Skip to content

Broshay

ခရစ်တော်

  ခရစ်တော်   ပထမအာဒံ သခင့်စကားကို မနာခံ အကျိုးဆက်က အပြစ်ဒဏ် ဆွဲချွတ်ဖို့မဟန် လူသားရဲ့အစ အာဒံမှ ဝင်ရောက်ခဲ့ အပြစ်တွေက ခိုးခြင်းနှင့်ဖျက်ဆီးခြင်း သာဓက စာတန်ရဲ့သဘောသဘာဝ ဒီကျိန်ခြင်း အမင်္ဂလာ ဘယ်မှာလဲ လွတ်မြောက်ရာ အိုလူသား မတတ်နိုင်ပါ လမ်းပျောက်၍သာ နောက်ဆုံးသော အာဒံ ဖြောင့်မတ်ခြင်း အစေခံ မျက်မြင်မရသော ဘုရား၏သဏ္ဍာန် ဆင်းသက်ခဲ့အမှန်… Read More »ခရစ်တော်

Christmas အခါသမယ

Christmas အခါသမယ “Promotion တွေမှာ အလုအယက် Decoration တွေမှာ ပြိုးပြိုးပြက်ပြက် Party တွေမှာ ပိုးစိုးပက်စက် အော် … ပျော်နေကြတာ ပျော်နေကြတာ သနားဖို့တောင်ကောင်းတယ် ပွဲသဘင်အလား ကျင်းပသော်ငြား လူရဲ့အကျင့် လူရဲ့အကြံနေရာယူထား သခင့်ရဲ့သတင်းစကား မှေးမှိန်ပါတကား ဘယ်မှာလည်း ဧမာနွေလဘုရား အော် … လုပ်စားနေတာ လုပ်စားနေတာ စိတ်ပျက်ဖို့တောင်ကောင်းတယ် လောကဝမ်းမြောက်… Read More »Christmas အခါသမယ

အပြစ်ရှိစဉ်ပင်

တမန်တော်ကြီးရှင်ပေါလုက အိမ်ထောင်ရှင်အမျိုးသားတွေ သူတို့ရဲ့ဇနီးမယားတွေကိုချစ်ဖို့သွန်သင်ခဲ့ပါတယ်…“အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။”‭‭ဧ​ဖက်‬ ‭၅:၂၅ အိမ်ထောင်ပေါင်းစည်းခြင်းဆိုတာ ကိုယ်တိုင်အနီးကပ်ဆုံးရရှိနိုင်တဲ့ကျွမ်းဝင်မှုဖြစ်ပြီး၊ ထိုသို့သောကြောင့် ခရစ်တော်၌ကျွန်တော်တို့ရရှိတဲ့ပေါင်းစည်းခြင်းကို ဖော်ပြတဲ့အံ့ဩဖွယ် ပန်းချီကားတစ်ချပ်ပါဘဲ။ ရင်းနှီးသောဆက်ဆံကျွမ်းဝင်မှုတင်သာမကပါဘူး။ ဒါဟာချစ်ခြင်းရဲ့ကျွမ်းဝင်ခြင်းလည်းဖြစ်ပါတယ်။ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာတော်ကို လုံးဝမထိုက်တန်တဲ့အချိန် အပြစ်သားဖြစ်လျက်နေစဉ်မှာပင် သခင်ဘုရားသည်သူ့ရဲ့ချစ်ခြင်းကိုပြသခဲ့တယ်။သူ့ရဲ့ကျေးဇူးတော် အားဖြင့်သာ ကယ်တင်တော်မူခြင်းသို့ရောက်ရပါတယ်။ကျွန်တော်တို့ ချစ်စရာကောင်းနေလို့ သူချစ်တာမဟုတ်ပါ။ သူဟာ “ချစ်ခြင်းမေတ္တာ” ဖြစ်နေသောကြောင့်သာ။ထိုသို့သောအကြောင်းကြောင့် ကျွန်ုပ်တို့သည်လည်း… Read More »အပြစ်ရှိစဉ်ပင်

