Skip to content

Broshay

ချစ်သော လူငယ်သို့ – အပိုင်း(၃)

တခါက ဖူဆယ်ကစားကွင်းမှာ ဘောလုံးကစားရင်း ဘေးကပ်ရပ်ကွင်းမှာ ဆယ်ကျော်သက်လူငယ်လေးတွေလည်း ကစားနေကြတာကိုသတိထားမိပါတယ်။ဒါနဲ့ကစားလို့ပြီးတော့ ဖိနပ်တွေချွတ် အင်္ကျီလဲနေချိန် ဘာကိုမြင်လိုက်ရလဲဆိုတော့ အဲ့ဒီလူငယ်လေးတွေ ဘောလုံးမကစားကြဘဲ ကွင်းထောင့်မှာ စုပြုံပြီး ဖုန်းကြည့်ကာ စကားတွေလည်း တတွတ်တွတ်ပြောဆိုနေကြပါသေးတယ်။အဲ့အချိန်မှာ စကားသံတခုထွက်လာပါတယ် “ဖုန်းထဲကို ဝင်ချင်လိုက်တာကွာ” ဆိုတဲ့စကားပဲဖြစ်ပါတယ်။သဘောပေါက်လိုက်ပါတယ် သူတို့ဘာကိုကြည့်ပြီး ဒီလိုစကားသံထွက်လာသလဲဆိုတာကိုပေါ့။ “ငါ​သည်​အ​ပျို​ကို​မျှ မ​ကြည့်​ရှု​မည်​အ​ကြောင်း၊ ကိုယ်​မျက်​စိ​နှင့် ပ​ဋိ​ညာဉ်​ဝန်​ခံ​ခြင်း​ကို ပြု​ပြီ။”ယောဘဝတ္တု ၃၁း၁“I have made… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၃)

ချစ်သောလူငယ်သို့ – အပိုင်း(၂)

ခရစ်ယာန်လူငယ်လေးတယောက်က မေးလာပါတယ် “ကျွန်တော် တက်တူးထိုးလို့ရလား”တဲ့။ဒါနဲ့ “ဘာလို့ထိုးချင်တာလဲလို့မေးတော့”၊ “မေးကြည့်တာပါ”လို့ပြန်ဖြေတယ်။နောက်ရက်တွေလည်း တွေ့တိုင်း ဒီမေးခွန်းကိုပဲ ထပ်ခါထပ်ခါ မေးပြန်ပါတယ်။ “သေ​သော​သူ​အ​တွက် ကိုယ်​အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ သံ​ပူ​မ​ထိုး​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။”ဝတ်ပြုရာကျမ်း ၁၉း၂၈“You shall not make any cuts on your body for the dead or tattoo yourselves:… Read More »ချစ်သောလူငယ်သို့ – အပိုင်း(၂)

ချစ်သောလူငယ်သို့ – အပိုင်း (၁)

ယနေ့ယုံကြည်သူများဟာ လောကရဲ့entertainment တွေမှာကျေးကျွန်တွေဖြစ်လာနေကြပါတယ်။ထိုအထဲမှာ အထူးသဖြင့်တော့လူငယ်များစွာ ရှိနေပါတယ်။ လူငယ်လေးတစ်ယောက်ကပြောလာပါတယ် “ဆုမတောင်းဖြစ်တာကြာပြီဗျာ.. ဘာဆုတောင်းရမှန်းတောင်မသိတော့ဘူး” လို့ဆိုလာပါတယ်။သူ့ကို ဆွေးနွေးတိုက်တွန်းပေးပြန်တော့၊ ဘာပြောပြန်ပြောသလဲဆိုရင် “သိတယ်၊ အချိန်မပေးနိုင်တာ၊ ကိုယ့်ကိုကိုယ်ထိန်းတယ်” စသည်ဖြင့်ပြောကာ ဘုရားဝတ်၌မွေ့လျော်ခြင်းအလို့ငှါ အားထုတ်ကြိုးစားခြင်းမရှိဘဲ ဘုရားနှင့်မှန်ကန်သောအသက်တာမျိုးဖြစ်နေရှာသည်။ ယနေ့ခေတ်က entertainment အလွန်များတဲ့ခေတ်ပါ။ Entertainment များစွာကလည်း ကိုယ့်ကို entertainer ဖြစ်လာအောင်ဆွဲဆောင်လွန်းလှပါတယ်။အခုဆို ဘလော့ဂါတွေ၊ ဗလော့ဂါတွေကို အားကျပြီးလုပ်တဲ့သူတွေ၊ ဝါသနာအရနာမည်ကြီးသီချင်းတွေ… Read More »ချစ်သောလူငယ်သို့ – အပိုင်း (၁)

