Skip to content

Titus Kyaw Nyi

စပျစ်ဥယျာဥ်သိမ်းယူခြင်းမှ သင်ခန်းစာ

နာဗုတ်၏ ပိုင်ဆိုင်​သော စပျစ်ဥယျာဥ်ကို ရှင်ဘုရင်အာဟပ်သည် အင်မတန်မျက်စိကျသဖြင့် ​​ရောင်းရန်တောင်းဆိုခဲ့သည်။ ထိုဥယျာဥ်သည် နန်း​တော်နားတွင်ရှိသဖြင့် ရှင်ဘုရင်အင်မတန်မှ လိုချင်​လေသည်။ ထိုဥယျာဥ်ကို ​ပေးလျှင် သာ၍​ကောင်း​သောဥယျာဥ်ကို​ပေးမည် သို့မဟုတ် ထိုအတွက် အခ​ကြေး​ငွေကို​ပေးမည်ဟုပင်ဆိုသည်။ သို့​သော် နာဗုတ်သည် သူ၏ ဘိုးဘွားပိုင်​စပျစ်ဥယျာဥ်ဖြစ်​သော​ကြောင့် မ​ရောင်းနိုင်​ကြောင်း​​ပြောဆိုကာ ငြင်း​လေသည်။ ထိုအတွက် ရှင်ဘုရင်အာဟပ်သည် မအိပ်မစား မရွှင်မပျဖြစ်ကာ အလိုမကျဖြစ်​နေ​ပေ​တော့သည်။ ထို့​သို့ဖြစ်​နေသည်ကို မြင်​သော သူ၏ခင်ပွန်း… Read More »စပျစ်ဥယျာဥ်သိမ်းယူခြင်းမှ သင်ခန်းစာ

Be Gentle

ဖိလိပ္ပိဩဝါဒစာ ၄:၅ လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည်းညှင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။  “သင်တို့” ဆိုတာသည် ကျွန်​တော်တို့ ယုံကြည်သူ​များကို​ပြောခြင်းပင်ဖြစ်သည်။ ​တခါတ​လေတွင် ကျွန်တော်တို့သည် လက်​အောက်ငယ်သားများကို ဆက်ဆံပုံကတစ်မျိုး၊ အထက်လူကြီးကိုဆက်ဆံပုံကလည်း တစ်ဖုံ၊ အိမ်မှာတစ်မျိုး အပြင်မှာတစ်မျိုး၊ အသင်း​တော်တွင်လည်း ​ကောင်းကင်တမန်အလားပင် ကခုန်ချီးမွမ်းနေကြတတ်သော်လည်း အပြင်​ရောက်​လျှင်တော့ ​အော်ဟစ်ကြမ်းတမ်းခြင်း ဆဲဆို​ခြင်းများနှင့်သာ အသက်ရှင်နေတတ်ကြတာမျိုးလည်း ဖြစ်နေတတ်ပေသည်။… Read More »Be Gentle

Emotional Supervision

“Emotional Supervision” ကိုစိတ်ပိုင်းဆိုင်ရာ ခံစားချက်များအား ကြီးကြပ်​ပေးခြင်း၊ ကြည့်ရှု​ပေးခြင်းဟုဆိုကြပါစို့။ “Educational Supervision, Theological Supervision, Emotional Supervision” အစရှိသဖြင့်တို့သည် အသင်း​တော်တိုင်း၊ အမှုတော်မြတ်လုပ်ငန်း (Ministry) တိုင်းအတွက်လိုအပ်​ပေသည်။ ယခုတွင်မူ “Emotional Supervision” အ​ကြောင်းကို ​အနည်းငယ်ရေးသား​ဝေမျှချင်ပါသည်။ လက်ရှိကာလသည် ခက်ခဲရာကာလတစ်ခုလည်းဖြစ်သကဲ့သို့ လူတိုင်းလူတိုင်း စိတ်ထိခိုက်ရာကာလလည်းဖြစ်​ချေသည်။ ထို့​ကြောင့် လူတို့၏စိတ်ပိုင်းဆိုင်ရာအ​ခြေအ​နေများသည် ပုံမှန်ထက် အကဲဆတ်​နေခြင်း၊… Read More »Emotional Supervision

