Skip to content

Broshay

“ငါ” နေ့တိုင်းသေ

“လူ​တို့​သည် ပ​ညတ်​တ​ရား၏​အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ မ​ရောက်၊- ယေ​ရှုခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​သည်​ကို၊ အ​ပြစ်​ထင်​ရှား​သော တစ်​ပါး အ​မျိုး​သား​မ​ဟုတ်​ဘဲ၊ ဇာ​တိ​အ​မျိုး​အား​ဖြင့် ယု​ဒ​လူ​ဖြစ်​သော​ငါ​တို့​သည် အ​မှန်​သိ​သည်​နှင့်​အ​ညီ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​မ​ရောက်၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ၊ ငါ​တို့​ပင် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ရာ။-ခ​ရစ်​တော်​အား​ဖြင့်… Read More »“ငါ” နေ့တိုင်းသေ

နှစ်သစ်နဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်ကို ယုံကြည်သူတွေ ဘယ်လိုမျိုးထားသင့်လဲ?

နှစ်သစ်တစ်ခုစပြီ၊ ရောက်လာပြီဆိုရင် အသစ်သောအစပြုခြင်း၊ လန်းဆန်းတဲ့ အစပြုခြင်းတွေနဲ့ အားလုံးရည်ရွယ်ထားမှာပါပဲ။ဒါပေမဲ့ ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁ ရက်ကလည်းဘာမှမကွာခြားပါဘူး။ထူးခြားဖြစ်စဉ်လည်းမရှိပါဘူး။ပြီးတော့ နှုတ်ကပတ်တော်ထဲမှာ အဲ့ဒီအရာနဲ့ပက်သက်ပြီး ပြောထားတာ၊ ဆန့်ကျင်ထားတာလည်းမရှိပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်ကို ယုံကြည်သူတစ်ယောက်ကထားဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ဘယ်လိုရည်ရွယ်ချက်မျိုးထားမလဲ? အများသော ရည်ရွယ်ချက်တွေကတော့ စိတ်ပိုင်းဖြတ်ထားမှုတွေပေါ့။ဉပမာ – ဆေးလိပ်ဖြတ်မယ်၊ အရက်ဖြတ်မယ်၊ ငွေကိုကောင်းမွန်စွာကိုင်တွယ်တတ်ဖို့ရယ်၊ မိသားစုနဲ့အချိန်များများယူဖို့ စသည်ဖြင့်ပေါ့။ခေတ်ရဲ့အချိန်အခါနဲ့အလျောက် ထပ်တိုးလာတာက… Read More »နှစ်သစ်နဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်ကို ယုံကြည်သူတွေ ဘယ်လိုမျိုးထားသင့်လဲ?

ဆိုးညစ်မှုနှင့် စီရင်ခြင်း

သောဒုံနှင့်ဂေါမောရဟာ လူတွေရဲ့ဆိုးသွမ်းအပြစ်များမှုနှင့်ထိုဆိုးညစ်မှုတွေကို ဘုရားသခင်စီရင်တော်မူတယ်ဆိုတာကို ပုံဉပမာအနေဖြင့် ကျမ်းစာတလျှောက်မှာဖော်ပြထားတာတွေ့မြင်ရပါတယ်။ ထိုမြို့တွေကို ကမ္ဘာဦး ၁၀:၁၉ မှာဖော်ပြထားပြီး ခါနာန်အမျိုးသားတွေရဲ့နယ်နိမိတ်တွင်းမှာဖြစ်တယ်ဆိုတာလည်း နားလည်ရပါတယ်။ နောက်ထပ်ဖော်ပြထားတဲ့ နေရာကတော့ ကမ္ဘာဦး ၁၃:၁၀ မှာဖြစ်ပြီး ဘုရားသခင်ဖျက်ဆီးတယ်ဆိုတဲ့အချက်ကိုတွေ့ရပါတယ်။ အကြောင်းကတော့ “သော​ဒုံ​မြို့​သား​တို့​သည် ဆိုး​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌၊ အ​လွန်​အ​ပြစ်​များ​သော​သူ ဖြစ်​ကြ​သ​တည်း။” ကမ္ဘာဦးကျမ်း ၁၃:၁၃ ကမ္ဘာဦးကျမ်းကိုကြည့်တဲ့အခါ လောတဟာ သူ့ရဲ့အမြင်ပေါ်အခြေခံတဲ့ဆုံးဖြတ်ချက်တွေကိုပြုလုပ်ပြီး၊ သူ့ရဲ့ဦးလေးအာဗြဟံကတော့ ဆုံးဖြတ်ချက်တိုင်းကိုယုံကြည်ခြင်း၌အခြေပြုတယ်လို့ဆင်ခြင်ရပါတယ်။… Read More »ဆိုးညစ်မှုနှင့် စီရင်ခြင်း

