Skip to content

Titus Kyaw Nyi

ခရစ်ယာန်များသို့ ပေးစာ

ခရစ်ယာန်လောကတွင် “မျက်နှာကြီးရာ ဟင်းဖတ်ပါ” ၊ “နာမည်ကြီးလေ လူပိုများလေ” ၊ “စိုပြီးသားနေရာ ရေပိုပိုလောင်းခြင်း” ဟူသည့်အဖြစ်အပျက်များစွာ ရှိတတ်ပေသည်။ တခါတရံတွင် ထိုအဖြစ်များစွာကြောင့် တကယ်လိုအပ်သည့်နေရာများသို့ မရောက်ရှိတတ်သည်ကိုလည်း သတိပြုသင့်သည်။ ယခုခေတ်သည် ဆိုရှယ်မီဒီယာ အင်မတန်အားကောင်းသောခေတ်ဟု ဆိုရလျှင်လည်း မမှားပါ။ ဤအခြေအနေသည်ပင်လျှင် အတန်းရှင်း “Attention” လိုချင်သူများအတွက် အားသာချက်တစ်ခုဟု ဆိုရလေမလား … အယူလွဲများ၊ ကျန်းမာချမ်းသာ… Read More »ခရစ်ယာန်များသို့ ပေးစာ

SELF EVALUATION – 6

တခါတရံတွင် အမှတ်မထင် စနောက်ခြင်း သို့တည်းမဟုတ် ဘာရယ်မဟုတ် စကားရှာကာ နှုတ်ဆက်ပြောမိခြင်းအချို့ကြောင့် တဖက်လူ၏ အထင်လွဲခြင်းများကို ခံရတတ်သကဲ့သို့ စိတ်မကောင်းဖြစ်စေခြင်းကိုလည်း ဖြစ်ကောင်းဖြစ်စေတတ်ပေသည်။ ထို့ကြောင့် ကျွန်တော်တို့၏ အသက်တာထဲတွင် မိမိ၏ပြောဆိုမိခဲ့သော ထိုအချိန်များကိုလည်း ပြန်လည်သုံးသပ်ကာ ဆင်ခြင်ခြင်းသည် အရေးကြီးသောအခန်းက္ဍတစ်ရပ်ပင် … ခန့်မှန်းအရ မှတ်မိသလောက်ဆိုရလျှင်၂၀၁၉ ခုနှစ်ဝန်းကျင်တွင် ဖိတ်ကြားမှုတစ်ခုကြောင့် “Hotel” တစ်ခု၌ ပြုလုပ်သော “IT” ပညာရပ်ပိုင်းဆိုင်ရာ… Read More »SELF EVALUATION – 6

ပဋိပက္ခ – ၂၃

လျှာဟူသည်သေးငယ်သော အစိတ်အပိုင်းဖြစ်သော်လည်း ထိုလျှာကြောင့် သပွတ်အူပမာ ပဋိပက္ခများဖြစ်ရခြင်း၊ မိတ်ပျက်ရခြင်း၊ ပျက်ဆီးဆုံးရှုံးခြင်းများဖြစ်ရခြင်း စသဖြင့် အနှုတ်လက္ခဏာဘက်သို့ ရောက်ရှိစေသကဲ့သို့ ထိုလျှာကြောင့်ပင်လျှင် စိတ်နှလုံးသက်သာစေခြင်း၊ အနာကိုပင်ပျောက်စေခြင်း၊ ရွှင်လန်းစေရခြင်းကဲ့သို့သော အပေါင်းလက္ခဏာဘက်သို့လည်း ရောက်ရှိစေတတ်သည်ကို ကျွန်ုပ်တို့ အသိပင် … သို့သော်လည်း စိတ်နှလုံး၏ စေရာ၊ လျှာ၏ အုပ်ထိန်းမှုအောက်၌ မချုပ်တည်းနိုင်သဖြင့် သေစေတတ်သော အဆိပ်အတောက်ကို သွန်းလောင်းစေမိတတ်ကြပေသည်။ ယင်းအခြေအနေကြောင့် မီးကဲ့သို့လောင်မြိုက်သော… Read More »ပဋိပက္ခ – ၂၃

လဲသော်လည်း ထဦးမည်

လောကတွင် တွေ့ကြုံရတတ်သော ခက်ခဲခြင်းများ၊ ဒုက္ခပြဿနာများ၊ နာကျင်ခြင်းများ စသည့် “Suffering” များကို ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များသည် ကြုံတွေ့ခံစားရနိုင်ပါသည်။ ကိုယ်စီကိုယ်စီ သက်ဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပင်ဖြစ်စေ အမျိုးမျိုးသော ကျရှုံးရခြင်းများကြောင့် စိတ်ပျက်အားငယ်နေရသည့် အချိန်များကိုလည်း ခံစားရသည့် အခိုက်အတန့်သည် စိတ်ညစ်စရာပင် … မိတ်ဆွေ သင်လဲကျနေသလား …ဆုံးရှုံးမှုတွေကြားထဲ စိတ်ပျက်နေသလား … ဘဝကို… Read More »လဲသော်လည်း ထဦးမည်