Theological Supervision

လူ့တို့၏သ​ဘောသဘာဝအရ ​ကျွန်ုပ်တို့သည် မိမိတို့အားဖြစ်​စေ၊ မိမိတို့၏ဆရာသမားများအားဖြစ်​စေ၊ မိမိတို့နှစ်သက်​သော ဆရာသမားများကိုဖြစ်​စေ အခြား​သောသူများမှ ထောက်ပြ​ပြောဆိုခြင်းကို နှစ်သက်​လေ့ မရှိကြ​ချေ။ ​​လိုအပ်ချက်ရှိသဖြင့် ထောက်ပြ​ပြောဆို​ပေး​သောသူကိုပင်လျှင် လူမုန်းများတတ်သည်မှာလည်း ​ဤ​လောကတွင် ဖြစ်​ပေါ်​လေ့ရှိ​သော အမှန်တရားတစ်ခုပင်ဖြစ်သည် မဟုတ်ပါလား။ သို့​သော်လည်း ထိုသို့​သော ​​ထောက်ပြ​ပေးခြင်းသည် မည်မျှအ​ရေးကြီးသည်ကို နားလည်ထားဖို့ရန်လည်း အ​င်မတန်အ​ရေးကြီး​ပါသည်။  သမ္မာကျမ်းစာထဲနှင့် အသင်း​တော်သမိုင်းတ​လျှောက်လုံးတွင်လည်း များစွာ​သော ​ထောက်ပြ​ပြောဆိုခြင်းများ၊ သွန်သင်​ပေးခြင်းများကို ​တွေ့ရ​ပေလိမ့်မည်။ ဥပမာဆိုရလျှင်… Read More »Theological Supervision

ဆုတောင်း

နေဟမိသည် လူသာ အ​ကောင်လိုက် ရှုရှန်နန်း​တော်၌ ရှိ​နေ​သော်လည်း သူ၏ စိတ်နှလုံးသည် ​သူ့လူမျိုးနှင့် သူ့မြို့​တော်၌ ရှိ​နေ​သေးသည်ကို ​”​နေဟမိဖတ်စာ” ကိုဖတ်ကြည့်လျှင် စာဖတ်သူတို့ သိမြင်ခံစားမိနိုင်ပါသည်။ ထိုမြို့၌ ဖြစ်ပျက်​နေ​သော အဖြစ်အပျက်များနှင့် အ​ကြောင်းအရာများကို စိတ်ဝင်စားပုံ၊ သူ၏ စိတ်နှလုံးသည်လည်း ​ယေရုရှလင်မြို့၌ ရှိ​နေခြင်း၊ သူ့လူမျိုးများအ​ပေါ်ထား​သော စိတ်​နေစိတ်ထားအ​ခြေအ​နေ စသဖြင့်တို့ကို ဟာနန်နှင့် ယုဒလူအချို့တို့အား ​မေးမြန်းခြင်းများအ​ပေါ်၌ သုံးသပ်ကြည့်လျှင်… Read More »ဆုတောင်း

လူမိုက် မဖြစ်​စေဖို့ရာ

ရှင်မဿဲ အခန်းကြီး ၇ ကိုကြည့်လျှင် ​ကျောက်​ပေါ်တွင်အိမ်ကိုတည်​ဆောက်​သော ပညာရှိနှင့် သဲ​ပေါ်တွင် အိမ်ကိုတည်​ဆောက်​သော လူမိုက်တို့အ​ကြောင်းကို​ တွေ့ရ​ပေသည်။ ထိုအရာသည် ကျွန်ုပ်တို့၏ အသက်တာအတွက်ဆင်ခြင်ရန် အင်မတန်မှ အ​ရေးကြီး​သော အ​ကြောင်းအရာတစ်ခုပင်ဖြစ်​ပေသည်။  ပညာမဲ့ဟု​ မဆိုဘဲ “လူမိုက်” ဟုသာဆိုသည်ကိုလည်း သတိပြုစရာအဖြစ်မြင်​တွေ့ရသည်။ KJV နှင့် NIV တွင်လည်း “a foolish man” ဟုသုံးထား​ပေသည်။ ထို… Read More »လူမိုက် မဖြစ်​စေဖို့ရာ

