Skip to content

Titus Kyaw Nyi

အိပ်ပျော်ရခြင်းနှင့် နိုးထရခြင်း

ကျွန်တော်တို့၏ နေ့ရက်များသည် တစ်ရက် တစ်ပတ် တစ်လနှင့် လများ ရက်များ နှစ်များသာ ကူးပြောင်းရင်း ဤလောကကြီးထဲတွင် လှုပ်ရှားရုန်းကန်နေကြသည်။ အိပ်ပျော်ရာမှ နိုးထခြင်းသာမက နိုးထရာမှ အိပ်ပျော်ခြင်းသည်လည်း နိစ္စဓူဝပင် … တခါတရံတွင် အိပ်ပျော်ခြင်းနှင့် နိုးထခြင်းသည်ပင်လျှင် ကျေးဇူးတော်ဆိုသည်ကို ကျွန်ုပ်တို့မေ့လျော့တတ်ကြသည်မဟုတ်ပါလား … ဒါဝိဒ်ကတော့ ရန်သူများ၏ ဝန်းရံခြင်း၊ လိုက်လံသတ်ဖြတ်ခြင်းများကြောင့် ရှောင်တိမ်းကာ ထွက်ပြေးပုန်းရှောင်နေရသော်လည်း “သူ၏… Read More »အိပ်ပျော်ရခြင်းနှင့် နိုးထရခြင်း

HYMN OF FAITH

အမေရိကန် စာရေးဆရာတစ်ဦးဖြစ်သည့် “William Faulkner” က “ဘုရားသခင် အတူမပါရှိသည့် အောင်မြင်ခြင်းသည် ပျက်ရယ်ပြုစရာ၊ လှည့်စားခြင်း ထင်ယောင်ထင်မှားဖြစ်ခြင်းဖြစ်သည် သို့သော် ဘုရားသခင် အတူပါရှိသော ရှုံးနိမ့်ခြင်းသည် ရှုံးနိမ့်ခြင်းမဟုတ်ပါ” ဟု ဆိုခဲ့ဖူးသည်။ ထိုစကားသည် ကျွန်တော့်၏ တသီးပုဂ္ဂလ ခံယူယုံကြည်ချက်နှင့်လည်း ထပ်တူကျသည်။ “Victory without God is mockery and delusion,… Read More »HYMN OF FAITH

ကယ်လွှတ်ခြင်းလမ်း၏ အစ

တရားသူကြီးမှတ်စာ အခန်းကြီး ၆ တွင်ကြည့်လျှင် အခြေအနေအရပ်ရပ်တို့ကြောင့် စိတ်ပျက်အားငယ်နေကြသည့် ဣသရေလအမျိုးသားများကို မြင်တွေ့ရပေလိမ့်မည်။ နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေ၊ ဖိနှိပ်ခြင်းများစွာနှင့် အသက်အန္တရာယ်ပေါင်းစုံတို့ကြောင့်လည်း အပါအဝင်ဖြစ်သည်။ မိဒျန်တို့၏ ရက်စက်ခြင်း၊ ယုတ်မာခြင်း၊ ထိုလူမဆန်သည့် အရိုင်းအစိုင်းများ၏ လုပ်ရပ်ပေါင်းများစွာတို့သည် အော့နှလုံးနာစရာဖြစ်သည်မှာ “ဣသရေလပြည်ကို ဖျက်ဆီးလျက်လာကြ၏” ဆိုသည်က သက်သေပင် … အသီးအနှံ စားစရာများအားဖျက်ဆီးခြင်း၊ သိုးမြည်း တိရစ္ဆာန်များအားလည်း ဖယ်ရှား… Read More »ကယ်လွှတ်ခြင်းလမ်း၏ အစ

ပဋိပက္ခ – ၁၃

သင်းအုပ်စာစောင်ဟု သတ်မှတ်လေ့ရှိသော တိမောသေ၊ တိတု စသည်တို့ကို မိမိနှင့် သိပ်မဆိုင်သကဲ့သို့ ခံယူတတ်ကြသည်။ သို့သော် ဤစာစောင်များသည် မိမိတို့အား တိုက်ရိုက် ပေးပို့ခြင်းမဟုတ်သော်လည်း ကျွန်ုပ်တို့၏ လက်ရှိခေတ်ကာလအခြေအနေတွင်၊ လက်ရှိအသက်တာတွင်၊ လက်ရှိအသင်းတော်တွင် စသည်ဖြင့် လက်တွေ့ မည်သို့ “Apply” လုပ်ရမည်ကိုတော့ ဆင်ခြင်ရပေလိမ့်မည်။ ထို့ကြောင့် ဤသင်းအုပ်စာစောင်မှ ပဋိပက္ခဆိုင်ရာ ရှုထောင့်တစ်ခုကို ထုတ်နှုတ်ဆွေးနွေးဖို့ရန် တင်ပြလိုက်ပါသည်။ #Must_Not_Strive
… Read More »ပဋိပက္ခ – ၁၃

