Skip to content

Broshay

ခရစ်ယာန်အိမ်ထောင်

ခရစ်ယာန်အိမ်ထောင်ဟုဆိုလိုက်သည်နှင့် အင်မတန်မှစိတ်ကြည်နူးဖွယ်ရာ၊ သာယာချိုုမြိန်သော အိမ်ထောင်ဟု စိတ်နှလုံးသားထဲ၌ တွေးမြင်ကောင်း တွေးမြင်ပေလိမ့်မည်။ ဤသို့ အတွေးထဲ၌ တွေးမြင်ခြင်းက မှားသည်ဟုမဆိုပါ။ အဘယ့်ကြောင့်ဆိုသော် ဤသို့တွေးမြင်ခြင်းက ခရစ်ယာန်အိမ်ထောင်တခု၏ ဖြစ်သင့်သော၊ သမ္မာကျမ်းစာနှင့်ညီသော စံနှုန်းဖြစ်သောကြောင့်ပေတည်း။ဘုရားရှင်ကို ဦးထိပ်ထားသောမိသားစု အိမ်ထောင်တခုဖြစ်လာခြင်းဆိုသည်မှာ လွယ်ကူမည်တော့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မစုံလင်သောလူသားတို့၏ပေါင်းစည်းခြင်း အစုအရုံးဖြစ်သောကြောင့်ပေ။ ထို့ကြောင့် တဦးနှင့်တဦးအပေါ်၌ နားလည်ခြင်း၊ သည်းခံခြင်း၊ တန်ဖိုးထားတတ်ခြင်းများ လိုအပ်ပေသည်။ ထိုသို့အရည်အသွေးများကို… Read More »ခရစ်ယာန်အိမ်ထောင်

လူသစ် အမှုသစ်

လူသစ် သစ်လွင်ဆန်းသစ်မှုဆိုတာမျိုးက လတ်ဆတ်သည့်အရာမျိုးလို့ပြောလို့ရပါတယ်။ ဒါကိုလူတိုင်းက နှစ်သက်မြတ်နိုးတတ်ကြတာ မဆန်းပါဘူး။ အသစ်ဖြစ်နေခြင်းမှာ ပေါ်လွင်၊ မြင်သာ၊ ထင်ရှား၊ သိသာမှုတွေကရှိမြဲပါ။ ဒီကနေ့ယုံကြည်သူအသက်တာဆိုရင်ဖြင့်လည်း ယေရှုခရစ်တော်၏ပြုပြင်တော်မူသောအားဖြင့် အသစ်သောအသက်တာ(လူသစ်)၌ ဦးစွာ ဘုရားရှင်၏ဘုန်းတော်နှင့်ကယ်တင်ခြင်းကျေးဇူးတော်၊ ပြီးတဲ့အခါမှာ ကောင်းသောအသက်တာ၌ကျင်လည်သောအသက်ရှင်မှုမျိုးက ပေါ်လွင်၊ မြင်သာ၊ ထင်ရှား၊ သိသာ ဖို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့အမည်နာမ ထင်ရှားကျော်စောခြင်းမျိုးမဟုတ်ဘဲ သခင်ခရစ်တော်ကိုယူတင်ဝတ်ဆောင်သော လူသစ်အားဖြင့်ကယ်တင်သောသခင်၏နာမတော်ကိုထင်ရှားစေခြင်းငှါ လတ်ဆတ်သည့်အသက်ရှင်ခြင်းဖြစ်ပေသည်။ ပုပ်စပ်နေသည့်လောကမှာ အထူးသဖြင့်… Read More »လူသစ် အမှုသစ်