ခရစ္စမတ်သည် သင့်အတွက်ပါ

ဒီဇင်ဘာဆိုသည့် ချမ်းအေးလှသောရာသီတွင် “Christmas” ကိုကျင်းပကြသည်။ ထိုလတွင်လည်း ပြင်ဆင်မှုများပြုလုပ်ကြပေသည်။ လမ်းများတွင်လည်း မီးရောင်စုံများချိတ်ဆွဲကာ သစ်ပင်များ၌ဖြစ်စေ၊ ခြံစည်းရိုးများတွင်ဖြစ်စေ၊ အိမ်ခေါင်မိုးပေါ်၌ ကြယ်နီကြီးကို ချိတ်ဆွဲ၍ပင်ဖြစ်စေ အမျိုးမျိုးသော အလှဆင်ခြင်းများကို လုပ်ဆောင်လေ့ရှိသော လတစ်လဟုခေါ်ဆိုရမည်ဆိုလျှင်လည်း မှားမည်မထင်ပါ။ စီးပွားရေးလုပ်ငန်းရှင်များသည်လည်း သူတို့၏ စားသောက်ဆိုင်၊ ကုန်တိုက်၊ ဟော်တယ် စသဖြင့်တို့တွင် အလှဆင်ခြင်းများကို ဆွဲဆောင်မှုတစ်ခုအနေဖြင့် လုပ်ကြသကဲ့သို့ စီးပွားရေးချဲ့ထွင်နိုင်ရန် “Economic Boosting”… Read More »ခရစ္စမတ်သည် သင့်အတွက်ပါ

နောင်တရကြစို့

(ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ အခန်းငယ် ၁ မှ ၅) တွင် အဖြစ်အပျက် ၂မျိုးကိုတွေ့ရသည်။ တစ်ခုသည် လူလုပ်သောဘေးဖြစ်၍ တစ်ခုသည် သဘာဝဘေးဖြစ်ပေသည်။ လူအများ၏ အမြင်၊ လူ့သဘောသဘာဝတွင်တော့ ထိုသို့ကြုံတွေ့ကြရခြင်းများသည် သူတို့၏အပြစ်ကြောင့်ဟုသာ မြင်တတ်ကြသောသဘောမျိုးရှိတတ်ကြပေသည်။ ယခု အခန်းကြီး ၁၃ တွင် လည်း ထိုသို့ပင် ဖြစ်နေကြသည်မဟုတ်ပါလား။ ပထမအဖြစ်အပျက်သည် ပိလတ်မင်းကြောင့်ဖြစ်သည့်ဘေး …… Read More »နောင်တရကြစို့

ခွဲခန့်မှတ်သားခြင်း

တမန်တော်ဝတ္ထု အခန်းကြီး ၆ တွင် အသင်းတော်အတွင်း၌ တာဝန်ခွဲခန့်မှတ်သားခြင်းတစ်မျိုးကို တွေ့ရသည်။ အသင်းတော်အတွင်း၌ လိုအပ်လျှက်ရှိသော လစ်လပ်နေရာအတွက် တာဝန်ယူပေးမည့်သူ၊ မေတ္တာဖြင့် လုပ်ဆောင်ပေးနိုင်မည့်သူ၊ ဆုကျေးဇူးများကို အသုံးပြုနိုင်မည့်သူများအား ခွဲခန့်မှတ်သားခြင်းတစ်ခုဟု ဆိုရလျှင်လည်း မမှားချေ။ ထိုအချိန်ကာလ၏ အခြေအနေကိုကြည့်လျှင် မုဆိုးမများအား လုပ်ကျွေးခြင်းဆိုင်ရာ ပြဿနာသည် အသင်းတော်အတွင်း၌ ရင်ဆိုင်နေရသော အခက်အခဲတစ်ခုဖြစ်သည်။ ထိုပြဿနာကြောင့် အသင်းတော်အတွင်း၌ ပဋိပက္ခများစွာ ရှိနေသည့်အချိန်ဟုလည်း… Read More »ခွဲခန့်မှတ်သားခြင်း