Skip to content

Titus Kyaw Nyi

နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၄

ခရစ်ယာန်ဖြစ်ခြင်းကြောင့် တူဘဝမှ ပေဘဝပြောင်းသွားသူ၊ ခရစ်တော်နောက်သို့လိုက်ခြင်းကြောင့် ကောင်းစားခြင်းနှင့် အခွင့်အာဏာရှိခြင်းတို့အား လက်လွှတ်ဆုံးရှုံးခဲ့ရသူ ရှင်ပေါလုသည်ပင် နက်လွန်းသော ဒဏ်ရာများစွာရှိသည်။ (Violence) အကြမ်းဖက်ခြင်းဟုပင် ဆိုအပ်သော သူတပါးပြုသည့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းများစွာကို ခံစားရခြင်း၊ (Natural Disaster) သဘာဝဘေးအန္တရာယ်များဖြစ်သော ပင်လယ်ထဲ၌နေရခြင်း၊ မြစ်ကူးသောဘေး၊ ပင်လယ်ဘေး၊ တော၌ ကြုံရသောဘေးများသည် သဘာဝဘေးအန္တာရာယ်များကြောင့် ခံစားရတတ်သော စိတ်ဒဏ်ရာများ (Natural Disaster… Read More »နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၄

နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၃

ဒါဝိဒ် ဟုဆိုလိုက်လျှင် လူတိုင်း အားကျရသည့် မင်းသားကြီးကိုသာ မြင်မိကြသည်။ သို့သော် သူ၏ ဖြတ်သန်းခဲ့ရာ ဘဝကိုတော့ရုတ်တရက်သတိမထားမိကြသည်မှာ အမှန်ပင်ဖြစ်သည်။ ရှမွေလ ဘိသိက်ပေးရန်လာသည့် အချိန်၌တွင်ပင် မိသားစုမှ သားများအားလုံးကို အတူစုစည်းခေါ်ယူထားရမည့်အစား ဒါဝိဒ်အား လစ်လျူရှုကာ သိုးကျောင်းရန်စေလွှတ်ထားခြင်း၊ ထိုသို့ မိသားစုများအကြား ဘိသိက်ကိစ္စသည် သူနှင့်မဆိုင်သဖြင့် ဘောင်မဝင်ခဲ့သူဟု ယူဆမိကာ ဒါဝိဒ်၏ စိတ်ထဲ၌ ဝမ်းနည်းနေမည်လားဟုပင် မိမိ၌တွေးစရာတစ်ခု… Read More »နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၃

နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၂

ယောသပ်သည်လည်း စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ နာကျင်ခဲ့ရသူဖြစ်သည်။ အမျိုးအရင်းကြီးပါဟုဆိုရသူ ညီအကိုများ၏ (Jealousy) မနာလိုခြင်းကို ခံရသူ၊ လှည့်စားခြင်းကိုခံရသူသာမက ရောင်းစားခြင်းကိုပင် ခံစားခဲ့ရသူ၊ တနည်းဆိုရသော် ညီအကိုများ၏ (Betrayed) သစ္စာဖောက်ခြင်းကို ခံစားခဲ့ရသူဖြစ်သည်။ သူ၏ ဒဏ်ရာသည်လည်း ပေါ့သေးသေးမဟုတ်ပါ။ ကျွန်အဖြစ်ရောင်းစားခံရခြင်းကြောင့် ဘဝကို ပင်ပန်းစွာဖြတ်သန်းခဲ့ရသူ။ ယောသပ်ခဗျာ နေ့ခင်းဘက်အလုပ်လုပ်ချိန်၌ နွေးထွေးမှုရှိသော မိမိအိမ်ကို မည်မျှလွမ်းကာ ညဘက်အိပ်ချိန်၌လည်း မည်မျှ… Read More »နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၂

နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၁

ဒဏ်ရာ၊ နာကျင်ခြင်း … လို့ဆိုလိုက်တိုင်းတွင် အပေါ်ယံရှပ်ဒဏ်ရာလား အတွင်းပိုင်းထိ နက်သော ဒဏ်ရာများလားဟု ဒဏ်ရာ၏ အတိမ်အနက်ကိုလည်း တွေးမိတတ်ကြမည်။ သို့သော် ရင်ဘတ်ထဲမှ ဒဏ်ရာကိုတော့ ရင်ဘတ်ကြီးနှင့်သာ မြင်အောင်ကြည့်မှ ရမည်ထင်ပါသည်။ လူတိုင်းလူတိုင်းတွင် ရင်ဘတ်ထဲမှဒဏ်ရာသည် အနည်းဆုံး တစ်ခုလောက်တော့ရှိတတ်ကြသည်။ မိမိကိုယ်တိုင် သိရှိ လက်ခံထားသော ဒဏ်ရာ၊ မိမိကိုယ်တိုင်ပင် မသိသော (Unconsciously) ဒဏ်ရာ သို့မဟုတ်… Read More »နာကျင်မှုများအား ရင်ဆိုင်ရခြင်း – ၁