ဘုန်းတော်အဖို့

“ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။” (၁ ကော‬ ၁၅:၅၈)ဒီနှုတ်ကပတ်တော်လေးကတော့ ပြီးမြောက်ဖို့ထက် ပြောတာက ပိုလွယ်ကူပါတယ်။ကျွန်ုပ်တို့ရဲ့အစေခံမှုကနေ ရလဒ်တွေကိုမတွေ့ရတဲ့အခါ၊ ပြီးတော့လူတွေကကိုယ့်နဲ့ ဆန့်ကျင်ဘက်မျိုးဖြစ်နေတဲ့အခါ သခင့်တွက်ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုတွေဟာ အချည်းအနှီးဖြစ်နေသလိုထင်ရပါတယ်။နှုတ်ကပတ်တော်ကတော့ရှင်းရှင်းလင်းလင်း ပြောပါတယ်။ခက်ခဲမှုတွေကို ပဓာနမထားဘဲ… Read More »ဘုန်းတော်အဖို့

မြော်လင့်ရာ

“သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။” ‭‭(၁ ပေ‬ ၁:၁၃)ဒီစကားဟာ ရှင်ပေတရုက ယုံကြည်ခြင်းကြောင့်ဖိနှိပ်ညှင်းဆဲခြင်းကိုကြုံနေရသောသူတို့အား အားပေးထားသောစကားဖြစ်ပါတယ်။(၁ပေ ၁:၆-၇)ခေတ်အဆက်ဆက်တိုင်းမှာရှိဦးမယ့် ယုံကြည်သူတွေတွက် ယခုလက်ရှိဘဝဟာ အရာခပ်သိမ်းရဲ့ အဆုံးမဟုတ်ဘူးဆိုတာ အမှတ်ရနေဖို့လိုအပ်ပါတယ်။ဒီဘဝရဲ့အခြေအနေတွေက သင့်ကိုစိတ်ဖိစီးမောပန်းစေတဲ့အခါ ဘုရားသခင်နှင့်သူရဲ့သမ္မာစကားအပေါ်မှာ မြော်လင့်တတ်ခြင်းငှါ သင်ယူပါ။သခင်ဘုရား၌‌‌ မြော်လင့်ခြင်းဆိုသည်မှာ ယုံမှားဖွယ်မရှိ စိတ်ချနိုင်သောအရာ၌ မြော်လင့်ခြင်းဖြစ်သည်။ဘဝရဲ့ မသေချာမရေရာခြင်းတွေက… Read More »မြော်လင့်ရာ

ခွင့်လွှတ်ပါ

တခါတရံကျွန်ုပ်တို့ဟာ လူတချို့ရဲဆိုးဆိုးရွားရွားဆက်ဆံ ပြုမူခြင်းကိုခံရတတ်ပါတယ်။သင့်ကိုမုန်းတဲ့သူအပေါ်မှာ ခါးသီးမှုတွေနဲ့တုန့်ပြန်လက်စားချေလိုက်ဖို့ဆိုတာကလည်းအရမ်းကိုလွယ်ကူပါတယ်။သို့သော် သင်ခွင့်လွတ်ခြင်းခံရသကဲ့သို့ အခြားသူတွေကိုခွင့်လွတ်ဖို့ရာ သခင်ဘုရားကတောင်းဆိုပါတယ် (ဧဖက် ၄:၃၂)။စစ်မှန်တဲ့ခွင့်လွတ်ခြင်းဟာ နဂိုမူလအခြေအနေကိုဖြစ်စေတတ်သော ရလဒ်ရှိပါတယ်။သင်သည် အမှန်တကယ်ခွင့်လွတ်တယ်ဆိုရင် သင့်ကိုထိပါးစော်ကားတဲ့သူတွေထံ ကောင်းသောအမှုကိုပြုနိုင်ပါလိမ့်မယ်။ #λόγος #thylogos #theblesseddesk #ခွင့်လွတ်ခြင်း #ညီအစ်ကိုခြင်း #ယောသပ်ကဲ့သို့ #ခရစ်တော်ကဲ့သို့