မလိမ်ပါနဲ့

လူတချို့ရဲ့ ဝိညာဉ်တော်ဖွင့်ပြပါတယ် ဆိုတာတွေဟာကတိတော်ထားရာ သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ပဲရောင်းအားအကောင်းဆုံးစာရေးဆရာတွေနာမည်ကြီးတရားဟောဆရာတွေရဲ့ အာဘော်တွေ ဖြစ်နေလေပါရောလားရှက်မိတယ်ဗျာ #သမ္မာသတိ #စစ်ဆေးပါ

ဖာရိရှဲ ဘိသိက်

ယနေ့ ခရစ်ယာန်များကြား ရေပန်းစားသည့်စကားလုံးတစ်ခု ရှိပါသည်။အထူးသဖြင့် ထိုစကားလုံးဟာ နာမည်ကြီး၍လူကြိုက်များသော တရားဟောဆရာတွေ၌သာ ရှိသလိုမျိုးအနေအထားဖြစ်လာပါတယ်။ “ဘိသိက်” #ကောရိန္သုဩဝါဒစာဒုတိယစောင် ၁:၂၁သင်တို့နှင့် ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။ ဒီနေရာမှာတော့ ဘိသိက်ဆိုတာဘယ်သူ့ဆီမှာရှိပါတယ်၊ ဘယ်သူ့ဆီမှာတော့မရှိပါဘူး ဆိုတာပြောဖို့ကတော့ အထက်ကကျမ်းပိုဒ်လေးက လုံလောက်ပါတယ်။ ဒီကနေ့ ခရစ်ယာန်လောကဟာ အရှုပ်အထွေး အင်မတန်မှများပါတယ်။အကြောင်းအရင်းကတော့ ဆရာတွေများလို့ပါပဲ။ဘယ်လိုဆရာတွေများပြားလာသလည်းဆိုရင် ယားတတ်သောနားတွေကို ကျေနပ်စေသောဆရာမျိုးပေါ့။ စိတ်မကောင်းစရာက… Read More »ဖာရိရှဲ ဘိသိက်

နာမည်မပါသော စေတနာ

ကျမ်းစာထဲက ကောင်းသောရှမာရိဆိုတဲ့ သခင်ပြောပြတဲ့ ပုံဥပမာလေးကို စန်းဒေးစကူး (Sunday School) ကနေစလို့ အရွယ်ရောက်လို့အသင်းတော်ဝတ်ပြုခြင်းတွေမှာ ခုထိဟောပြောသာဓကပေး​နေဆဲပါပဲ။ “ယေရှုက၊ လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ဓားပြနှင့် တွေ့ကြုံလေ၏။ ဓားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ နာကျင်စွာ ရိုက်နှက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍ သွားကြ၏။-ထိုလမ်းသို့ ယဇ်ပုရောဟိတ်တစ်ယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍ သွားလေ၏။-ထိုနည်းတူ လေဝိလူတစ်ယောက်သည် ထိုအရပ်သို့ရောက်သောအခါ၊… Read More »နာမည်မပါသော စေတနာ

