Skip to content

John Wick

ခရစ်တော်၌ရှိသော မိမိ၏သရုပ်အမှန်ကို ဖွင့်လှစ်ခြင်း

ချစ်သောယုံကြည်သူ ညီအစ်ကိုမောင်နှမများသို့ ခရစ်တော်ထဲမှာရှိနေတဲ့ ကျွန်တော်တို့ ယုံကြည်သူ ဘုရားသားသမီး အယောက်စီတိုင်းရဲ့ “သရုပ်အမှန်” နဲ့ အဖဘုရားဟာ သူချစ်တဲ့ သားသမီးတွေကို ဘယ်လို ရွေးနှုတ်ခဲ့သလဲ၊ ဘယ်လိုရပ်တည်နေစေသလဲ၊ ဘယ်လိုကာကွယ်ထားသလဲ၊ ဘယ်လိုတန်ဖိုးရှိစေသလဲ၊ အချင်းချင်းတစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမျိုး တွဲဆက်ပေးထားသလဲ ဆိုတဲ့ ကြီးမြတ်အံ့သြဖွယ် အကြံအစည်တော်ကို ပညတ်တရား ကာလ တဲတော်ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံအားဖြင့် ပြန်လည်ဝေမျှလိုပါတယ်။… Read More »ခရစ်တော်၌ရှိသော မိမိ၏သရုပ်အမှန်ကို ဖွင့်လှစ်ခြင်း

ယုံကြည်ခြင်း

ပါမောက္ခ : သား…. မင်းက ခရစ်ယာန်တစ်ယောက် ဟုတ်တယ်မဟုတ်လား? ကျောင်းသား : ဟုတ်ပါတယ် ဆရာ။ ပါမောက္ခ : ဒါဆိုမင်း “ဘုရား” ဆိုတာကိုယုံတာပေါ့။ ကျောင်းသား : သေချာယုံပါတယ်ဆရာ။ ပါမောက္ခ : ဘုရားကကောင်းသလားကွ? ကျောင်းသား : သေချာတာပေါ့ဆရာ၊ ဘုရားကသိပ်ကောင်းပါတယ် ဆရာ။ ပါမောက္ခ : ဘုရားက အရာအားလုံးကိုတတ်စွမ်းနိုင်သလား?… Read More »ယုံကြည်ခြင်း

ဘုရားသခင် မည်သူနည်း။

သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း။ “ဘုရားသခင်(God) ဆိုတာကို ဘယ်လိုပုံသဏ္ဍာန်လို့နားလည်ထားပါသလဲ။ ဘုရားသခင်သည် ပုလ္လိင်(ကျား) လား၊ ဣတ္ထိလိင်(မ) လား။ ဘုရားသခင် ဟာ အာကာသ၊ ဒြပ် နဲ့ အချိန်(Space, Matter/Energy , Time) တွေရဲ့အပြင်ဘက်မှာတည်ရှိနေတာလို့ ဖန်ဆင်းရှင်ယုံကြည်သူ(Creationists) အချို့က လက်ခံထားကြတယ်။ စကြဝဠာရဲ့ အပြင်ဘက်မှာ ဘယ်လိုရှိနေတာပါလဲ။” စသဖြင့် ဘုရားသခင်နှင့် ပက်သတ်၍… Read More »ဘုရားသခင် မည်သူနည်း။

လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း – ၂)

ဤဆောင်းပါးသည် “လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း-၁)” ရဲ့ အဆက်ဖြစ်ပါတယ်။ အပိုင်း-၁ ကို မဖတ်ရသေးပါက ရှေးဦးစွာ ဝင်ရောက်ဖတ်ကြည့်ဖို့ရန် တိုက်တွန်းလိုပါတယ်။ “ကျေးဇူးတော်” ဆိုတဲ့ အရာဟာ နက်နဲပါတယ်။ ဒင်္ဂါးပြားတစ်ခုရဲ့ မျက်နှာပြင်လိုပါပဲ။ နှစ်ဖက်ရှိပါတယ်။ နှစ်ဖက် ရှိတယ်ပြောလို့ ဘုရားလုပ်ပေးတဲ့ ဘက် နဲ့ လူလုပ်ဆောင်ရမယ့် ဘက် ၂ ဖက်ပြည့်စုံမှ ကျေးဇူးတော်ဖြစ်တယ်လို့ ဆိုလိုတာ… Read More »လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း – ၂)