အကောင်းဆုံးသော အကြွေး

လူတွေပြောနေကြစကားရှိပါတယ်“လောကကြီးက မေတ္တာတရားခေါင်းပါးလာပြီကွာ”။ ဟုတ်ပါတယ် ချစ်ခြင်းမေတ္တာခေါင်းပါးလာပါတယ်။ ငတ်ပါများတော့ အရသာဘယ်လိုရှိလည်းတောင်မသိကြတော့ပါဘူး။ ဒီလောကကြီးဟာ မေတ္တာကိုလိုအပ်ပါတယ်။ဆေးဆိုးမေတ္တာ၊ အပေါ်ယံမေတ္တာ၊ ကိုယ်ကျိုးရှာမေတ္တာ၊ ငတေမှာရင်ပြီးရောမေတ္တာ ဆိုတာတွေကပဲ တစ်ဦးပေါ်တစ်ဦးတင်ကျန်လျက် လောကကြီးကိုပြည့်နက်နေစေကြတုန်းပါပဲ။ “အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​မှ​တစ်​ပါး အ​ဘယ်​ကြွေး​မျှ မ​တင်​စေ​နှင့်။ သူ​တစ်​ပါး​ကို​ချစ်​သော​သူ​သည် အ​ကျင့်​တ​ရား​နှင့်​ပြည့်​စုံ​ပြီ။-”(‭‭ရောမဩဝါဒစာ ၁၃:၈) မေတ္တာတရားလောကမှာခေါင်းပါးကောင်း ခေါင်းပါးနေပါလိမ့်မယ်။ သို့သော် ယုံကြည်သူခရစ်ယာန်အသက်တာမှာတော့ မခေါင်းပါးသင့်ပါ။ မေတ္တာတရားဟာ အကျင့်တရား(law)ရဲ့ပြည့်စုံရာဖြစ်ပါတယ်။ ပထမဦးစွာထာဝရဘုရားအားချစ်ခြင်း၊ ဒုတိယကိုယ်နှင့်စပ််ဆိုင်သောသူတို့အားချစ်ခြင်းဖြစ်ပါတယ်။… Read More »အကောင်းဆုံးသော အကြွေး

လိုင်း မတူ

ခရစ်ယာန်လူငယ်များ စကားပြောနေကြသည်။ အရွယ်တူတွေပါသလို အရွယ်ငယ်သေးသူများလည်းပါကြသည်။ သူငယ်ချင်းတွေ ဘုရားကျောင်းတစ်ခုမှလူငယ်များဖြစ်ဟန်တူသည်။ ရုတ်တရက် စကားဝိုင်းထဲမှ စကားသံတစ်ခုကို ကြားလိုက်ရသည်။ “မင်းနဲ့ငါတို့ကလိုင်းမတူဘူး” ဟူ၍ဖြစ်သည်။ ကျွန်တော်စိတ်ဝင်စားသွားသည်။ ဒါနဲ့ အကျိုးအကြောင်းသိချင်လိုသောကြောင့် ဆက်ပြီးနားစွင့်ထားမိသည်။ ထိုလူငယ်အစုထဲမှ တချို့က ဘီယာသောက်ဖို့ရန်တိုင်ပင်စည်းရုံနေချိန် သူတို့ရဲ့သူငယ်ချင်းတစ်ဦးအားပြောလိုက်သည့်စကားဖြစ်သည်။ “မင်းကgospelလိုင်း ငါတို့ကbeerလိုင်းဆိုတော့ နောက်မှတွေ့ကျတာပေါ့” ဟုဆိုကာ အသီးသီးထွက်သွားကြတော့သည်။ အံ့ဩမိပါတယ်။ သခင်ယေရှုခရစ်တော်၏ အသွေးတော်သွန်းခြင်းအဖိုးအခ ခွင့်လွတ်ခြင်းကျေးဇူးအား လူငယ်အများစု… Read More »လိုင်း မတူ

🐜 စုဆောင်းခြင်း 🐜

ခုတလောအိမ်မှာ ဒုက္ခအပေးဆုံးက ပုရွက်ဆိတ်။ နေရာတကာမှာ သူတို့တတွေရှိတယ်။ စိတ်ပျက်စရာကောင်းပေမယ့် သူတို့ရဲ့ စည်းလုံးမှု နဲ့ လုပ်အားက သင်ခန်းစာပင်။ “အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။” (သုတ္တံကျမ်း ၆:၆) ဘုရားက ကျွန်တော့်ကို လူပျင်းတဲ့… မှန်ပါတယ်  ဒါတင်မကသေးဘူး။ ပုရွက်ဆိတ်ဆီကိုသွားပြီး သူရဲ့အပြုအမူတွေကို ဆင်ခြင်ခိုင်းတယ်။ “ပညာရှိ” စေဖို့ပေါ့။ ဘုရားက သင့်ကို… Read More »🐜 စုဆောင်းခြင်း 🐜