ပြောင်းလဲပေးသော တရား

အရပ်ပုပုငယ်ငယ်လေးယေရှုကိုရှာတဲ့ ဇက္ခဲအသက်တာပြောင်းလဲသွားပါတယ်သို့ပေမယ့် သူဟာအခွန်ခံခေါင်းအဖြစ်တာဝန်ထမ်းဆဲပါဒါပေမယ့်အရင်ကလိုအခွန်ခံခေါင်းမဟုတ်တော့ပါ “ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။ ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သား ဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။ လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်းဟု ဇက္ခဲကို… Read More »ပြောင်းလဲပေးသော တရား

အပြာ၊ အာသာ၊ တဏှာနှင့် ခရစ်ယာန်အသက်တာ

အတိတ်တုန်းက ညစ်ညမ်း(အပြာ)ပုံတွေ၊ ရုပ်ရှင်တွေကို စွဲလမ်းခဲ့သူ တစ်ယောက်အနေနဲ့ ထိုအရာတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာပြောပြနိုင်ပါတယ်။သင့်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းကို သေစေတယ်။ကင်ဆာရောဂါလိုပဲ တဖြည်းဖြည်း လိုက်စားပြီး သေစေတာ။တဏှာစိတ်တွေ ပြင်းပြပြီး၊ ဆန္ဒဖြေဖျောက်နည်းတွေနဲ့ပဲ လောင်မြိုက်နေခဲ့တယ်။ဒီကိစ္စက မယုံကြည်သူတွေမှ မဟုတ်ပါဘူး။ယုံကြည်သူခရစ်ယာန်များလည်း ကျွန်ုပ်တို့ရဲ့ အသက်တာ စိတ်နှလုံးကို ထိခိုက်စေတဲ့ ဒီရောဂါဆိုးကြီးကနေ လွတ်မြောက်ဖို့လိုအပ်ပါတယ်။ဒိိအရာကြီးဟာ ကျွန်ုပ်တို့အတွက် ကြီးမားတဲ့ချည်နှောင်မှုကြီးပါ။လွတ်မြောက်စေနိုင်တာလည်း သခင်ယေရှု တပါးတည်းသာ။ဒါကြောင့် သခင့်ကိုသာ၍စွဲလမ်းပါ။… Read More »အပြာ၊ အာသာ၊ တဏှာနှင့် ခရစ်ယာန်အသက်တာ

ကြားပြီးလျင် နာယူပါ

COVID-19 မြန်မာပြည်ကိုစတင်ဝင်ရောက်လာချိန်မှာ အသင်းတော် အားလုံးနီးပါးဟာ ဘုရားကျောင်းအဆောက်အဦးထဲ အတူတကွ ဝတ်ပြုကိုးကွယ်ရခြင်းအမှုမှာရပ်တန့်သွားခဲ့ပါတယ်။ဒါဟာ အခုချိန်ထိပါပဲ။ဒီလိုဖြစ်လာတော့ အားလုံးသိတဲ့အတိုင်းပဲ အင်တာနက် အွန်လိုင်း ကနေ ဝတ်ပြုခြင်း အစီအစဉ်တွေ အသက်ဝင်လာကြပါတော့တယ်။ တချို့ကြတော့ နည်းပညာနဲ့ပတ်သက်လို့ အတွေ့အကြုံ၊ အခက်အခဲရှိကြတော့ ချက်ခြင်းအကောင်အထည်မဖော်နိုင်ခဲ့ကြပါ။မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံရှိယုံကြည်သူတွေဟာ အွန်လိုင်းအခြေပြုကိုးကွယ်ခြင်းကို ယနေ့ထိအသုံးပြုနေရကြတုန်းပါပဲ။ ~ ကိုးကွယ်ခြင်းမှာ ကိုဗစ်ဟာ ပြဿနာလား? ~ ကိုဗစ်ဟာ တကမ္ဘာလုံးအတိုင်းအတာပြဿနာပါ။သို့သော်ကိုးကွယ်ခြင်းမှာတော့… Read More »ကြားပြီးလျင် နာယူပါ