ပဋိပက္ခ-၂၂

မနာလိုခြင်းတည်းဟူသော စိတ်နှလုံးသည် လမ်းမှားကို ရောက်စေတတ်သကဲ့သို့ မှားနေကြောင်းကို မပြင်လိုသည့် လည်ပင်းခိုင်မာသည့် စိတ်နှလုံးသည်လည်း ထိုနည်း၎င်းပင် … တခါတရံတွင် မှားယွင်းကြောင်းကိုပင် မသိနိုင်လောက်အောင် ဖုံးကွယ်တတ်စေသည်မှာလည်း မနာလိုခြင်းပင် … ကာဣန၏ စိတ်သဘောကို ဆင်ခြင်ကြည့်လျှင် ကိုယ့်အလုပ် သူ့အလုပ် ကိုယ်စီကိုယ်စီနှင့် ညီအကိုချင်း အဆင်ပြေနေပါသော်လည်း နှစ်ဦးသား အတူတူတွဲ၍ လုပ်ဆောင်ကြသည့် ယဇ်ပူဇော်ခြင်းတွင်တော့ မိမိ၏ လိုအပ်ချက်ကိုပင်… Read More »ပဋိပက္ခ-၂၂

SHUN

ရှင်ပေါလု၏ သတိပေးစကားများထဲတွင် စစ်မှန်သည့် သမ္မာတရားနှင့်သက်ဆိုင်လျှင် ခုခံကာကွယ်ရမည်ဆိုသည့် အမှားအယွင်းမခံသောအရာကို မြင်တွေ့ရသကဲ့သို့ အရေးမကြီးသည့်  အသေးအမွှားကိစ္စများကိုတော့ ငြင်းခုံရန်မလိုအပ်သည့်နှယ် ခြားနားခြင်းများကိုတွေ့ရပေသည်။ တိမောသေဩဝါဒစာ ဒုတိယစောင် ၂:၁၆ တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည်။ ရှင်ပေါလုသည် သူ၏ သားတပည့်ဖြစ်သူ တိမောသေအား သတိထားရန် အသေအချာမှာနေခြင်းသည် “သင်၌ အပ်ထားသောအရာကို… Read More »SHUN

ငါတို့သည် သင်တို့ကဲ့သို့

တမန်တော်ဝတ္ထုတွင် ရှင်ပေါလုနှင့် ဗာနဗတို့အား လူအများ၏ အမြင်တွင် နတ်ဘုရားသဖွယ် ထင်မှတ်မိကြသည့် အဖြစ်အပျက်တစ်ခုရှိခဲ့ဖူးသည်။ အကြောင်းမှာ လုတ္တရမြို့တွင် ခြေမစွမ်းသူတစ်ဦး၏ ကျန်းမာခြင်းရသွားသည်ကို ရှင်ပေါလု၏ အစွမ်းကြောင့်ဟု ယူဆကြဟန်တူပေသည်။ “နတ်ဘုရားတို့သည် လူယောင်ဆောင်၍” ဟူသည့်အချက်သည် ထိုလူအများတို့၏ စိတ်နှလုံးအတွင်း၌ အစွမ်းတန်ခိုးကိုသာ မျှော်လင့်ခြင်းကြောင့်များလား၊ မိရိုးဖလာ နတ်ကိုးကွယ်မှုကြောင့်များလား၊  သို့တည်းမဟုတ် ထိုမြို့၏ ယဥ်ကျေးမှု ဓလေ့ထုံးနန်းလွှမ်းမိုးမှုများကြောင့်ပင်လား … ပေါလု၏… Read More »ငါတို့သည် သင်တို့ကဲ့သို့

SELF EVALUATION – 5

တနေ့တွင် ကျွန်တော်နှင့် ညီအကိုတစ်ယောက်သည် သီချင်းဖွင့်ထားကာ နားထောင်နေရင်းနှင့် စာသား၌ပါရာ အကြောင်းအရာအချို့ကိုလည်း စနောက်ရင်း … သီချင်းအကြောင်းပြောဆိုနေခဲ့ကြသည်။ သို့နှင့် မာရဇ္ဇ၏ အသံပါဝါပြင်းစွာဖြင့် မေးလိုက်သော မေးခွန်းတစ်ခုကို ကျွန်တော်တို့နှစ်ယောက်လုံး ကြားလိုက်ရပေသည်။ ထိုမေးခွန်းသည် “တကယ်အလေးအနက်ထားပြီး ငါ့ကိုချစ်ရဲ့လား” ဟုပင် … ဤသို့နှင့် တပြိုင်နက်တည်းတွင် ထိုညီအကိုသည် သူ့အမျိုးသမီးအား ဤသီချင်း၏ မေးခွန်းကို ဆိုပြခဲ့ဖူးသည်ကို ပြန်လည်ပြောပြလေသည်။… Read More »SELF EVALUATION – 5

SELF EVALUATION – 4

“မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” ဆိုသည့် ဆိုရိုးလေးအတိုင်းပင် မမှားဖူးသည့် လူရယ်ဟု ရှိမည်မထင်ပါ။ မိတ်ဆွေလည်း မှားဖူးသကဲ့သို့ ကျွန်ုပ်သည်လည်း မှားမိဖူးပါသည်။ သို့သော် အရေးကြီးသည်မှာတော့ ဆက်မမှားဖို့ရန် သို့တည်းမဟုတ် ထပ်မမှားတော့ရန်ဖြစ်ချေသည် မဟုတ်ပါလား … လူမှန်လျှင် အမှားနှင့် မကင်းကြဘူးဟု ဆိုတတ်ကြပေသော်ငြားလည်းပဲ အမှားကို အမှားမှန်းမသိလျှင်တော့ မည်သို့မှ ပြင်နိုင်လိမ့်မည်ဟု မထင်ပါ။ အချို့သောအရာများ၌… Read More »SELF EVALUATION – 4