတွေလေကြီး ဟန်ဆောင် ပါးပြင်းထောင်နေမည့်အစားခရစ်တော်ကိုယူတင် အသက်တာဖြင့်အစေခံခဲ့သောဆရာယုဒသန်အသက်တာကို စံနမူနာပြုလျက်ခရစ်တော်နှင့်ခရစ်တော်၏… Read More »“ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင်”