Skip to content

Broshay

အကောင်းဆုံးမိတ်ဆွေ ယေရှု

မိတ်ဆွေသူငယ်ချင်းမရှိတဲ့ ဘဝကို အဘယ်သူမျှကျေနပ်ရောင့်ရဲလိမ့်မည်မဟုတ်ပါ။ တစ်ယောက်တည်းသီးခြားနေခြင်းက ဘဝကိုအကောင်းဆုံးဖြတ်သန်းခြင်းလို့မဆိုနိုင်ပါ။ ဒါဆိုဘယ်အရာက စစ်မှန်တဲ့ခင်မင်ရင်းနှီးမှုလဲ? အဲ့ဒါကတော့ ချစ်ခြင်း၊ ကတိပြုခြင်း၊ သစ္စာရှိခြင်း လက္ခဏာတွေရှိတဲ့ ဆက်ဆံမှုမျိုးပဲဖြစ်ပါတယ်။ သင့်ရဲ့ ဘဝခရီးကိုဖြတ်သန်းတဲ့အခါ မိတ်ဆွေသူငယ်ချင်းကောင်းတွေကိုရှာဖွေပါ။ သေချာတာကတော့ ဘုရားသခင်ရဲ့စကားတော်၌အသက်ရှင်တဲ့ မိတ်ဆွေတွေကိုသင်အလိုရှိမှာပါ။ သင့်ကိုအပြစ်သို့သွေးဆောင်သွားမည့်သူတွေနဲ့ သင့်ကိုယ်တိုင်ကိုဝန်းရံစေပြီး အသက်ရှင်မည့် အမှားကိုတော့မလုပ်မိပါစေနှင့်။ သို့သော် ဘုရားဝတ်၌မွှေ့လျော်သည့် မိတ်ဆွေရရှိခဲ့လျင် အပြန်အလှန်အားဖြင့် သင်လည်းကောင်းသောမိတ်ဆွေ အဖြစ်ရှိပေးပါ။ တစ်ကိုယ်ကောင်းမဆန်ဘဲ… Read More »အကောင်းဆုံးမိတ်ဆွေ ယေရှု

ကယ်တင်ခြင်းသည် အပြစ်သားအတွက် ဘုရားပေးသော လက်ဆောင်

ကယ်တင်ခြင်းသည် အပြစ်သားအတွက် ဘုရားပေးသော လက်ဆောင်ဖြစ်သည်။ လူသားတိုင်းအတွက်ဖြစ်သည် (ယော ၃:၁၆)။ သို့သော် ယေရှုခရစ်တော်တစ်ပါးတည်းအားဖြင့်သာ ရရှိနိုင်သည်။သခင်ယေရှုက “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ရှင်ယောဟန်‬ ၁၄:၆)။တမန်တော်ကြီးရှင်ယောဟန်က “သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။”(၁ ယော‬ ၅:၁၂)။ သခင်ဘုရား၏ကယ်တင်ခြင်းကိုရရှိဖို့ရာ ကိုယ့်အပြစ်တွေကို နောင်တရခြင်းရှိရပါမယ် (တမန်… Read More »ကယ်တင်ခြင်းသည် အပြစ်သားအတွက် ဘုရားပေးသော လက်ဆောင်

စစ်မှန်တဲ့နောင်တရခြင်း၌ အဆင့်သုံးဆင့် ပါရှိပါတယ်

စစ်မှန်တဲ့နောင်တရခြင်း၌ အဆင့်သုံးဆင့် ပါရှိပါတယ်။ပထမတစ်ချက်က သင်ဟာအပြစ်သားတစ်ယောက်ဖြစ်တယ်ဆိုတာကို သိမြင်ဖို့လိုအပ်ပါတယ်။နောက်ပြီး သင့်ကိုယ်တိုင်ရဲ့အပြစ်တွေအတွက်လည်း ပူဆွေးရပါမယ်။နောက်ဆုံးမှာတော့ ထိုအပြစ်တွေကနေ လှည့်ပြန်လာရမှာဘဲဖြစ်ပါတယ်။ အပြစ်တရားအတွက် တခုတည်းသောအဖြေဟာ နောင်တတရားဘဲဖြစ်ပါတယ်။သင့်ရဲ့အပြစ်တွေဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်ထက်မကြီးပါဘူး။ သူသင့်ကိုခွင့်လွတ်ပါလိမ့်မယ်။သို့သော် တခါတရံမှာ သင့်ကိုပြင်းထန်တဲ့ဆုံးမခြင်းအားဖြင့် နောင်တတရားလမ်းထဲသို့ ပို့ဆောင်ပါလိမ့်မယ်။ဆုံးမတော်မူခြင်းကိုခံရတဲ့အခါ နာကျင်ရပါတယ်။အပြစ်ရဲ့အကျိုးသက်ရောက်မှုဟာ ရေရှည်ဖြစ်တယ်။အဘယ့်ကြောင့် ဘုရားသခင်အဖို့ အသက်မရှင်ဘဲနေကြမလဲ? #λόγος #thyLogos #အပြစ် #ကျေးဇူးတော် ဟေရှာယအနာဂတ္တိကျမ်း ၁ : ၁၈… Read More »စစ်မှန်တဲ့နောင်တရခြင်း၌ အဆင့်သုံးဆင့် ပါရှိပါတယ်