ဝိညာဥ်အစာ စားသုံးရာတွင် သတိပြုသင့်သည့် အရာများ

သမ္မာကျမ်းစာ ကို ဆင်ခြင်ဖတ်ရှုရတာ နဲ့ သမ္မာကျမ်းစာကို ကိုးကားအခြေခံပြီးရေးထားတဲ့ စာအုပ်တွေ ကို ဖတ်ရတာ ဘာကွာသလဲဆိုတော့….. ကိုယ်တိုင် အတွေ့အကြုံကို ပြောရမယ်ဆိုရင် သမ္မာကျမ်းစာကို ကိုးကားအခြေခံပြီးရေးထားတဲ့ စာအုပ်တွေကို ဖတ်တဲ့အခါ နားမလည်တဲ့ ကျမ်းစကားတွေကို တော်တော်များများနားလည်သလိုရှိလာတယ်။ ဒါပေမဲ့ ကိုယ့်ကို ဝိညာဉ်တော်က ဖွင့်ပြခြင်းထက် စကားပြေသက်သက်ကို ဦးနှောက် (logic) နဲ့ စဉ်းစားတွေးခေါ်ပြီး လက်ခံတယ်။… Read More »ဝိညာဥ်အစာ စားသုံးရာတွင် သတိပြုသင့်သည့် အရာများ

မေးခွန်းတိုင်း၏နောက်ကွယ်

“သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿဟာရဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော် သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင်ကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့်အပြစ် ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ဖြောင့်မတ် သောသူဖြစ်မည်အကြောင်းတည်း။” (ကောရိန်သုသြဝါဒစာ ဒုတိယစောင် ၅ : ၂၀-၂၁) ကျွနု်ပ်တို့သည် ကျိုးသင့်ကြောင်းသင့် ဆင်ခြင်တွေးခေါ်ခြင်း အထူးပင်လိုအပ်လျက်ရှိသော ကာလတွင်… Read More »မေးခွန်းတိုင်း၏နောက်ကွယ်

ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော

“သို့ဖြစ်လျှင်၊ ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေကြ၏။” (ရောမဩဝါဒစာ ၃ : ၃၁) “ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။” (ရောမဩဝါဒစာ ၄ : ၁၀) ဤဆောင်းပါးတွင် တမန်တော်ကြီး ရှင်ပေါလု ပြောသောစကားများနှင့် သက်ဆိုင်သောအရာများကို အစိမ်းရောင် ဖြင့် ဖော်ပြထားပြီး တမန်တော်ကြီး… Read More »ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော

Freedom and God's grace

လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း – ၁)

လွတ်မြောက်ခြင်း ဟာ အဖိုးအခ ပေးရပါတယ်။ လွတ်မြောက်ခြင်းတိုင်း အတွက် ပေးဆပ်ရတဲ့တန်ဖိုးကတော့ အသက်၊ သွေး၊ ချွေး၊ ဒုက္ခဆင်းရဲအား သည်းခံခြင်း စတာတွေ ပါဝင်ပါတယ်။ လွတ်မြောက်ခြင်း အသီးအပွင့်ကို ခံစားရတဲ့ သူတစ်ယောက်ဟာ သူဘယ်လောက်အထိ ဒီလွတ်မြောက်ခြင်းကို တန်ဖိုးထားသလဲ ဆိုတဲ့အချက်က သူခံစားနေရတဲ့ လွတ်မြောက်ခြင်းကို သူ့အတွက် ယူဆောင်ပေးခဲ့တဲ့ သူဟာ ဘယ်လောက်အထိ ခက်ခဲစွာ သွေးမြေကျပေးဆပ်ခဲ့ရသလဲ… Read More »လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း – ၁)

ယေဟောဝါသက်သေခံများသည် သန့်ရှင်းသော ဝိညာဥ်တော်ဘုရားကို ပုဂ္ဂိုလ်တော်အဖြစ် မကိုးကွယ်ပါ

သန့်ရှင်းသော ဝိညာဉ်တော်ဟူသည် အဘယ်နည်း။ ယေဟောဝါသက်သေခံများသည် သန့်ရှင်းသောဝိညာဥ်တော်ဘုရားကို ပုဂ္ဂိုလ်အဖြစ် မယုံကြည်၊ မကိုးကွယ်ကြပါ။ စွမ်းအားသက်သက်မျှသာဖြစ်သည်ဟု ခံယူကြပါတယ်။ ဒါကြောင့် သူတို့၏ကိုယ်ပိုင်ကျမ်းစာတွင် Holy Spirit ကို သန့်ရှင်းသော ဝိညာဥ်တော်လို့ မပြန်ဆိုဘဲ သန့်ရှင်းသောစွမ်းအားတော် လို့သာ ပြန်ဆိုထားသည်မှာ စိတ်မကောင်းစရာပါ။ သန့်ရှင်းသော ဝိညာဉ်တော်ဟာ ဘုရားသခင်ရဲ့ ဘုန်းတန်ခိုး သက်သက်ပဲဆိုတာ လုံးဝ မဟုတ်ပါဘူး။ သူကိုယ်တိုင်ဟာ… Read More »ယေဟောဝါသက်သေခံများသည် သန့်ရှင်းသော ဝိညာဥ်တော်ဘုရားကို ပုဂ္ဂိုလ်တော်အဖြစ် မကိုးကွယ်ပါ