သခင်ဘုရားသည် သင်အဖို့ ရန်သူ သို့မဟုတ် ပြိုင်ဖက်ဖြစ်လာပြီလေ

အရှက်တကွဲဖြစ်ရခြင်းဆိုသည်မှာ သခင်ဘုရားသည် မာနထောင်လွှားသောသူအားနှိမ့်ကျစေသောဖြစ်စဉ်ဖြစ်သည်။ မာနထောင်လွှားခြင်းအား သခင်ဘုရားသည်ရွှံမုန်းပါသည်။ ထိုအရာနှင့်ပက်သက်ပြီး သခင်ဘုရားသည်သူ၏လူတွေအား သည်းညည်းခံမည်မဟုတ်ပါ။ ရှောလမုန်မင်းကြီးက “မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။” ‭‭(သုတ္တံ ၂၉:၂၃) ရှင်ယာကုပ်ကလည်း “ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။” ‭‭(ယာကုပ်‬ ‭၄:၆)… Read More »သခင်ဘုရားသည် သင်အဖို့ ရန်သူ သို့မဟုတ် ပြိုင်ဖက်ဖြစ်လာပြီလေ

ထိုသခင်သည် တိုးပွားခြင်းရှိရမည်၊ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်

“နှိမ့်ချခြင်း”သည် ကိုယ့်အဖို့ငှါ လျောက်ပတ်သော တန်ဖိုးဖြတ်ခြင်းဖြစ်သည်။ထိုသို့ပြုခြင်းသည် သင့်အသက်တာကိုအချိန်တိုင်းနှိမ့်ကျထားစေခြင်းမျိုးမဟုတ်ဘဲ တကယ်တမ်းကျတော့ သင့်ကိုယ်သင်မေ့လျော့ထားခြင်းမျိုးဖြစ်ပါတယ်။နှိမ့်ချခြင်းသည် သင်ဖြစ်သမျှ ပိုင်ဆိုင်သမျှ ဒါမှဟုတ် ဝမ်းမြောက်စရာ ရှိသမျှတို့သည် ဘုရားသခင်ထံမှဖြစ်ကြောင်းကို သဘောပေါက်နားလည်လာခြင်းမှ အစပြုသည်။သင်ရဲ့ ပါရမီ၊ နောက်ခံ၊ စွမ်းရည် နှင့် ရူပကာ တွေဟာဘုရားကသတ်မှတ်ပေးထားခြင်းဖြစ်သည်။ (၁ကော၄:၇)သခင်ဘုရားသည်သာလျင် ချီးမြောက်ခြင်းအားလုံးရဲ့ အရင်းအမြစ်နှင့် အောင်မြင်ခြင်းတိုင်းရဲ့အကြောင်းအရင်းခံဘဲဖြစ်ပါတယ်။အရာရာသင်ပြုသမျှတို့၌ သခင်တပါးတည်းသာဘုန်းကိုခံထိုက်ပါတယ်။ #λόγος #thylogos #theblesseddesk #နှိမ့်ချခြင်း #ချီးမြောက်ခြင်း

သင့်ရဲ့ သခင်ဟာ ဘုရားလော၊ ငွေလော။

ငွေကြေး၌လောဘရှိခြင်းသည် အများသောသူတို့ကို ဘုရားဝတ်၌မွှေ့လျော်ခြင်းလမ်းမှ လွဲစေသည်။ သခင်ယေရှုကပြောပါတယ် “အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။” (မဿဲ‬ ၆:၂၄) ပိုက်ဆံမရှာရဘူး အလုပ်မလုပ်ရဘူးလို့ ပြောနေခြင်းမဟုတ်ပါ။ ဒါပေမယ့် သခင့်ကိုအစေခံနေပါလျက် ပိုက်ဆံ၏ကျေးကျွန်မဖြစ်စေချင်ခြင်းသာ။ ငွေရဲ့ကျေးကျွန်ဟာ ငွေကိုချစ်ခြင်းရဲ့ အုပ်စိုးမှုကို ခံနေရသူပါပဲ။… Read More »သင့်ရဲ့ သခင်ဟာ ဘုရားလော၊ ငွေလော။