မျက်မြင်သက်သေ

လူတချို့က မျက်စိနှင့်တပ်အပ်မြင်မှသာလျှင် ယုံကြည်ကြတယ်..ထိုသို့သောအရာကို ရှိသည်ဟု ဝန်ခံကြတယ်လေကိုကျတော့ မမြင်ရသော်လည်း မရှိဘူးလို့ ဘယ်သူမှမငြင်းခုံကြဘူးငြင်းရင်လည်းကိစ္စမရှိဘူး သင့်ခန္ဒာပေါ်မှာရှိတဲ့ နှာခေါင်းနဲ့အဆုတ်ကတော့ တသက်လုံးမငြင်းဘူး.. ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၁:၁ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသော အရာတည်းဟူသော အသက်ရှင်သော နှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အား ပြသကြ၏။ ရှင်ယောဟန်ကြီးကိုယ်တိုင် ကြုံခဲ့ မြင်ခဲ့ စမ်းသပ်ခဲ့ တဲ့… Read More »မျက်မြင်သက်သေ

တံငါနားနီး မုဆိုးနားနီး

ကိုယ်နေထိုင်ရာနေရာတစ်ခု ပတ်ဝန်းကျင်တစ်ခုမှာ အနေကြာအထိုင်များလာရင် အဲ့မှာရှိတဲ့ယဉ်ကျေးမှု အနေအထိုင် အပြောအဆို တွေကထပ်တူညီလာတတ်ဆိုတာကိုလူတိုင်းလက်ခံကြပါတယ်..ဒါပေမယ့် အပြင်ပြောင်းလဲခြင်းမဖြစ်မီ အထဲကအရင်စပါတယ် သို့သော် တံငါနားနီးတိုင်းလည်း မုဆိုးနားနီးတိုင်းလည်း တံငါသည် မုဆိုးဖြစ်မသွားပါ.. “ကျွန်တော်ယုံကြည်ပါတယ်” တစ်ခုတည်းနဲ့တော့မလုံလောက်ပါ .. အကျင့်နဲ့ကင်းရင် .အလကားပါဘဲ..ရှင်ယာကုပ်ဩဝါဒစာ ၂:၂၆ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။ အပတ်တိုင်းဘုရားကျောင်းသွားနေလို့ ဓမ္မတေးတွေဆိုနေလို့ ဒီလောက ကသင့်ကိုယုံကြည်သူလို့မြင်နေပေမယ့် .. သင့်ယုံကြည်ခြင်းက… Read More »တံငါနားနီး မုဆိုးနားနီး

ကျေးဇူးတင်လိုက်ပါ

တစ်ခါတလေ သူငယ်ချင်းမိတ်ဆွေတွေကိုမုန့်ကျွေးတဲ့အခါ သူတို့ကကျေးဇူးတင်သူတို့ကကျွေးရင် ကိုယ်ကတင် ..မနက်မိုးလင်းဘုရားနဲ့စကားပြောရင်လည်းဘဲ ဒီနေ့အသက်ရှင်ရလို့ကျေးဇူးတင် ညအိပ်ယာဝင်လည်းဘဲ တနေ့တာလုံးပို့ဆောင်လို့ကျေးဇူးတင်..ကျေးဇူးတင်စရာတွေအများကြီးရှိတယ်..သူငယ်ချင်းမိတ်ဆွေတွေ မိသားစုတွေ ဆွေမျိုးတွေ.. စသည်ဖြင့်ပေါ့.. အားလုံးရဲ့အထက်ပြန်စဉ်စားကြည့်တဲ့အခါ…ဘုရားကောင်းမြတ်တယ် ကရုဏာကြွယ်ဝတယ် ဆိုပြီး ကျေးဇူးတင်တယ် သို့သော် အလုပ်ကောင်းကောင်းရနေခိုက် လစာကောင်းကောင်းရနေခိုက် ကျန်းကျန်းမာမာ နေရတဲ့အခိုက်တန့်လောက်ဘဲလားးး…. ကျွန်တော်တို့နေ့ရက်အစဉ်တိုင်းအတွက်ဘုရားကိုချီးမွမ်းပြီး ကျေးဇူးအမြဲတင်နေရမယ့်အကြောင်းရှိပါတယ်…ယေရမိအနာဂတ္တိကျမ်း ၂၄:၇ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ သူတို့သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူဖြစ်ကြ၍၊ ငါသည်လည်း… Read More »ကျေးဇူးတင်လိုက်ပါ