ခရစ်ယာန်နှင့် ခရစ်တော်

ခရစ်တော်မပါဘဲနဲ့ ခရစ်ယာန်ဆိုတာဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ခရစ်တော်၌မရှိဘဲနဲ့ လူသစ်ဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ခရစ်တော်နောက်မလိုက်ဘဲနဲ့ တပည့်တော်ဆိုတာဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ခရစ်တော်၏စကားတော်ကိုနာမခံဘဲနဲ့ နှုတ်ကပတ်တော်၌မွေ့လျော်သူဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ခရစ်တော်ကိုယုံကြည်သော ခရစ်ယာန်တို့သည် ခရစ်တော်ကို မရိုမသေအပြုဆုံးသောသူများဖြစ်သည်ဟုဆိုလျှင် ဤစကားလွန်မည်ထင်ပါသလား။အချို့အတွက်လွန်ကောင်း လွန်နိုင်ပါမည်။ အချို့အတွက်တော့ မှန်ကန်ကောင်းမှန်ကန်နေပါမည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်တို့အများစုမှာ ခရစ်တော်ကိုနှုတ်ကနေ ‘တ’ သော်လည်း အသက်တာအားဖြင့် ‘အ’ နေသူများဖြစ်နေကြတုန်းပင်။ ထိုသခင်၏ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း ကိုယူတင်ဝတ်တောင်ဖို့ပင်မပြောနှင့် ရရှိလို့နေမှန်းတောင်မသိသည့် စမ်းတဝါးဝါးအသက်တာများစွာ ဒုနဲ့ဒေးရှိကြသေးသည်။ အားမနာတမ်းဆိုရလျှင် စစ်မှန်သော ဧဝံဂေလိသတင်းစကား… Read More »ခရစ်ယာန်နှင့် ခရစ်တော်

“ခရစ်တော်၏ စရိုက်လက္ခဏာများနှင့် ဂုဏ်ကျေးဇူးတော်များ” – ကောင်းမြတ်တော်မူခြင်း

“ထို​နောက်​လူ​တစ်​ယောက်​သည် ချဉ်း​ကပ်၍၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​ကောင်း​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊- ငါ့​ကို​ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။ အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​လို​လျှင် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့​ဟု မိန့်​တော်​မူ၏။-”‭‭ရှင်မဿဲ‬ ‭၁၉း၁၆-၁၇ #characterandattributesofchrist #JesusChrist #messiah

“ခရစ်တော်၏ စရိုက်လက္ခဏာများနှင့် ဂုဏ်ကျေးဇူးတော်များ” – သစ္စာရှိခြင်း

“တ​ရား​နှင့် သ​စ္စာ​သည် သူ၏ ခါး​ပန်း​ခါး​စည်း​ဖြစ်​လိမ့်​မည်။”‭‭ဟေရှာယ‬ ‭၁၁း၅ “သင်​တို့​ကို​ခေါ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ထို​သို့​ပြု​တော်​မူ​လိမ့်​မည်။”‭‭၁ သက်သာလောနိတ်‬ ‭၅း၂၄ #characterandattributesofchrist #JesusChrist #messiah

“ခရစ်တော်၏ စရိုက်လက္ခဏာနှင့်ဂုဏ်ကျေးဇူးတော်များ” – ဖြောင့်မတ်ခြင်း

“မိ​မိ​စိတ်​ဝိ​ညာဉ်​ခံ​ရ​သော ဝေ​ဒ​နာ၏​အ​ကျိုး​ကို မိ​မိ​မြင်၍ အား​ရ​လိမ့်​မည်။ ထို​ဖြောင့်​မတ်​သော ငါ၏​ကျွန်​ကို​သိ​ကျွမ်း​ခြင်း​အား​ဖြင့်၊ သူ​သည် အ​များ​သော​သူ​တို့​ကို ဖြောင့်​မတ်​ရာ၌ တည်​စေ​လိမ့်​မည်။ သူ​တို့၏​အ​ပြစ်​ကို ကိုယ်​တိုင်​ဆောင်​ရွက်​ရ၏။” ‭‭ဟေရှာယ‬ ‭၅၃း၁၁ “ကိုယ်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို နှစ်​သက်၍၊ မ​တ​ရား​သော​အ​မှု​ကို မုန်း​တော်​မူ၏။ ထို​ကြောင့် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၏ အ​ပေါင်း​အ​ဖော်​တို့​ထက် ကိုယ်​တော်​ကို ချီး​မြှောက်၍၊ ဝမ်း​မြောက်​ခြင်း​ဆီ​နှင့် ဘိ​သိက်​ပေး​တော်​မူ​ပြီ​ဟု… Read More »“ခရစ်တော်၏ စရိုက်လက္ခဏာနှင့်ဂုဏ်ကျေးဇူးတော်များ” – ဖြောင့်မတ်ခြင်း

