Skip to content

Titus Kyaw Nyi

သခင့်စေစားရာ လက်တစ်စုံ

နာကျင်နေရသည့် ကာလ၊ ငိုကြွေးနေရသည့် အချိန်၊ ခံစားနေရသည့် နာရီပေါင်းများစွာတို့သည် တရွေ့ရွေ့နှင့် ကြာရှည်လွန်းလှသည်မှာ ကျွန်ုပ်တို့အသိပင် … မတရားသဖြင့် ခံရခြင်း၊ အဓမ္မတရားအောက်၌ ခေါင်းငုံ့ခံနေရခြင်း စသဖြင့် အမျိုးမျိုးသော “Abusive” လက္ခဏာများနှင့် ရင်ဆိုင်နေရခြင်းတို့သည် နာကျင်လွန်းရသည်မှာလည်း အထူးပြောစရာတော့ လိုမည်မထင် … မဖြစ်နိုင်တော့ဘူးလား၊ မတတ်နိုင်တော့ဘူးလား၊ ဘာမှထူးမလာတော့ဘူးလား ဟု မေးခွန်းများစွာနှင့် အဖြေမရှိသော မျှော်လင့်ချက်မဲ့သရောင်… Read More »သခင့်စေစားရာ လက်တစ်စုံ

ထွက်ပေါက်

သူ့အတိုင်း သူ့အထွာအလျောက် စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနွယ်မှုတို့သည် ကျွန်ုပ်တို့အားလုံး၌ ရှိတတ်ကြသည်မှာ ငြင်းဆိုရန်အကြောင်းတော့ ရှိမည်မထင် … ထိုအမှုအရာများထဲမှ တခါတရံတွင် အားမသန် မာန်လျှော့ရသည့် အခိုက်အတန့်တို့သည် ကျွန်ုပ်တို့၏ “Emotion” ကို များစွာ လှုပ်နှိုးစေတတ်သေး၏။ ထိုစိတ်ခံစားချက်သည် သိမ်ငယ်စိတ်လည်း ဖြစ်နိုင်သလို၊ အားငယ်စိတ်၊ စိတ်ဓါတ်ကျစိတ်များလည်း ဖြစ်နိုင်သေးသည်။ ထိုနည်းတူ ၎င်းစိတ်ခံစားချက်များမှ အခြေခံ၍ အလိုမကျဖြစ်ကာ… Read More »ထွက်ပေါက်

ငါ၏သိုးထိန်း

သိုးထိန်းနှင့် သိုးတို့၏ ဆက်နွယ်မှု ဆက်ဆံရေးသည် အင်မတန်နက်ရှိုင်းလှသည်။ သိုးသည် သခင်၏ အသံကိုသာ နားထောင်တတ်သကဲ့သို့ သိုးထိန်းသည်လည်း သူ၏ သိုးအတွက် အသက်ကိုပင် ပေးတတ်သူဖြစ်သည်။ ဆာလံဆရာ၏ ပြောင်မြောက်လှသော လက်ရာတစ်ခုဖြစ်သည့် “ဆာလံ-၂၃” သည် သိုးတစ်ကောင်၏ ရှုထောင့်နှင့် သိုးထိန်းတစ်ယောက်၏ ရှုထောင့် အပြန်အလှန်ဆက်နွယ်နေသည်ကိုလည်း အထင်းသား မြင်တွေ့ခံစားရပေသည်။ စိမ်းလန်းသော ကျက်စားရာအရပ်၊ သာယာသော မြစ်နား၊… Read More »ငါ၏သိုးထိန်း

ပြတ်တောက်ခြင်းများထဲမှ မပြတ်တောက်ခြင်း

အာခန်၏ တပ်မက်ခြင်းကြောင့် ယောရှုတို့၏ အောင်မြင်ခြင်း ပြတ်တောက်ခဲ့ရသည်။ သို့သော် ဘုရားသခင်နှင့် မပြတ်တောက်ခဲ့ကြ … ရှမာရိမြို့အား ရှုရိစစ်တပ်၏ ကြာမြင့်စွာ ဝိုင်းထားခြင်းကြောင့် ရှမာရိမြို့၌ အစာရေစာ ပျက်တောက်ခဲ့ရသည်။ သို့သော် … ရှင်ပေါလုအား ဧဝံဂေလိတရားကြောင့် ဖမ်းဆီးထောင်ချရာတွင်လည်း သူ၏ လွတ်လပ်ခွင့်များ ပြတ်တောက်ခဲ့ရသည်။ သို့သော် … ထိုနည်းတူ ခေတ်အဆက်ဆက်မှ အသင်းတော်သမိုင်းတောက်လျှောက်တွင် ရှေးဘိုးဘေးများ၊… Read More »ပြတ်တောက်ခြင်းများထဲမှ မပြတ်တောက်ခြင်း

အလိုအပို မရှိ

တခါတလေမှာ မြင်နေရတဲ့အရာပေါ်ကို မူတည်ပြီး ဘုရားသခင်အသုံးပြုတယ် မပြုတယ်ကို ဆုံးဖြတ်မိတတ် တွေးထင်မိတတ်ကြတယ်။ မျက်မြင်ရတဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်မှုတွေနဲ့ တိုင်းတာခြင်း၊ အခြေအနေ နေရာဒေသတွေနဲ့ တိုင်းတာခြင်း၊ ပိုင်ဆိုင်မှု ဂုဏ်ဓန ဘာညာတွေနဲ့ တိုင်းတာခြင်းတွေကို အမျိုးမျိုးလုပ်တတ်ပြီး ဒီလိုတွေကမှသာ ဘုရားသခင် အရမ်းအသုံးပြုတာလို့ ထင်မိတတ် ယူဆမိတတ်ကြပြန်တယ်။ မြို့ပြက ဆရာကိုကြည့်ပြီး တောရွာက ဆရာကို မေ့၊ ဟိုဒီလှုပ်ရှားတဲ့… Read More »အလိုအပို မရှိ