အသက်ကိုအသက်ထက်ပို၍

တလောကရုပ်ရှင်တစ်ခုရဲ့နာမည်ကိုတော်တော်သဘောခွေ့သွားတယ်.. ကြည့်သာ မကြည့်တယ်နာမည်ကတော့ ဆင်ခြင်စရာလေးပေါ့… ကျွန်တော်တို့အသက်တာမှာ သတိမမူမိတာလေးတစ်ခုရှိတယ်ရှင်မသဲ ၁၀:၃၉မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။ ကိုယ့်ရဲ့အသက်အတွက်ရှာနေရင် အရှုံးဘဲရှိတယ်ခရစ်တော်ကြောင့် အသက်ရှုံးတဲ့သူကတော့ အသက်ကိုတွေ့လိမ့်မယ်..ခရစ်ယာန်တစ်ယောက်ဖြစ်နေရုံနဲ့တော့ ဘာမှမထူးခြားဘူး…ခရစ်တော်၌ရှင်နေရင်တော့ထူးခြားတယ်. ရှင်မသဲ ၁၆:၂၅အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို… Read More »အသက်ကိုအသက်ထက်ပို၍

ခပ်သိမ်းသောအမှုတို့ကို

Interview ပဲဖြစ်ဖြစ် စာမေးပွဲပဲဖြစ်ဖြစ် တစ်ခုခုဆို ကျွန်တော်တို့ကြွေးကျော်လိုက်တာက “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောယေရှုခရစ်တော်အားဖြင့်ခပ်သိမ်းသောအမှုတို့ကိုငါတတ်စွမ်းနိုင်သည်” ပေါ့…. အဲဒီ “ငါ” ကဘယ်လောက်ဆိုးလဲဆိုရင် ကိုယ်လုပ်ချင်တာကိုပဲ တတ်စွမ်းနိုင်နေတယ် ခွန်အားရဲ့အရင်းအမြစ်ဖြစ်တဲ့ သခင်ေယရှု က ခပ်သိမ်းသောအမှုအတွက် ခွန်အားနှင့် ကျွန်ုပ်တို့ကိုပြည့်စုံစေတာ… “အခြေအနေတစ်ခုအတွက်” မဟုတ်ပါဘူး .. “အခြေအနေတိုင်းအတွက်”ပါ.. ဥပမာတစ်ခုအားဖြင့်ဆိုရမယ်ဆိုရင်…လူတစ်ဦးတစ်ယောက်က ကိုယ့်ကိုနာကျင်အောင်လုပ်တယ်.. ကိုယ့်ဘက်ကခွင့်မလွတ်နိုင်ဘူးဖြစ်နေတယ်…ပြောရမယ်ဆိုရင်..မတတ်စွမ်းနိုင်တဲ့အခြေအနေတစ်ခုပေါ့..ဒီမတတ်စွမ်းနိုင်တဲ့အရာမှာ ကျတော့ “ဘုရားအလိုရှိတဲ့ ခွင့်လွတ်ခြင်းမင်္ဂလာ” ကိုခွန်အားနဲ့ပြည့်စုံစေတဲ့ သခင်ယေရှုအားဖြင့်… Read More »ခပ်သိမ်းသောအမှုတို့ကို

မှာထားသည့်အတိုင်းလော! မှားနေသည့်အတိုင်းလော!

မှာထားသည့်အတိုင်းလော! မှားနေသည့်အတိုင်းလော! “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။” ဟေဗြဲ ၃:၁၂-၁၃ ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၃၅ကိုလေ့လာရင်း ခွန်အားယူကြပါစို့။ ဤအခန်းကြီးတခုလုံးအား… Read More »မှာထားသည့်အတိုင်းလော! မှားနေသည့်အတိုင်းလော!