THE ACCEPTABLE TIME

တစ်နေ့သ၌ ကျွန်ုပ်သည် မနက်ခင်းပိုင်းတစ်ခုတွင် ရထားအချိန်များဖော်ပြသည့် “Application” ကိုဝင်ကြည့်ကာ ဖုန်းပေါ်မှနာရီကိုလည်းကြည့်ရင်း ရထားအချိန်မီရန် ဘယ်အချိန်သွားရမည်ကို ခန့်မှန်းလိုက်သည်။ သို့နှင့် အချိန်မီအောင် တွက်ချက် ပြင်ဆင်ကာ လုပ်ဆောင်လိုက်သည်။ သို့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် ခန့်မှန်းထားသည့် အချိန်လောက် မထွက်ခွာနိုင်ဘဲ အနည်းငယ် နောက်ကျသွားခဲ့သည်။ တွက်ကြည့်လျှင်တော့ အချိန်မီနိုင်သေးသည် ဖြစ်သော်လည်း လမ်းတွင် မီးပွိုင့်မိခြင်း၊ လူ၊ ကား၊ ဆိုက်ကယ် စသည်တို့ကလည်း… Read More »THE ACCEPTABLE TIME

စာချွန်လွှာမှ မိန့်မှာစကား

ရောင့်ရဲခြင်းရှိတတ်စေရန် ရှင်ပေါလုသတိပေးခဲ့ရုံမျှမက ချမ်းသာသောသူ သို့တည်းမဟုတ် ငွေရတတ်သောသူများကိုလည်း မိန့်မှာထားခဲ့သည်မှာ “Command those who are rich” ဆိုသည့်စာသားသည် သက်သေပင် … အများသောအားဖြင့် ချမ်းသာသူများ၊ ငွေရတတ်သူများသည် မိမိတို့၏ ခွန်အားကြောင့်ဟု ထင်မြင်တတ်ကြသဖြင့် ထိုသို့မဖြစ်ကြစေရန်သော်လည်းကောင်း၊ မိမိတို့၏ ကြွယ်ဝချမ်းသာခြင်းများအပေါ်၌ ဂုဏ်ယူဝင့်ကြွားခြင်း၊ မာနထောင်လွှားခြင်း မရှိကြစေရန်လည်းသော်လည်းကောင်း၊ ဤသို့သောသူများသည် မိမိတို့၏ ပိုင်ဆိုင်မှုများအပေါ်၌သာ ကိုးစားတည်ဆောက်လေ့ရှိတတ်ကြသဖြင့်… Read More »စာချွန်လွှာမှ မိန့်မှာစကား

PERFORMANCE BASED FAITH

ကျွန်ုပ်တို့ ခရစ်ယာန်များတွင် မိမိ၏ လုပ်ဆောင်နိုင်ခြင်းအပေါ်၌ မူတည်တတ်သော အခြင်းအရာ အမျိုးမျိုးရှိတတ်ကြသည်။ ဤအရာများ၏ ဘေးထွက်ဆိုးကျိုးများကို ခေါင်းစဥ်ခွဲ၍ ဆွေးနွေးတင်ပြချင်ပါသည်။ #Salvation
 ဂလာတိဩဝါဒစာကိုကြည့်လျှင် စစ်မှန်သော ဧဝံဂေလိတရားအတွက် ရှင်ပေါလု၏ တိုက်လှန်ခြင်းကိုတွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ထိုလူများသည် မိမိတို့၏ လုပ်ဆောင်ခြင်းများအပေါ်၌ မူတည်၍ ဆိုတတ်ကြသော ဧဝံဂေလိတရားများကြောင့်ပင် … ကယ်တင်ခြင်း “Salvation” နှင့်ပတ်သတ်၍ “Performance based… Read More »PERFORMANCE BASED FAITH

FLEE AND PURSUE

“For the love of money is the root of all evil” ငွေတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့၏ မူလအမြစ်ဟုဆိုသည်ကို တိမောသေဩဝါဒစာတွင် တွေ့ရသည်။ ထို့အပြင် ငွေအား လွန်ကျူးစွာတပ်မက်ခြင်းသည် ယုံကြည်ခြင်းလမ်းမှပင် လွဲသွားစေတတ်သည်ကိုလည်း သတိထားဖို့ရန် မှာကြားထားပေသည်။ ဤကမ္ဘာလောကကြီးထဲတွင်ရှိသော ကျွန်ုပ်တို့သည် ငွေကြေးလိုအပ်သည်မှာ မှန်ပါသည် သို့သော် ထိုငွေကိုသာ မြင်တတ်ခြင်း၊… Read More »FLEE AND PURSUE

သူတောင်းစားလို မကြည့်နဲ့

တမန်တော်ဝတ္ထု အခန်းကြီး ၃ တွင် လူတစ်ဦးအကြောင်းကို တွေ့ရပေသည်။ ထိုသူသည် ခြေမစွမ်းသောသူဖြစ်သည်။ “အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူ” ဟုလည်း မှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်။ လမ်းမလျှောက်နိုင်သောကြောင့် သူတပါး၏ ထမ်းခေါ်လာပေးခြင်းအားဖြင့် သွားလာရသူလည်းဖြစ်သည်။ ထိုသို့နှင့် တင့်တယ်အမည်ရှိသော တံခါးနားသည် သူ၏ဘိ သူ၏နေရာ ဟုပင်ဆိုပေအံ့ … ထိုနေရာအား အပီအပြင်တပ်ဆွဲထားခြင်းမှာ တောင်းစားရန်ပင်ဖြစ်သည်။ ဗိမာန်တော်သို့ လာသမျှသောသူတို့ထံမှ တောင်းစားရန်မှာ သူ၏… Read More »သူတောင်းစားလို မကြည့်နဲ့