ပဋိပက္ခ – ၂၆

တစ်ဦးနှင့်တစ်ဦး စိတ်သဘောထား မတိုင်ဆိုင်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အလိုမတူခြင်း၊ အဆင်မပြေ ၊ အဆင်မသင့်ခြင်းများသည် လူတိုင်း၊ နေရာတိုင်း၊ လုပ်ငန်းခွင်၌ဖြစ်စေ၊ မိသားစု၌ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေရှိကြစမြဲပင် … ထိုအဆင်မပြေ အလိုမကျ၊ သဘောထား မတိုက်ဆိုင်ခြင်းများကြောင့် တစ်ယောက်နှင့်တစ်ယောက် ရန်သူဖြစ်သွားကြခြင်း၊ မိသားစုအချင်းချင်း မုန်းသွားကြခြင်း၊ လုပ်ငန်းခွင်၌ ထိခိုက်ဆုံးရှုံးရခြင်းတို့နှင့် အသင်းတော်ပြိုကွဲရခြင်း၊ နှစ်ခြမ်းသုံးခြမ်းကွဲရခြင်းတို့သည် ဤပဋိပက္ခတစ်ခုမှပင် အစပြုလေ့ရှိသည်။ ထိုပဋိပက္ခကြီးတစ်ခုကို သင်နှင့်ကျွန်ုပ်တို့သာမက… Read More »ပဋိပက္ခ – ၂၆

ပဋိပက္ခ – ၂၅

ကိုမျိုးကြီး၏ “3AM” သီချင်းအား နားထောင်တိုင်း နားထောင်တိုင်းတွင် စာသားတစ်ခုကို အမြဲတမ်းလိုလို မတင်မကျနှင့် နားမလည်သလိုလို နားလည်သလိုလိုနှင့်သာ နားထောင်ခဲ့သည်မှာ အကြိမ်ကြိမ် … “တမှေးမှ မရတဲ့ ငါ့ရဲ့ညတွေ ကုန်လွန်ခဲ့ပြီ” ဆိုသော နေရာရောက်တိုင်းရောက်တိုင်း “မိန်းမမရတဲ့ ငါ့ရဲ့ညတွေ ကုန်လွန်ခဲ့ပြီ” လို့သာကြားကြားမိခဲ့လေရဲ့ … ဒီနေ့ အဲဒီနေရာအရောက်မှာတော့ သေချာလေးသတိထားနားထောင်မိကာမှ စာသားအမှန်ကို သိခဲ့ရလေသည်။ ဤသို့… Read More »ပဋိပက္ခ – ၂၅

အသက်ရှိသ၍

ရက်လနှစ်များ တရွေ့ရွေ့ပြောင်းလဲလာခဲ့သည်ဖြစ်သော်လည်း ကျွန်တော် ကျွန်မ အယောက်စီတိုင်း၏ စိတ်နှလုံးသားထဲတွင် တစ်ခုခုအလိုမကျသည့် စိတ်၊ မျှော်လင့်ချက် ပျောက်ဆုံးနေသည့် ခံစားချက်၊ ဆုံးရှုံးခြင်း နာကျင်ခြင်း ငိုကြွေးခြင်းထဲ၌ တဝဲဝဲလည်နေသည့် အခြေအနေများသည် မျှော်လင့်စရာကိုပင် မမျှော်လင့်ရဲလောက်အောင်ကို ရက်ဟောင်း လဟောင်း နှစ်ဟောင်းနှင့်အတူတူ မြေမြုပ်ပစ်ချင်စရာများဖြစ်နေပြီလား …မျှော်လင့်ခြင်းများသည် ဖင့်နွဲ့ကာ တရွေ့ရွေ့နှင့်သာ မှေးမှိန်လာကာ “ငါ မျှော်လင့်ခဲ့ဖူးပါလား၊ တော်ပါပြီ မထူးတော့ဘူး”… Read More »အသက်ရှိသ၍

UNBREAKABLE PRAISE

၁၃၈ ခုမြောက်သောဆာလံသည် ချီးမွမ်းခြင်းဆာလံတစ်မျိုးဖြစ်သည်။ “Individual hymn, Thanksgiving song” ဟုနားလည်ရသကဲ့သို့ ဒါဝိဒ်ကြီးစပ်ဆိုသည်ဟု သိရပါသည်။ ဤဆာလံ၏ Theme သည် “ဆုတောင်းခြင်း၏ အဖြေများအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းမျိုး” ပင် … ထို့ကြောင့် ဒါဝိဒ်၏ ခက်ခဲမှုများ၊ နာကျင်ခဲ့ရမှုများ၊ ငိုကြွေးခဲ့ခြင်းများ၏ အဖြေအတွက် ချီးမွမ်းခြင်းမျိုးလော … သို့တည်းမဟုတ် သူ့ဘဝ၏ အခြေအနေအရပ်ရပ်တို့အား ပြန်လည်သုံးသပ်… Read More »UNBREAKABLE PRAISE

ဘုရားသခင်ပင်ဖြစ်သည်

ရံဖန်ရံခါတွင် အမှုတော်မြတ်၌ ပါဝင်လှုပ်ရှားကြရင်းသော်လည်းကောင်း ဧဝံဂေလိသတင်းကောင်း ဝေမျှရင်းဖြင့်သော်လည်းကောင်း ကျွန်တော်တို့၏ စိတ်နှလုံးထဲ၌ ပူပန်ခြင်းနှင့် စိုးရိမ်မှုများ အလှည့်ကျ ခိုအောင်းလေ့ရှိကြသည်။ (၁) လုပ်ဆောင်တာ အဆင်မှပြေရဲ့လား။ (၂) ကြားတဲ့သူတွေ နားလည်ပါ့မလား။ (၃) အရာမှထင်ရဲ့လား။ (၄) ရည်ရွယ်ထားသလောက် ထိရောက်ပါရဲ့လား။ … စသဖြင့် စိုးရိမ်မှုများသည် အနည်းနှင့်အများတော့ ရှိနေတတ်ကြသည် မဟုတ်ပါလား … တစ်ခါတစ်ခါတွင်လည်း… Read More »ဘုရားသခင်ပင်ဖြစ်သည်