အလိုတော်နှင့်ညီသော ဆုတောင်း

ကျွန်တော်တို့ခရစ်ယာန်များသည် ဆုတောင်းတတ်ကြသူများဖြစ်ကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ဆုတောင်းခြင်းဆိုသည်မှာ ဘုရားသခင်နှင့် စကားပြောခြင်းလည်းဖြစ်သည်။ ခရစ်ယာန်တိုင်း ခရစ်ယာန်တိုင်း ဆုတောင်းဖူးကြပေလိမ့်မည်ဖြစ်သကဲ့သို့ ဆုမတောင်းဖူးသည့် ခရစ်ယာန်ဟူ၍လည်း ရှိမည်မထင်ပါ … တခါတရံတွင် ဆုတောင်းခြင်းအား အစပြုရန် စာတတန် ပေတတန်နှင့် ခေါ်ဆိုအစပြုနေခြင်းသည် လူရွှင်တော်များ၏ အငြိမ့်မင်းသမီးအား ရှေ့ထွက်လာရန် ခေါ်ဆိုနေကြခြင်းအလား … တခါတရံတွင်လည်း ဆုတောင်းရန် နေရာထိုင်ခင်းအား ဗဟိုပြုမိတတ်ကြပြန်သည်။ အဆင်ပြေမည့် အရပ်ဖြစ်မှသာ… Read More »အလိုတော်နှင့်ညီသော ဆုတောင်း

ခိုင်ခံ့စေပါ

ပန်းကန်ဆေးဖို့ရာ ရေဖွင့်လိုက်သည်နှင့် ရေပူများထွက်ကျလာခဲ့လေသည်။ ရေပူများဖွင့်ထားမိသလားဟု မိမိတွေးလိုက်မိသေးသော်လည်း ထိုသို့မဟုတ်။ ပူလွန်းနေသည်တော့မဟုတ်သော်ငြားလည်း နွေးနွေးကလေးတော့ဖြစ်နေလေသည်။ ပုံမှန်ရေများသည် ရေပူမဖွင့်ထားလျှင် အေးနေတတ်သော်လည်း ယခုနွေးနေသည်။ အကြောင်းမှာ အပြင်ဘက်မှ ရာသီဥတုကြောင့်ပင် … အပူချိန်မည်မျှရှိသည်ကို တိတိကျကျမသိသော်လည်း သေချာသည်မှာတော့ အပြင်ဘက်တွင် ပူလွန်းနေခဲ့ပြီ။ နွေးဦးမို့ လေရူးတွေပင်တိုက်နေသည့်အလား … “Spring” မို့ပင်ဖြစ်မည်။ ထို့ကြောင့်လည်း ရေပူမဖွင့်ထားသော်လည်း ပိုက်လိုင်းတလျှောက်စီးလာသော ရေများသည်… Read More »ခိုင်ခံ့စေပါ

ယေဟောဝါ ရာဖ

ရှင်မာကု အခန်းကြီး ၅ တွင် တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲသော အမျိုးသမီးတစ်ဦးအား မြင်တွေ့ရသည်။ ထိုအမျိုးသမီး၏ အခြေအနေသည် “မျှော်လင့်ချက်မရှိ၊ လမ်းဆုံးနေသောသူ၊ နာကျင်နေရသူ၊ အထီးကျန်နေရသူ၊ အဖော်မဲ့နေသူ” … နည်းလမ်းမျိုးစုံနှင့် သမားတော်ပေါင်းများစွာတို့နှင့် စမ်းသပ်ကုသခဲ့ပြီးပြီဖြစ်သော်လည်း အားလုံး၏ ခေါင်းခါ လက်လျှော့ခြင်းကို ခံခဲ့ရသူဆိုရင်လည်း မမှားပါချေ။ စည်းစိမ်လည်းကုန်၊ အချိန်ကုန် လူပန်းဖြစ်ခဲ့ရကာ လုံးပါးပါးရင်း “စိတ်ပိုင်းဆိုင်ရာနာကျင်မှု (Emotional… Read More »ယေဟောဝါ ရာဖ

ပဋိပက္ခ – ၂၄

ကျွန်တော်တို့သည် နားထောင်ချင်ရာနားထောင်တတ်သည့် ဓလေ့၊ တစ်ဖက်သတ်နားယောင်မိတတ်သည့် ထုံးစံတို့နှင့် ပြောချင်ရာပြောတတ်ကြသည့် ပါးစပ်ပေါက်များအား ပိုင်ဆိုင်ထားတတ်ကြသည်။ ဤသည်မှာ ကြီးမားသော ပဋိပက္ခတစ်ခုအား ပေါ်ပေါက်လာစေတတ်သော အန္တရာယ်တစ်ခုပင် …  ကျွန်ုပ်တို့တွင် နားနှစ်ဖက်၊ ပါးစပ်ပေါက်တစ်ပေါက် ကိုယ်စီကိုယ်စီရှိကြသည်။ အကြောင်းမှာ နှစ်ဖက်စကားအား နားထောင်တတ်စေရန်နှင့် လိုအပ်ရာကိုသာ ပြောစေတတ်ရန်ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့သည် ထိုနားနှစ်ဖက်နှင့် မိမိနားထောင်ချင်ရာသာ နားထောင်ခြင်း၊ တဖက်သတ်စကားကိုသာ နားယောင်ခြင်းနှင့်… Read More »ပဋိပက္ခ – ၂၄