Skip to content

Titus Kyaw Nyi

GODLY FRIENDS

၁ ခုမြောက်သော ဆာလံအား ဥာဏ်ပညာပိုင်းဆိုင်ရာဆာလံ “Wisdom Psalm” ဟုလည်း ခေါ်ဆိုကြသည်။ ထိုဆာလံသည် ကျွန်ုပ်တို့၏ဘဝအတွက် ဘုရားသခင်ထံမှလာသော လမ်းညွှန်ချက်ဟုပင် ဆို၍လည်း ရပေသေး၏။ ကျွန်ုပ်တို့၏ ရွေးချယ်ခြင်း၊ ရပ်တည်ခြင်းများအပေါ်၌ ရရှိလာနိုင်မည့် မင်္ဂလာ သို့တည်းမဟုတ် ဆုံးရှုံးခြင်းတည်းဟူသော အမင်္ဂလာပင် … မတရားသောသူတို့၏ တိုက်တွန်းခြင်း၊ လမ်းညွှန်ခြင်း၊ လူဆိုးလူမိုက်တို့၏ ဓလေ့ထုံးစံ၊ အဓမ္မလူတို့၏ တိုင်ပင်… Read More »GODLY FRIENDS

JESUS CHRIST

မှားယွင်းသောဩဝါဒများထဲတွင် ယေရှုခရစ်တော်အား ခွဲခြမ်းစိတ်ဖြာခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုအယူလွဲမိစ္ဆာများသည် ယေရှုတစ်ဖြစ်လဲ ခရစ်တော် သို့တည်းမဟုတ် ယေရှုနှင့် ခရစ်တော် တနည်းဆိုရလျှင် ကားတိုင်မတက်ခင်တွင် ယေရှုဖြစ်ကာ ကားတိုင်တက်ပြီး ရှင်ပြန်ထမြောက်သည့်နောက် ခရစ်တော်ဟု ကင်ပွန်းတပ်ကာ နှစ်ကိုယ် သုံးကိုယ် ခွဲလေ့ရှိကြသည်။ ထိုသို့ အယူလွဲမှားခြင်းသည် အစောပိုင်းကာလများဖြစ်ကြသော ကနဦးအသင်းတော်ကာလ “1st century” ပထမရာစုနှစ်လောက်ကတည်းက ပေါ်ပေါက်ခဲ့ကြသည့်အပြင် အသင်းတော်ဖခင်ကြီးများသည်လည်း ယုံကြည်ခြင်းနှင့်… Read More »JESUS CHRIST

မြင်ရဲ့လား

ကောင်းသောရှမာရိ ပုံဥပမာအား ကျွန်ုပ်တို့အားလုံး သိကြသကဲ့သို့ ထားပြနှင့်တွေ့ကြုံရသော ဒဏ်ရာများနှင့်ခရီးသွား၊ ယဇ်ပရောဟိတ်၊ လေဝိလူ၊ ရှမာရိလူ စသဖြင့် ပြန်၍လည်း ပြောပြနိုင်သည်ဟုပင် ဆိုရပေဦးမည်။ကောင်းသောရှမာရိ ကောင်းသောရှမာရိဟု တသသပြောဆိုကာ ခွန်အားယူလျက် ထိုကျမ်းချက်အား ခဏခဏ ဖတ်ခဲ့ကြသည့် နေ့ရက်များသည် မည်မျှများပေလိမ့်မည်နည်း … သို့သော်လည်း ကျွန်ုပ်တို့သည် တခါတရံတွင် ဖြစ်ချင်တော့ မင်းသား၊ ဖြစ်နေတာက ဗီလိန် ဟုသာ… Read More »မြင်ရဲ့လား

အောက်မေ့ခြင်း အလင်္ကာ

ဒါဝိဒ်ကြီး၏ ဆင်ခြင်အောက်မေ့ခြင်းများသည် ကျွန်ုပ်တို့အတွက်တော့ အင်မတန်အတုယူဖွယ်ကောင်းလှသည်။ အခြေအနေအမျိုးမျိုးကြားထဲမှ သူ၏ ရင်တွင်းဖြစ် ဆာလံများသည် ထင်းကနဲ ဝင်းကနဲ တောက်ပလျက်ရှိနေသည်ကို လက်ခံကြမည်ထင်ပါသည်။ ထိုကဲ့သို့ မြည်တမ်းခြင်းများ၊ ဆင်ခြင်အောက်မေ့ခြင်းများ၊ ချီးမွမ်းခြင်းများ စသဖြင့် အဖွဲ့အနွဲ့ အရေးအသားတို့သည် ကျွန်ုပ်တို့အတွက်တော့ ခွန်အားယူပြီးရင်း ယူနေရသည့် ဆာလံတေးသီချင်းများပင် … ဒါဝိဒ်၏ “Metaphor” အလင်္ကာဖွဲ့နွဲ့ကာ ဆင်ခြင်အောက်မေ့ခြင်းတို့တွင် သိုးနှင့် သိုးထိန်းသည်… Read More »အောက်မေ့ခြင်း အလင်္ကာ