မင်္ဂလာ

“မင်္ဂလာပါ” လို့နှုတ်ဆက်ရတဲ့အရသာက တကယ်ကောင်းတယ်ကြားရတဲ့သူရင်မှာအေးသွားတာပဲပြောတဲ့သူရော ကြားတဲ့သူရော ပြုံးနေမှာအသေချာပဲ …ဒါပေမဲ့ နှစ်ယောက်လုံးက မင်္ဂလာ တကယ်ရှိရဲ့လား? နှုတ်ကပတ်တော်ထဲမှာ…မင်္ဂလာ ရှိတဲ့သူတွေဟာ အထွတ်အထိပ်၊ သူဌေးသူကြွယ်၊ နာမည်ကြီး၊ ဆရာကြီးတွေလို့ မပြောထားပါဘူး..(ရှင်လုကာခရစ်ဝင် ၆:၂၄) လူတချို့ဒီနေ့တခြားလူတွေကိုကြည့်ပြီး မင်္ဂလာရှိတဲ့သူပါလား ပြောပြီး ကိုယ် ကိုယ်တိုင်က သိမ်ငယ်နေတာတွေအများကြီးပဲ …အောင်မြင်တဲ့အခိုက်အတန့်တချို့.. လိုချင်တာရတဲ့အချိန်လောက်ပဲ .. ကိုယ့်ကိုကိုယ် မင်္ဂလာနှင့်ပြည့်စုံတယ်လို့ထင်ကြတယ်.. ကဲ …ဒါဆို… Read More »မင်္ဂလာ

အမှန်တကယ် ပြောင်းလဲဖို့

ပြောင်းလဲမှုကို လူတိုင်းလိုချင်သည် ဝတဲ့သူကပိန်ချင် ပိန်တဲ့သူကဝချင်.. “ခန္ဓာ” အခုနေ ဒီဟာ၊ တော်ကြာနေ တစ်မျိုး .. “စိတ်” ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိ၊ ဘာလုပ်မှငြိမ်းချမ်းမလဲ … “ဝိညာဉ်” သိပ္ပံပညာတိုးတက်လာတယ်၊ ခန္ဓာ နဲ့ စိတ်အတွက်မြင့်တင်ပေးမယ့်အရာတွေ ကျေနပ်စေမယ့်အရာတွေကို ဖန်တီးထားပေးတာကလည်း တပုံတခေါင်းကြီးပဲ  … ဒါပေမဲ့ သေချာစဉ်စားကြည့်တော့.. ကျွန်တော်တို့အထဲမှာ .. “မသေချာတဲ့အရာတစ်ခုက သေချာစွာရှိနေတယ်”… Read More »အမှန်တကယ် ပြောင်းလဲဖို့

ဒုက္ခထဲမှ ဝမ်းမြောက်ခြင်း

သုတ္တံကျမ်း ၁၄:၁၀   “စိတ်နှလုံးသည် မိမိဒုက္ခကိုသိ၏။ စိတ်နှလုံးရွှင်လန်းခြင်းအကြောင်းကိုလည်း သူတစ်ပါး မဆိုင်တတ်။” ကိုယ့်ရဲ့အသက်တာမှာ ဖြစ်ပျက်နေသမျှကို ကိုယ် ကိုယ်တိုင်သာအသိဆုံးပါ ဆိုတာမမှားပါဘူး။ ဘဝလောကဓံရဲ့ခါးသီးမှုတွေ၊ နာကျင်မှုတွေ၊ ဒုက္ခတွေဟာ နှလုံးသားထဲမှာရှိနေတာကို ဘယ်သူမှမြင်ပါဘူး .. မြင်ရင်တောင်မှ အတွင်းကျကျမသိနိုင်ဘူး.. ကာယကံရှင်ကိုယ်တိုင်ပဲ ပိုအသိဆုံးပါ။ ဒါပေမဲ့ အဲ့ဒီအရာတွေရဲ့တဖက်မှာ လူမပေးနိုင်တဲ့ရွှင်လန်းမြောက်ခြင်းအကြောင်းကလည်းရှိတယ်… ကျော်လွန်ပြီးမြင်နိုင်ဖို့ရာကတော့… “ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။… Read More »ဒုက္ခထဲမှ ဝမ်းမြောက်ခြင်း