မာန်မာနနှင့်ယစ်မူးသောသူ
မာန်မာနနှင့်ယစ်မူးတယ်ဆိုတာဟာ ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း လို့နားလည်ရပါတယ်။ ဘဝင်မြင့်တယ်၊ မာနကြီးတယ်ဆိုတာမျိုးက အခြားသူကိုကြည့်ခြင်းထက် ကိုယ့်ကိုယ်ကိုသာ ဗဟိုပြုတတ်သူလို့ဆိုရင်လည်း မမှားပါဘူး။ ကိုယ်ဘာလုပ်နိုင်တယ်၊ ကိုယ်ကဘယ်လိုအနေအထားရှိသလဲဆိုတာကို အားပြုအားယူကာ နှစ်ထောင်းအားရစွာဖြင့် စိတ်ကြီးဝင်တတ်တဲ့သဘောပါပဲ။ နောင်ကာလတည်းဟူသော ခဲယဉ်းသောအချိန်ကာလမှာ ဒီလိုမျိုးအသက်ရှင်ခြင်းကိုနှစ်သက်လာသူတွေများပြားလာပါတယ်။ ဖိလိပ္ပိဩဝါဒစာ ၂း၃“ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်… Read More »မာန်မာနနှင့်ယစ်မူးသောသူ