“ခရစ်တော်၏စရိုက်လက္ခဏာများနှင့်ဂုဏ်ကျေးဇူးတော်များ” – သန့်ရှင်းခြင်း

“ကောင်း​ကင်​တ​မန်​က​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်၏​အ​ပေါ်​မှာ သက်​ရောက်​တော်​မူ၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ တန်​ခိုး​အာ​နု​ဘော်​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို​အ​ကြောင်း​ကြောင့် ထို​သန့်​ရှင်း​သော​သား​သည်​လည်း ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။”‭‭ရှင်လုကာ‬ ‭၁း၃၅ “သန့်​ရှင်း​ဖြောင့်​မတ်​တော်​မူ​သော သ​ခင်​ကို​ငြင်း​ပယ်၍၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ် ရှိ​သော​သူ​တစ်​ယောက်​ကို ရ​မည်​အ​ကြောင်း တောင်း​ပန်​သ​ဖြင့်၊”‭‭တမန်တော်‬ ‭၃း၁၄(က) “အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း​ငှာ လက်​တော်​ကို ဆန့်​တော်​မူ၍၊ သန့်​ရှင်း​သော သား​တော်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ဖြစ်​စေ​တော်​မူ​စဉ်​တွင်၊… Read More »“ခရစ်တော်၏စရိုက်လက္ခဏာများနှင့်ဂုဏ်ကျေးဇူးတော်များ” – သန့်ရှင်းခြင်း

ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူ

“သိုးရေခြုံတဲ့ဝံပုလွေ”၊ “ဒေါင်းယောင်ဆောင်တဲ့ကျီး” စသည်ဖြင့် စကားအသုံးအနှုန်းတွေကိုကြားဖူးကြပါလိမ့်မယ်။ ထိုစကားတွေက လူတယောက်ဟာ မှန်ကန်တဲ့ပုံသွင်နဲ့ရှိနေတယ်လို့ထင်မြင်ရပေမယ့် တကယ်တမ်းကျတော့ သူ့အကျိုးအတွက် ထိုဟန်အမှန်နဲ့ဖုံးကွယ်ထားသည့်သဘောပင်။ ဝိညာဉ်ရေးရာမှာလည်း ထိုသို့သဘောမျိုးနဲ့လူများရှိပေသည်။ နောင်ကာလတည်းဟူသော ဤခဲယဉ်းသောကာလ၌ သင်နှင့်ကျွန်ုပ်အထူးသတိပြုဖို့ရာလိုအပ်ပေသည်။ “ခြား​နား​သော​ဩ​ဝါ​ဒ​ကို သင်​ပေး၍၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏​စ​ကား​တည်း​ဟူ​သော စင်​ကြယ်​သော စ​ကား​ကို​လည်း​ကောင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့်​အ​ညီ ဖြစ်​သော ဩ​ဝါ​ဒ​ကို​လည်း​ကောင်း ဝန်​မ​ခံ​သော​သူ​မည်​သည်​ကား၊- မာ​န​နှင့်​ယစ်​မူး၍ အ​လျှင်း​နား​မ​လည်​ဘဲ၊ ပု​စ္ဆာ​အ​မေး​ကို ဆွေး​နွေး၍… Read More »ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူ

ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ

ကာမဂုဏ်ရဲ့ အဓိပ္ပါယ်ကို လေ့လာကြည့်တဲ့အခါ စွဲလမ်းတပ်မက်ဖွယ်အာရုံ လို့တွေ့ရပါတယ်။ နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ ကာမဂုဏ်ခံစားခြင်းကိုနှစ်သက်သူတွေသာ များလာမယ်ဆိုတဲ့ သတိပေးချက်ဟာ တကယ်လည်း ပြည့်စုံလာပါတယ်။ စွဲလမ်းတပ်မက်ဖွယ်အာရုံ ကိုအသားပေးတဲ့ ဆွဲဆောင်မှုတွေနောက်ကိုသာ တမ်းတမ်းစွဲ လိုက်ကာ၊ နှစ်သက်ချစ်မြတ်နိုးလာကြပြီး၊ ထာဝရနှင့်ဆိုင်သောအရာများကိုတော့ တခါတလေ အပျင်းပြေ စိတ်ပြေလက်ပျောက်လုပ်ဆောင်သလိုမျိုးအနေအထားများနှင့်သာ နေရာပေးထားတတ်ကြသည်။ ဒါကြောင့် နှုတ်နှင့်သာဘုရားရှင်ကို နှစ်သက်သူများဖြစ်နေပြီလားဆိုတာကို သတိပြုဆင်ခြင်ကြည့်ကြရအောင်။ ‭‭ရှင်ယောဟန်ဩဝါဒစာပထမစောင် ၄း၁၉“ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ရှေ့​ဦး​စွာ… Read More »ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