ကြား၍ နားထောင်သောသူ
ရှင်ယာကုပ်ဩဝါဒစာတွင် “ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့” ဟုတွေ့ရပေသည်။ ထိုအရာသည် တနည်းအားဖြင့်ဆိုရလျှင် နှုတ်ကပတ်တော် တရားစကားကို ကြားသောသူ၊ နောက်တနည်းဆိုရလျှင် သခင်ယေရှုခရစ်တော်၏စကားကို ကြားသောသူသည် နားထောင်ရန်လိုသည်ဟုဆိုပေအံ့။ ထို့ကြောင့်လည်း သခင်ကိုယ်တိုင် ပြောသောစကားကို ကြားလျှက် နားထောင်သောသူမည်သည်ကို ပညာရှိဟုပင်ဆိုထားသည်ကို ရှင်မဿဲအခန်းကြီး ၇ တွင်တွေ့ရပေသည်မဟုတ်ပါလား။ ထိုပညာရှိသည် သူ၏အသက်တာကို ကျောက်တည်းဟူသော သခင်ယေရှုခရစ်အပေါ်၌သာ တည်ဆောက်တတ်သည်။… Read More »ကြား၍ နားထောင်သောသူ