Skip to content

Nayri

ဖေဖေ

ဖေဖေ၊ အဖေ၊ ပါပါး၊ အပါး စသည်ဖြင့် နေရာဒေသနှင့် လူမျိုးများကွဲပြားမတူညီခြင်းကြောင့် မိမိရဲ့ ဖခင်အား ဘာသာစကားမျိုးစုံဖြင့်မိတ်ဆွေတို့ ခေါ်ဝေါ်ဖူးကြပါလိမ့်မယ်။ ယနေ့မှာလည်း တဖန်ပြန်လည်ကျရောက်လာပြီဖြစ်သောဖခင်များနေ့အတွက်ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းရေတွက်ရင်း ကမ္ဘာပေါ်ရှိ ဖခင်များအားလုံးနှင့်တကွ ကောင်းကင်နိုင်ငံသို့ ပြန်နှင့်ပြီဖြစ်သော ဖခင်များအတွက် Happy Father’s Day လို့ စာရေးသူက နှုတ်ခွန်းဆက်လိုက်ပါတယ်။ ခရစ်နှစ် ၁၉၀၉ တွင် Mrs. Sonora… Read More »ဖေဖေ

ပြောပါ

“သင်တို့ကိုသတိနှင့်ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့” ရှင်ပေတရုဩဝါဒစာပဌမစောင် ၅:၇ “Cast all your anxiety on him, because he cares for you” 1 Peter 5:7 (NRSV) မိတ်ဆွေတို့ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲတွင်တော့ သခင်ဘုရားသည် ကျွန်ုပ်တို့အား သတိနှင့်ကြည့်ရှုတော်မူ၍ အမှုအရာအလုံးစုံတို့အား သိမှတ်တော်မူသောကြောင့် စိုးရိမ်ပူပန်ခြင်းရှိသမျှတို့ကို သူ့၌အပ်နှံဖို့ ဖော်ပြထားပါတယ်။… Read More »ပြောပါ

ကြွားဝါခြင်းနှင့်ယုံကြည်သူတို့၏အသက်တာ

“ထိုနည်းတူ၊ လျှာသည်ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်​၏။ အဘယ်မျှ လောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကိုကြည့်ပါလော့။”ရှင်ယာကုပ်ဩဝါဒစာ ၃:၅ “Likewise, the tongue is a small part of the body, but it makes great boasts. Consider what a great forest is… Read More »ကြွားဝါခြင်းနှင့်ယုံကြည်သူတို့၏အသက်တာ

အစ အလယ် အဆုံး

“အစကောင်းမှ အနှောင်းသေချာ” ဆိုသည့် မြန်မာစကားပုံဆိုရိုးအား မိတ်ဆွေတို့အနေဖြင့် ရင်းနှီးကျွမ်းဝင်လိမ့်မည်ဖြစ်ပါသည်။ လူကြီးမိဘများက ဆုံးမလျှင်သော်လည်းကောင်း၊ သူငယ်ချင်းမိတ်ဆွေများ အချင်းချင်းတိုက်တွန်းနှိုးဆော်လျှင်သော်လည်းကောင်း ထိုစကားပုံအား မိတ်ဆွေတို့ မကြာခဏကြားဖူးနားဝရှိပါလိမ့်မည်။ ဆိုလိုရင်းမှာ မည်ကဲ့သို့သောအလုပ်မဆို စတင်ပြုလုပ်သည့်အချိန်၌ ကောင်းမွန်သောစတင်ခြင်းနှင့် အစပြုခဲ့လျှင် အဆုံးတွင် သေချာကောင်းမွန်သော ရလဒ်များအားပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း အဓိပ္ပာယ်ရပါသည်။ အလွန်ကောင်းမွန်သည့် ဆိုရိုးသာဓကလေးဖြစ်သည့်အလျောက် စာရေးသူလည်း သဘောကျနှစ်ခြိုက်သည့် စကားပုံတစ်ခုဖြစ်ပါသည်။ သို့သော်လည်း တဖက်တွင်တော့ မည်မျှပင်ကောင်းမွန်ခိုင်မာသော… Read More »အစ အလယ် အဆုံး

အပြစ်နှင့် ဝန်ချတောင်းပန်ခြင်း

မိတ်ဆွေတို့ရေ … မိတ်ဆွေ တို့ကို တခုလောက်မေးချင်ပါတယ်။ မိတ်ဆွေတို့ထဲမှာ အပြစ်မလုပ်ဖူးတဲ့သူရှိပါသလား။ လုပ်ခဲ့ဖူးသူဆိုရင်ရော အပြစ်များကို ဝန်ချတောင်းပန်ရမယ့်အစား ဖုံးကွယ်ခဲ့ဖူးသလား။ တကယ်လို့ အပြစ်လည်း မလုပ်ခဲ့ဖူးသူ မဖုံးကွယ်ခဲ့ဖူးသူဆိုရင်တော့ သင်ဟာတော်တော်လေးကို ထူးခြားတဲ့သူ ဖြစ်သွားပါပြီ။ တကယ်လို့ လုပ်လည်း လုပ်ဖူးတယ် ဖုံးလည်း ဖုံးကွယ်ခဲ့ဖူးတယ် ဆိုရင်တော့ ဝန်ချတောင်းပန်ဖို့ရန် လိုအပ်ကြောင်း သတိပေးပါရစေ။ “မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။… Read More »အပြစ်နှင့် ဝန်ချတောင်းပန်ခြင်း

စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အား

လောကမှာအသက်ရှင်နေထိုင်သွားလာရတဲ့အခါမှာ မြောက်မြားစွာသောလောကီအမှုအရာတွေကြောင့် ပင်ပန်းခြင်း၊ ဆင်းရဲခြင်း အစရှိသည့် အရာတွေကို နေ့စဉ်နဲ့အမျှကြုံတွေ့ခံစားရနိုင်ပါတယ်။ နေ့စဉ်နှင့်အမျှ ဘယ်လိုနေထိုင်စားသောက်ရှာဖွေရမလဲ၊ အန္တရာယ်ကင်းအောင် လုံခြုံအောင် ဘယ်လိုနေထိုင်သွားလာကြမလဲ စသည်ဖြင့် ကျွန်ုပ်တို့သည် တွေးတောပူပန်ကာ ကြောက်ရွံ့မှုတို့ကို အလိုလိုနေရင်း ကိုယ်တိုင်တည်ဆောက်ဖန်တီးနေမိတတ်ကြပါတယ်။ ထိုသို့ ကိုယ်တိုင်ဖန်တီးမိရင်း ယုံကြည်သူညီအစ်ကိုမောင်နှမ ခရစ်ယာန်များအနေဖြင့် ကယ်တယ်ခြင်းနှင့်စပ်ဆိုင်သော ယုံကြည်မျှော်လင့်ခြင်းအား စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့က လွှမ်းမိုးသွားနိုင်ကြောင်း ရှေးဦးစွာသတိပေးပါရစေ။ “မစိုးရိမ်နှင့်။ ငါသည်သင့်ဖက်… Read More »စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အား