သခင်သိတယ်

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ တွင် အမျိုးသမီးတစ်ဦးအကြောင်းကို တွေ့ရပေသည်။ သူမသည် တဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုးစွဲသဖြင့် နာမကျန်းခြင်းများစွာ၊ ရောဂါနှိပ်စက်မှုများစွာတို့ကို နှစ်ရှည်လများ ခံစားနေခဲ့ရသူပင် … ထိုအဖြစ်ကြောင့်လည်း ကျောကုန်း၍ ကိုယ်ကိုအလျှင်းမဆန့်နိုင်ဟု မှတ်တမ်းတင်ထားသည်ကို မြင်တွေ့ရနိုင်သည်။ တနည်းအားဖြင့်ဆိုရလျှင် အရှေ့ကိုပင် တည့်တည့်ကြည့်ရန်ခက်ခဲသည့် အခြေအနေ၊ လမ်းပင် တည့်တည့်မတ်မတ် မလျှောက်နိုင်သည့် အဖြစ်ဟုသာ ဆိုရပေဦးတော့မည်။ လူအများကြားထဲမှာပင် အဖော်မဲ့နေသော… Read More »သခင်သိတယ်

သခင့်စေစားရာ လက်တစ်စုံ

နာကျင်နေရသည့် ကာလ၊ ငိုကြွေးနေရသည့် အချိန်၊ ခံစားနေရသည့် နာရီပေါင်းများစွာတို့သည် တရွေ့ရွေ့နှင့် ကြာရှည်လွန်းလှသည်မှာ ကျွန်ုပ်တို့အသိပင် … မတရားသဖြင့် ခံရခြင်း၊ အဓမ္မတရားအောက်၌ ခေါင်းငုံ့ခံနေရခြင်း စသဖြင့် အမျိုးမျိုးသော “Abusive” လက္ခဏာများနှင့် ရင်ဆိုင်နေရခြင်းတို့သည် နာကျင်လွန်းရသည်မှာလည်း အထူးပြောစရာတော့ လိုမည်မထင် … မဖြစ်နိုင်တော့ဘူးလား၊ မတတ်နိုင်တော့ဘူးလား၊ ဘာမှထူးမလာတော့ဘူးလား ဟု မေးခွန်းများစွာနှင့် အဖြေမရှိသော မျှော်လင့်ချက်မဲ့သရောင်… Read More »သခင့်စေစားရာ လက်တစ်စုံ

ထွက်ပေါက်

သူ့အတိုင်း သူ့အထွာအလျောက် စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနွယ်မှုတို့သည် ကျွန်ုပ်တို့အားလုံး၌ ရှိတတ်ကြသည်မှာ ငြင်းဆိုရန်အကြောင်းတော့ ရှိမည်မထင် … ထိုအမှုအရာများထဲမှ တခါတရံတွင် အားမသန် မာန်လျှော့ရသည့် အခိုက်အတန့်တို့သည် ကျွန်ုပ်တို့၏ “Emotion” ကို များစွာ လှုပ်နှိုးစေတတ်သေး၏။ ထိုစိတ်ခံစားချက်သည် သိမ်ငယ်စိတ်လည်း ဖြစ်နိုင်သလို၊ အားငယ်စိတ်၊ စိတ်ဓါတ်ကျစိတ်များလည်း ဖြစ်နိုင်သေးသည်။ ထိုနည်းတူ ၎င်းစိတ်ခံစားချက်များမှ အခြေခံ၍ အလိုမကျဖြစ်ကာ… Read More »ထွက်ပေါက်

ငါ၏သိုးထိန်း

သိုးထိန်းနှင့် သိုးတို့၏ ဆက်နွယ်မှု ဆက်ဆံရေးသည် အင်မတန်နက်ရှိုင်းလှသည်။ သိုးသည် သခင်၏ အသံကိုသာ နားထောင်တတ်သကဲ့သို့ သိုးထိန်းသည်လည်း သူ၏ သိုးအတွက် အသက်ကိုပင် ပေးတတ်သူဖြစ်သည်။ ဆာလံဆရာ၏ ပြောင်မြောက်လှသော လက်ရာတစ်ခုဖြစ်သည့် “ဆာလံ-၂၃” သည် သိုးတစ်ကောင်၏ ရှုထောင့်နှင့် သိုးထိန်းတစ်ယောက်၏ ရှုထောင့် အပြန်အလှန်ဆက်နွယ်နေသည်ကိုလည်း အထင်းသား မြင်တွေ့ခံစားရပေသည်။ စိမ်းလန်းသော ကျက်စားရာအရပ်၊ သာယာသော မြစ်နား၊… Read More »ငါ၏သိုးထိန်း

ပြတ်တောက်ခြင်းများထဲမှ မပြတ်တောက်ခြင်း

အာခန်၏ တပ်မက်ခြင်းကြောင့် ယောရှုတို့၏ အောင်မြင်ခြင်း ပြတ်တောက်ခဲ့ရသည်။ သို့သော် ဘုရားသခင်နှင့် မပြတ်တောက်ခဲ့ကြ … ရှမာရိမြို့အား ရှုရိစစ်တပ်၏ ကြာမြင့်စွာ ဝိုင်းထားခြင်းကြောင့် ရှမာရိမြို့၌ အစာရေစာ ပျက်တောက်ခဲ့ရသည်။ သို့သော် … ရှင်ပေါလုအား ဧဝံဂေလိတရားကြောင့် ဖမ်းဆီးထောင်ချရာတွင်လည်း သူ၏ လွတ်လပ်ခွင့်များ ပြတ်တောက်ခဲ့ရသည်။ သို့သော် … ထိုနည်းတူ ခေတ်အဆက်ဆက်မှ အသင်းတော်သမိုင်းတောက်လျှောက်တွင် ရှေးဘိုးဘေးများ၊… Read More »ပြတ်တောက်ခြင်းများထဲမှ မပြတ်တောက်ခြင်း